အဖွဲ့ထဲမှာ ပွတ်တိုက်မှုတွေရှိခဲ့ကြောင်း ပြောပြလာတဲ့ Bigbang အဖွဲ့ဝင် Seungri

Akdong Musician’s Suhyun ရဲ့ ရေဒီယိုအစီစဉ် Volume Up မှာ ပထမဆုံး ဖိတ်ကြားခံရတဲ့ ဧည့်သည်ကတော့ Seungri ပဲဖြစ်ပါတယ်။လတ်တလောမှာတော့ သူ့ရဲ့အယ်ဘမ်အတွက် ပြင်ဆင်နေပါတယ်။

အဖွဲ့ထဲမှာ ပရိတ်သတ်တွေ မသိခဲ့တဲ့ ပွတ်တိုက်မှုတွေရှိခဲ့ကြောင်း Seungri ကပြောပြလာပါတယ်။
တစ်ယောက်ပြီး တစ်ယောက် အသီးသီး စစ်မှုထမ်းနေချိန်မှာ သူတို့လေးယောက်ရဲ့ ပျော်စရာဆိုတာလည်းမရှိသလောက်ဖြစ်လာခဲ့တယ်။ ပရိတ်သတ်တွေ သတိမထားမိအောင်လည်း သူတို့အကောင်းဆုံး နေထိုင်ပြခဲ့ကြပါတယ်။

၁၃နှစ်ကြာပြီးနောက်မှာ BIGBANG အဖွဲ့ကို အကောင်းဆုံး teamwork အနေနဲ့ ပြန်တွေ့ရမယ်လို့ ပရိတ်သတ်တွေ မျှော်လင့်ထားခဲ့ပေမယ့်လည်း Seungri ကတော့ သူတို့အဖွဲ့ဟာ ထင်ထားသလောက် ဖြစ်လာမှာမဟုတ်ဘူးလို့ ပြောသွားပါတယ်။

Related image

ဒီအကြောင်းကို သူတို့အဖွဲ့ဝင် အချင်းချင်းကလွဲရင် ဘယ်သူမှမသိပါဘူး။ ဒါကို Seungri ဘာလို့ဖွင့်ဟသွားလဲဆိုတာတော့ သေချာမပြောပြခဲ့ပါဘူး။ Taeyang ကတော့ဒီကိစ္စနဲ့ပတ်သတ်ပြီး သူ့မှာ မကောင်းတဲ့ခံစားချက်မရှိပါဘူး။ ဘာမှမဖြစ်ခဲ့သလိုပဲ နေနေခဲ့ကြတယ် လို့ Seungriက ရေဒီယိုအစီစဉ်မှာပြောသွားခဲ့ပါတယ်။

329 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.