အနမ်းနဲ့ပတ်သက်လို့ ဒီလိုထူးခြားချက်တွေယူတို့မသိသေးဘူးမဟုတ်လား 💋
*ဦးနှောက်ဥာဏ်ကိုပိုပြီးကွန့်မြူးလာစေတယ် 🤭
ဒါတွေကတော့ အနမ်းနဲ့ပတ်သက်လို့ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေပါပဲ 😉💋
Unicode
Butler University က John Bohannon ရဲ ့လေ့လာတွေ့ရှိချက်အရ လူအယောက် ၅၀၀ မှာ အများစုက ပထမဆုံးအနမ်းနဲ့ပတ်သက်လို့၉ဝရာခိုင်နှုန်းနီးပါးအသေးစိတ်ကိုမှတ်မိကြပါတယ်တဲ့။နောက်ထပ် လေ့လာဆန်းစစ်ချက်တွေအရ အနမ်းနဲ့ပတ်သက်လို့ ကျန်းမာရေးအကျိုးကျေးဇူးတွေ၊ထူးခြားချက်တွေကိုလည်းတွေ့ရှိခဲ့ရပါသေးတယ်။ဘာတွေလဲဆိုတော့…
*နမ်းခြင်းက ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးပါတယ်တဲ့ 😮
Netherlands Organisation ရဲ ့လေ့လာဆန်းစစ်ချက်အရ ၁ဝစက္ကန့်လောက်နမ်းရုံနဲ့ သင်တို့နှစ်ယောက်ကို ဘတ်တီးရီးယားသန်း၈ဝနီးပါးကူးစက်ပျံ့နှံ့စေပါတယ်တဲ့။လန့်သွားလား 😝မလန့်ပါနဲ့ ဆက်ဖတ်ကြည့်ပါဦး။
ဒီလိုဘတ်တီးရီးယားတွေအပြန်အလှန်ကူးစက်သွားတာက ခန္ဓာကိုယ်ထဲကနေဒီပိုးမွှားတွေကိုတိုက်ထုတ်ပစ်ဖို့ စွမ်းအင်တွေရရှိလာစေပါတယ်။ခန္ဓာကိုယ်ထဲကဆဲလ်တွေ၊ဘတ်တီးရီးယားတိုက်ထုတ်တဲ့ဆဲလ်တွေအလုပ်လုပ်လာတာကြောင့် ကိုယ်ခံစွမ်းအားတွေကိုပိုပြီးကောင်းမွန်လာစေတာလို့ပြန်ပြီးရှင်းပြထားပါတယ်။ဒါပေမဲ့ ကိုယ့်ရဲ့လက်တွဲဖော်က ခံတွင်းနံ့အရမ်းဆိုးနေရင်တော့ သူ့ရဲ့ကျန်းမာရေးကိုအရင်ဆုံးစစ်ဆေးသင့်ပါတယ်။
*အရှည်ကြာဆုံးအနမ်းဆိုပြီး ဂရင်းနစ်စံချိန်တင်ခဲ့တာတောင်ရှိပါသေးတယ် 😉
၂၀၁၃ခုနှစ်တုန်းက ထိုင်းကစုံတွဲတစ်တွဲဟာ ၅၈နာရီ ၃၅မိနစ် ၅၈စက္ကန့်ကြာအောင် နမ်းခဲ့ပြီး ဒေါ်လာ ၉၀၀၀ နဲ့ဆုတွေများစွာပိုင်ဆိုင်ရရှိသွားခဲ့ပါတယ်။
*သမိုင်းတစ်လျှောက် ပထမဆုံးအနမ်းဇာတ်ဝင်ခန်း 🤔
၁၈၉၆ခုနှစ်ကရိုက်ကူးခဲ့တဲ့ The Kiss ဇာတ်လမ်းတိုမှာ May Irwin နဲ့ John Rice တို့ပါဝင်ခဲ့ပြီး အဲ့ဒီဇာတ်လမ်းတိုမှာပါဝင်ခဲ့တဲ့ အနမ်းဇာတ်ဝင်ခန်းဟာ သမိုင်းတစ်လျှောက်ရုပ်ရှင်ဇာတ်ကားတွေထဲမှာပါဝင်ခဲ့တဲ့ပထမဆုံးအနမ်းလည်းဖြစ်ပါတယ်။
*ဦးနှောက်ဉာဏ်ကိုပိုပြီးကွန့်မြူးလာစေတယ် 🤭
