ခ်စ္သူႏွစ္ဦးၾကားပြင့္ပြင့္လင္းလင္းရွိရမယ္ဆုိေပမဲ႔ ဒီအရာေတြကုိေတာ့ လ်ွိဳ႔၀ွက္ထားသင့္🤫

ခ်စ္သူႏွစ္ဦးၾကားပြင့္ပြင့္လင္းလင္းရွိရမယ္ဆုိေပမဲ့ ဒီလုိအခ်က္ေတြကုိေျပာမျပတာက အခ်စ္ေရးမွာဆူးေညွာင့္ခလုတ္မျဖစ္ေအာင္ၾကိဳတင္ဖယ္ရွားလိုက္တာပါပဲ။ကုိယ့္ရဲ ႔၂၄နာရီလံုးဘာလုပ္တယ္၊ဘာျဖစ္တယ္။ဘယ္သူကေတာ့ဘယ္လိုစသျဖင့္အေၾကာင္းအရာေတြအားလံုးကုိ ေျပာျပဖုိ႔မလိုပါဘူး။သူ႔အတုိင္းအတာနဲ႔သူ ေျပာျပသင့္သေလာက္ ဖံုးကြယ္သင့္သေလာက္ေပါ့။ဒါမွ အခ်စ္ေရးကို Balance ျဖစ္ေအာင္ထိန္းႏုိင္မွာပါ။ဒီေတာ့ကုိယ့္ခ်စ္သူကုိ ဘယ္လိုအခ်က္ေတြကုိမေျပာျပသင့္ဘူးလဲဆုိတာ ၾကည့္လိုက္ရေအာင္….

*ကုိယ့္ကို ဘယ္သူေတြကေတာ့ ခရက္ရွ္ေနတယ္ဆုိတာမ်ိဳး…
ဒီလုိကိုယ့္ကိုဘယ္သူကေတာ့ ၾကိဳက္ေနပါတယ္၊ခ်စ္ေနပါတယ္ဆုိတာမ်ိဳးက မေျပာျပသင့္ပါဘူးတဲ႔။ဒီလုိေျပာျပတာက ကုိယ့္ခ်စ္သူကုိစိတ္အေႏွာင့္အယွက္ျဖစ္ေစႏုိင္သလို မလိုအပ္တဲ႔သံသယေတြပြားမ်ားလာေစပါတယ္။အထူးသျဖင့္ ကုိယ့္ကုိခရက္ရွ္ေနတဲ႔သူက ရုပ္ေခ်ာတယ္၊ခ်မ္းသာတယ္စသျဖင့္ေျပာျပေနတယ္ဆုိရင္ မလိုအပ္တဲ႔ျပႆနာေတြအမ်ားၾကီးျဖစ္လာႏိုင္တယ္ဆုိတာ သတိရပါ။

*အလွအပေရးရာနဲ႔ပတ္သက္လို႔အေသးစိတ္ေျပာျပတာမ်ိဳး
အမွန္ေတာ့ဒါေတြကုိ ကုိယ့္ခ်စ္သူကသိစရာေတာ့မလိုပါဘူး။ကုိယ့္ကုိယ့္ကိုယ္အျမဲလွေနေအာင္ ဘယ္လိုသထားတယ္ဆိုတာ အေသးစိတ္ေျပာျပတာထက္ က်န္းမာေရးနဲ႔သက္ဆုိင္တဲ႔အေၾကာင္းအရာေတြကုိသူ႔ကုိ မ်ွေ၀တာပိုေကာင္းပါတယ္။ကုိယ္ကေျပာရတာဘာမွမျဖစ္ဘူးဆုိရင္ေတာင္
သူ႔အေနနဲ႔က်ေတာ့ ကုိယ္နဲ႔မရင္းႏွီးမသက္ဆုိင္တဲ႔အေၾကာင္းအရာတစ္ခုျဖစ္ေနမွာပါ။ဒီေတာ့ အခ်ိန္ေတြကုန္တာပဲအဖတ္တင္မွာျဖစ္သလို အျမဲတမ္းကုိယ့္ရဲ႔အလွအပေရးရာလ်ွိဳ႔၀ွက္ခ်က္ေတြနဲ႔ပတ္သက္လို႔ေျပာျပေနတာမ်ိဳးက သူ႔အတြက္လည္း စိတ္သက္ေတာင့္သက္သာမျဖစ္ေစပါဘူး။

*Cyberstalking လုပ္ေနတာကို ေျပာျပတာမ်ိဳး
ကုိယ့္ခ်စ္သူ ကုိယ့္ေနာက္ကြယ္မွာဘာေတြလုပ္ေနလဲ မိန္းကေလးတုိင္းလိုလုိသိခ်င္ပါတယ္။ဒါေပမဲ႔ မသိသာေစနဲ႔ေပါ့။သူ႔ေ၀ါလ္ထဲကုိ၀င္ေမႊ၊သူ႔ဖုန္းေတြလိုက္စစ္ျပီး သူ႔ရဲ႔အရင္ရည္းစားနဲ႔အဆက္အသြယ္ရွိေနေသးလား၊တစ္ျခားတစ္ေယာက္နဲ႔ဘယ္လိုအေျခအေနေတြျဖစ္ေနလဲစသျဖင့္ စစ္ေဆးရွာ
ေဖြေမႊေႏွာက္ျပီး ငါအကုန္သိတယ္ေနာ္ဆုိတဲ႔အထာမ်ိဳးနဲ႔ ကုိယ့္ခ်စ္သူနဲ႔ေတြ႔တဲ႔အခါ စကားလမ္းေၾကာင္းရွာေဖြ၊အစ္ေအာက္ေမးေနတာမ်ိဳးမလုပ္ပါနဲ႔။စစ္ေဆးတာကစစ္ေဆးပါ။ဒါေပမဲ႔ အဲ႔ဒါကုိသူသိေအာင္ေျပာျပေနတာက သင္သူ႔အေပၚသ၀န္တုိေနတယ္။အယံုအၾကည္ကင္းမဲ႔ေနတယ္၊သံသယေတြမ်ားေနတယ္ဆုိတဲ႔သေဘာမ်ိဳးသူမွတ္ယူသြားႏုိင္ပါတယ္။ဒီလုိဆုိ ႏွစ္ေယာက္ၾကားမွာအဖုအထစ္ေလးေတြစျပီးျဖစ္လာမွာအမွန္ပါပဲ။

