ချစ်တယ်ဆိုပင်မဲ့ ချစ်ကြောင်းကုန်စင်ထုတ်မပြတတ်ရင်လည်း သဲထဲရေသွန်ဖြစ်သွားနိုင်ပါတယ်…😐😐
ဝန်မလေးပါနဲ့…
Unicode
ကိုယ့်ဘက်ကချစ်ရသလောက်ကိုယ့်အချစ်ကို သူကအသိမှတ်မပြုအလေးမထားပါလားလို့တစ်ဖက်သားကိုအပြစ်မတင်ခင်လုပ်သင့်တာကသင်ကိုယ်တိုင်ရောသူ့
အတွက်ကို်ယ့်အချစ်တွေကို ချစ်ကြောင်းသေသေချာချာထုတ်ပြမိခဲ့ရဲ့လားစဉ်းစားပါ။ တစ်ချို့တွေကလူတစ်ယောက်ကို ချစ်သာချစ်တတ်ကြတာ ချစ်ကြောင်းကိုဘယ်လိုသိအောင်
လုပ်ပြရမလဲဆိုတာမသိကြပါဘူး။ တစ်ချို့ကပင်ကိုဗီဇ သွေးအေးတာမျိုး၊ တစ်ချို့ကအနေအေးလို့ချမပြတတ်တာမျိုး၊ တစ်ချို့ကတော့မာနရှေ့ထားရင်း သူများနောက်ပါသွားမှမျက်ရည်စက်လက်နဲ့ကျန်ရစ်
ဖြစ်တတ်ကြပါတယ်။ ဆိုတော့ သူ့ဘက်ကဘယ်လိုတုန့်ပြန်ပြန် Never Mind လို့တွေးထားပါ…အငြင်းခံရမှာတွေ အပြောခံရမှာတွေထက်အရေးကြီးတာက ကိုယ်သူ့အပေါ်ဘယ်လောက်မြတ်နိုးမှန်းသူသိဖို့ပါပဲ။
ချစ်သူရှိပြီးသားဖြစ်ပင်မဲ့ ကိုယ့်ချစ်သူအပေါ်မချစ်တတ်တဲ့သူတွေအဖို့ကလည်း ကိုယ်ဘယ်လောက်ချစ်ကြောင်းမကြာခဏပြောပြောပြဖို့ကို ဝန်မလေးပါနဲ့…အေးစက်သွားတဲ့အချစ်ရေးဖြစ်ကာမှနောင်တရနေမှာထက်စာရင်
ဘာမှဝန်လေးစရာမလိုတဲ့ ချစ်ကြောင်းကိုပြပေးပါ။ တစ်ဖက်ကဘာပြန်လာမလဲဆိုတာမျိုးကို တွက်ချက်ပြီး ကပ်သပ်နေတာမျိုးထက် ကိုယ့်ဘက်က ဘာလောက်အထိ ချပြနိုင်သလဲ ချပြနိုင်သလောက်တစ်ဖက်လူကိုယ့်တန်ဖိုးကို
နားလည်အောင်ချပြတတ်ဖို့ပဲလိုပါတယ်။ ဆိုတော့ ကိုယ့်ရဲ့တန်ဖိုးရှိလှတဲ့ချစ်ခြင်းမေတ္တာတွေသဲထဲရေသွန်မဖြစ်စေဖို့ ချစ်ကြောင်းကိုတစ်ဖက်လူနားလည်အောင်ထုတ်ပြဖို့
ဝန်မလေးပါနဲ့…
374 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.