တစ်ချို့ရည်စားများရခြင်းရဲ့နောက်ကွယ်မှာ နာကျင်မှုတွေတစ်ပွေ့တစ်ပိုက်ကြီးနဲ့ဆိုတာယူတို့နားလည်နိုင်ပါစေ…😥
Unicode
ဒီမှာကျွန်တော်ရည်ညွှန်းချင်တဲ့ ရည်စားများတယ်ဆိုတာ တစ်ယောက်နဲ့တွဲနေတုန်းတစ်ယောက်ထပ်ထားတာမျိုးမဟုတ်ပါဘူး။ (ဒါကဖောက်ပြန်တာ စာရိတ္တပိုင်းဆိုင်ရာ ညံ့ဖျင်းသိမ်ငယ်တာမျိုး)
ဖြစ်သွားပါပြီ။ ဆိုလိုချင်တဲ့ရည်းစားများတယ်ဆိုတာ တစ်သတ်မှာတစ်ယောက်တည်းချစ်ပြီးအဲ့တစ်ယောက်နဲ့ပဲလက်ထက်လိုက်ရတာမျိုးမဟုတ်ပဲ လူမမြဲတာမျိုးပါ။ ဒီလိုလူမျိုးတွေကို တွေ့တဲ့အခါတစ်ချို့တွေထင်လိုက်တာက
“အမလေး သူပဲအပြောင်းလဲနိုင်လွန်းတယ်ပေါ့…တစ်ယောက်ဆိုတစ်ယောက်ချစ်တတ်တဲ့စိတ်မရှိဘူးပေါ့…ဘာညာကွိကွနဲ့ဝေဖန်တတ်ကြပါတယ်။ တကယ်တော့အချစ်ရေးနဲ့ပတ်သတ်ရင်သူတစ်ပါးအခြေနေကို မကဲ့ရဲ့တာအကောင်းဆုံးပါပဲ…ဘာလို့လဲဆိုတော့ချစ်ခြင်းမေတ္တာ တွေ သံယောဇဉ်တွေဆိုတာသင်တို့သိထားထက်ပိုတာတွေရှိသေးလို့ပါ။တစ်ယောက်နဲ့ပြတ်လို့နောက်တစ်ယောက်တွဲလိုက်တဲ့သူတိုင်းဟာ စိတ်အေးလွန်းပြီးအပြောင်းလဲမြန်လွန်းတဲ့ လူရှုပ်လူပွေတွေမဟုတ်ပါဘူး၊ အသည်းနှလုံးမပါတဲ့ အချစ်ပေါနေတဲ့ လူမျိုးတွေချည်းပဲလည်းမဟုတ်ပါဘူး။တစ်စုံတစ်ယောက်ကြောင့်(သို့) တစ်စုံတစ်ခုသောအရာတွေကြောင့်သူတို့ရင်ထဲမှာပူလောင်နာကျင်တာတွေရှိကောင်းရှိနေနိုင်မှာပါ၊ အရင်တစ်ယောက်ကို လုံးဝရက်စက်ပြီးထားခဲ့နောက်တစ်ယောက်တွဲတာမျိုးမဟုတ်ပဲ အရင်တစ်ယောက်ရဲ့သစ္စာဖောက်ခြင်း စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတွေကိုငတ်မွန်းခဲ့ရတဲ့
သနားစရာလူသားတစ်ယောက်လည်းဖြစ်နိုင်ပါတယ်။ အမျိုးမျိုးသောအကြောင်းကြောင်းတွေကြောင့် သူ့ဘဝမှာသူ့ဘာသာသူ လက်ရှိအချစ်တစ်ခုကိုလူတစ်ယောက်နဲ့တည်ဆောက်နေတာကို သစ္စာမရှိဘူး၊ အပြောင်းလဲမြန်တယ်၊ အချစ်တွေများပေါလှချည်လား၊ ရည်းစားများချက်ပဲ ၊ မျက်နှာ
များလိုက်တာ….သို့လောသို့လောအစရှိတဲ့ဝေဖန်မှုတွေနဲ့အရင်မတိုက်ခိုက်ပါနဲ့…သူ့ရဲ့ရင်ထဲမှာ ဘယ်လိုနာကျင်ခံစားမှုတွေ ဒဏ်ရာအနာတရတွေရှိနေသလဲဆိုတာသင်တို့သေချာမှမသိနိုင်ပဲ။ ဒါကြောင့်ကျွန်တော်ပြောချင်တာက တစ်ယောက်နဲ့ပြတ်သွားလို့တစ်ယောက်ပြောင်းတွဲတိုင်းရည်းစားများပွေရှုပ်တဲ့သူတွေလို့အရင်မကဲ့ရဲ့မိပါစေနဲ့..ဘယ်လိုလူမျိုးပဲဖြစ်ဖြစ်ရင်ထဲမှာ ဒဏ်ရာအနာတရတစ်ချို့တော့ရှိခဲ့ကြမှာပါ…
454 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.