လေ့လာချက်တွေအရ နမ်းခြင်းနဲ့ပတ်သက်လို့ အဓိကအကျိုးကျေးဇူးရရှိတာကတော့ oxytocin နဲ့ dopamine ဟော်မုန်းရရှိတာပါပဲလို့ပြောထားပါတယ်။oxytocin ဟော်မုန်းဟာ အမေတွေကလေးကိုပြုစုတဲ့အခါ၊ပွေ့ဖက်တဲ့အခါ ဖြစ်ပေါ်လာတဲ့ဟော်မုန်းတစ်မျိုးပါ။အဲ့ဒါက တစ်ယောက်နဲ့တစ်ယောက်ပိုုပြီးနီးကပ်ရင်းနှီးသွားစေသလိုခံစားရစေပါတယ်။Dopamine ကလည်း ကောင်းမွန်တဲ့ဟော်မုန်းတစ်မျိုးပါပဲ။စိတ်ကြည်နူးပျော်ရွှင်စေပြီး အိပ်တဲ့အခါမှာလည်းပိုမိုနှစ်ခြိုက်စွာအိပ်ပျော်စေသလို ဆုံးဖြတ်ချတွေချတဲ့အခါ၊တီထွင်ဖန်တီးမှုတွေလုပ်တဲ့အခါ ပိုပြီးဉာဏ်ကွန့်မြူးလာစေပါတယ်တဲ့။
*သွေးဖိအားနဲ့ကိုလက်စထရောကို ကျစေတယ် 😉
နာမည်ကျော်စာရေးဆရာ Andréa Demirjian က တစ်ယောက်နဲ့တစ်ယောက်ချစ်မြတ်နိုးစွာနမ်းတာဟာ နှလုံးခုန်နှုန်းကိုပိုမိုကောင်းမွန်စေပြီးသွေးဖိအားကိုလျော့ကျစေပါတယ်။သွေးကြောတွေကိုကျယ်လာစေပြီး သွေးစီးဆင်းမှုကလည်းပိုပြီးကောင်းမွန်လာတယ်လို့ပြောထားပါတယ်။
*နမ်းတဲ့အခါ ကြွက်သားတွေဘယ်လောက်လှုပ်ရှားရလဲသိရင်အံ့သြသွားမယ် 🤔
နမ်းတဲ့အခါ တစ်မိနစ်ကို ၂၆ကယ်လိုရီလောင်ကျွမ်းတယ်လို့ကြားဖူးမှာပါ။ဘာလို့အဲ့လိုဖြစ်ရတာလဲဆိုရင်တစ်ယောက်နဲ့တစ်ယောက်နမ်းတဲ့အခါမျက်နှာက ကြွက်သား ၃၀ လှုပ်ရှားရပြီး ခန္ဓာကိုယ်တစ်ဝိုက်က ကြွက်သား ၁၁၂ ခုလှုပ်ရှားရလို့ပါလို့ American Journal of Medicine blog ကနေ
ဖော်ပြခဲ့ပါတယ်။ပြီးတော့ ဒီလိုနမ်းခြင်းဟာ အရေးအကြောင်းတွေကိုပါလျော့ကျစေပြီး လည်ပင်းနဲ့မေးရိုးကကြွက်သားတွေကိုသန်မာစေပါတယ်။မျက်နှာကသွေးလည်ပတ်မှုတွေကိုလည်း ကောင်းမွန််စေပါတယ်တဲ့။
*စိတ်ဖိစီးမှုကိုလျှော့ချပေးတယ် 😮
American Institute of Stress ရဲ ့လေ့လာချက်အရ နမ်းခြင်းဟာ စိတ်ဖိစီးမှုတွေလျှော့ချပေးတဲ့အပြင် ကိုလက်စထရောကိုပါလျော့ကျစေတာကိုတွေ့ရှိခဲ့ရပါတယ်။ဒါ့အပြင် ထိုစုံတွဲတွေရဲ့ အချစ်ရေးကလည်းပိုပြီးခိုင်မြဲလာတာတွေ့ခဲ့ရပါတယ်တဲ့။လေ့လာသူပညာရှင်တွေက ကိုယ့်ရဲ့လက်တွဲဖော်နဲ့အတူရှိနေတဲ့အချိန်ဆို စိတ်ချမ်းသာသလို ပျော်လည်းပျော်ရွှင်တဲ့အတွက် အဲ့ဒီကတည်းကစိတ်ဖိစီးမှုဆိုတာအနည်းငယ်လျော့ကျနေပါပြီ။နမ်းလိုက်တဲ့အခါမှာ ခန္ဓာကိုယ်ရဲ့ အလိုအလျောက်တုံ့ပြန်လှုပ်ရှားမှုတွေကြောင့် စိတ်ဖိစီးမှုကို ပိုပြီးလျော့ကျသွားတာဖြစ်တယ်လို့ရှင်းပြထားပါတယ်။
ဒါတွေကတော့ အနမ်းနဲ့ပတ်သက်လို့ကျန်းမာရေးဆိုင်ရာအကျိုုးကျေးဇူးတွေပါပဲ 😉💋
156 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.