ဒါဖတ်ပြီးရင် ညဘက်မှာ စမတ်ဖုန်းသုံးတဲ့အကျင့်ကို ပြင်လိုက်ပါတော့

အိပ်ရာဝင်တော့မယ်ဆို မအိပ်နိုင်သေးဘူး။ ဖုန်းလေးကို ဟိုပွတ် ဒီပွတ်နဲ့ ကြည့်လိုက်ရမှ လူတွေလည်းနေသာ ထိုင်သာရှိလာကြတယ်။ ဂိမ်းလေး ဆော့လိုက်ပါဦးမယ်။ ဖေ့စ်ဘွတ်လေး သုံးလိုက်ပါဦးမယ်နဲ့ ညအမှောင်မှာ ဖုန်းကြည့်ခဲ့တဲ့ရက်တွေ မနည်းတော့ပါဘူး။ စမတ်ဖုန်းဟာ ကိုယ်တွေနေ့စဉ်ဘဝကို ဘယ်လောက်ထိ ဒုက္ခပေးနိုင်လည်းဆိုတာ သုတေသီများက ရှင်းပြခဲ့ပါတယ်။

စမတ်ဖုန်းက ဓာတ်ရောင်ခြည်တွေဟာ အဓိကပြဿနာတစ်ခုဆိုတာ လူတိုင်းသိမှာပါ။ စိုးရိမ်စရာဟာဒီတစ်ခုတည်းမဟုတ်ပါဘူး။ စမတ်ဖုန်းကထွက်လာရင် အပြာရောင် ဓာတ်ရောင်ခြည်ဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

အပြာရောင် ဓာတ်ရောင်ခြည်ဟာ Full Light Spectrum ရဲ့အစိတ်အပိုင်းတစ်ဖြစ်ပြီး ကျွန်တော်တို့နေ့စဉ်ထိတွေ့နေရတဲ့ နေရောင်ခြည်လိုပါပဲ။ ညအချိန် မှောင်နေတဲ့အခါ ဒီရောင်ခြည်ကို မျက်လုံးက အကြာကြီးစိုက်ကြည့်နေရင် အာရုံကြော ပျက်စီးသွားပါလိမ့်မယ်။ ဒီရောင်ခြည်ကြောင့် မျက်လုံးက ကြောင်ပြီး အိပ်မရတော့တဲ့ အခြေအနေတွေဖြစ်ကြရတာပါ။ ညတိုင်း ဆက်တိုက် စမတ်ဖုန်းကိုအသုံးပြုမယ်ဆိုရင် ဒီပြဿနာသုံးခုနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။

မျက်လုံး
ခုနကပြောသွားတဲ့အတိုင်း မျက်လုံးအပေါ် ဒီရောင်ခြည်တွေက တိုက်ရိုက်ထိရောက်နေတာဆိုတော့ အနှေးနဲ့ အမြန်ပျက်စီးလာမှာပါပဲ။ မျက်ကြည်လွှာနဲ့ Macular degeneration တွေ ထိခိုက်လာမှာပါ။ Macular degeneration ထိခိုက်လာရင် အမြင်အာရုံတွေ လျော့နည်းလာပြီး ဘာဆိုဘာမှ မြင်ရတော့မှာမဟုတ်ပါဘူး။

အိပ်ရေးပျက်ခြင်း


စမတ်ဖုန်းရဲ့ ဓာတ်ရောင်ခြည်က melatonin ဆိုတဲ့ ဟော်မုန်းကို ဖြစ်စေပါတယ်။ ဒီိဟော်မုန်းဟာ
ခန္ဓာကိုယ်ရဲ့ sleeping cycle နဲ့ဆက်စပ်နေပါတယ်။ ဒါဆို မင်းရဲ့အိပ်ချင်စိတ်ဟာ ဖုန်းသုံးလေ ပိုလျော့နည်းလာလေ ဖြစ်လာမယ်။ အိပ်မရလို့ ဖုံးသုံးမယ်ဆိုတဲ့ အိုင်ဒီယာကို မထောက်ခံပါဘူး။ အိပ်မပျော်ရင် စာဖတ်ပါ။ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်စေပါလိမ့်မယ်။ အိပ်ရေးပျက်မယ်ဆိုရင် နောက်ဆက်တွဲဆိုးကျိုးတွေကို စာဖတ်သူတို့လည်း သိမှာပါ။ အလေးချိန်တက်မယ်။ အသားရေမလှတော့ဘူး။ စိတ်ဖိစီးမှုနဲ့ အလိုမကျတာတွေများ ၊ မှတ်ဥာဏ်အားတွေ လျော့နည်းလာပါလိမ့်မယ်။

ကင်ဆာဖြစ်နိုင်ချေများ
အိပ်မရတဲ့ပြဿနာဖြစ်နေပြီဆိုရင် ကင်ဆာဖြစ်နိုင်ချေပါ ဆက်စပ်မှုရှိတယ်လို့ သိရပါတယ်။ အဓိက
ရင်သားကင်ဆာနဲ့ ပရော့စတိတ် ကင်ဆာအဖြစ်များဆုံးပါ။ ဖုန်းရဲ့ ဓာတ်ရောင်ခြည်ကြောင့် ခန္ဓာကိုယ်ကနေကင်ဆာကို တိုက်ဖျက်ဖို့ အားနည်းနေပါလိမ့်မယ်။ ကျန်းမာရေးအတွက် ပြဿနာရှိနိုင်တာ သိကြပေမယ့်လည်း လူအများစုကတော့ အိပ်ရာမဝင်ခင် ဖုန်းသုံးနေကြတုန်းပါပဲ။ ဒီလိုအကျင့်မျိုး နေ့တိုင်းနီးပါးလုပ်ပြီးတစ်နှစ်လောက်ဆိုရင် မင်းကျန်းမာရေးအခြေအနေကို ပြန်လည်သုံးသပ်ကြည့်လိုက်ပါ။

1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.