*မိသားစုေတြရဲ႔ ခံစားခ်က္ေတြကုိဖြင့္ေျပာျပတာမ်ိဳး
တကယ္လို႔ ကိုယ့္မိသားစုက ကုိယ့္ခ်စ္သူကုိသေဘာမက်ဘူး။အေကာင္းမျမင္ဘူးဆုိရင္ ဒီလုိအေၾကာင္းအရာမ်ိဳးကို ခ်စ္သူကုိမေျပာပါနဲ႔။ဘယ္သူက ကိုယ့္ကုိသေဘာမက်ဘူးဆုိတာမ်ိဳးၾကားခ်င္မွာလဲ။ေျပာျပလိုက္လို႔ သူတုိ႔က ဘာမွမျဖစ္ဘူးဆုိရင္ေတာင္ ေနာက္ပုိင္းက်ရင္ ဒီအေၾကာင္းအရာ
ေတြကပါ ကိုယ္ေတြရဲ ႔အခ်စ္ေရးကုိ ေႏွာင့္ယွက္ႏုိင္ပါတယ္။ဒါေၾကာင့္ အေကာင္းမျမင္တဲ႔စကားေတြကုိ ပြင့္ပြင့္လင္းလင္းရွိရမယ္ဆုိျပီး ကုိယ့္ခ်စ္သူကုိမေျပာျပပါနဲ႔။

*ကုိယ္ ဒါမွမဟုတ္ သူ ကုိယ္အေလးခ်ိန္တက္လာတာကုိေျပာတာမ်ိဳး
၀လာတယ္ေနာ္၊၀ိတ္ေလ်ွာ့ဦး။ပိန္သြားတယ္ေနာ္ စတဲ႔စကားေတြက တစ္ျခားသူေတြကုိ မေျပာသင့္သလုိ ကုိယ့္ခ်စ္သူကုိလည္းမေျပာသင့္ပါဘူး။ကုိယ္က အေလးခ်ိန္တက္လာတယ္ဆုိရင္လည္းမေျပာပါနဲ႔။ကိုယ့္ဘာသာၾကိဳးစားျပီးျပန္ခ်ပါ။အားလံုးက ကုိယ့္ခ်စ္သူကုိအလွဆံုးျဖစ္ေစခ်င္သလို တစ္ခ်ိဳ႔ကေတာ့ ကုိယ့္ခ်စ္သူ၀လာရင္ စိတ္ပ်က္တာမ်ိဳးျဖစ္တတ္ပါတယ္။ဒါေၾကာင့္ ကုိယ္၀လာတယ္ ကုိယ္သိရင္ၾကိဳးစားျပီးျပန္ခ်ပါ။သူ၀လာတာဆုိရင္လည္း သူ႔ကုိ၀လာတယ္တုိက္ရုိက္ေျပာတာထက္ gym အတူတူသြားကစားၾကမလားတုိ႔၊အားကစားတစ္ခုခုလုပ္ၾကမလားလို႔စသျဖင့္ သြယ္၀ုိက္ျပီးေျပာေပါ့။အဲ႔လိုမဟုတ္ပဲ ၀လာတယ္ခ်ည္းခဏခဏေျပာေနရင္ သူ႔ဘက္ကစိတ္အားငယ္တာေတြ၊စိတ္ဓာတ္က်တာေတြ၊ကုိယ့္အေပၚ စိတ္ခုတာေတြျဖစ္လာႏုိင္ပါတယ္။ဒါမ်ိဳးက်ေတာ့ သြယ္၀ုိက္ျပီးေျပာတတ္ရတာေပါ့။ကုိယ္အေလးခ်ိန္တက္တယ္ဆုိတာ က်န္းမာေရးနဲ႔မွ မညီညြတ္ပဲ။

လ်ွိဳ႔၀ွက္ခ်က္ဆုိတာ သူ႔ေနရာနဲ႔သူထားသင့္ပါတယ္။ကုိယ္ေျပာမယ့္စကားက ႏွစ္ေယာက္လံုးအတြက္အက်ိဳးမရွိဘူးဆုိရင္ စိတ္အေႏွာင့္အယွက္ျဖစ္ခံျပီးဘာလို႔ေျပာျပေတာ့မွာလဲ မဟုတ္ဘူးလား? ပြင့္လင္းတုိင္းလည္း အခ်စ္ေရးကုိမပ်က္စီးေအာင္ထိန္းသိမ္းႏုိင္တာမဟုတ္ပါဘူး။တစ္ခါတစ္ေလ မလိုအပ္တဲ႔စကားေတြအမ်ားၾကီးေျပာမိတာကလည္း အခ်စ္ေရးကုိပ်က္စီးေစႏုိင္ပါတယ္ 💕ျပီးေတာ့ ဒါေတြက လိမ္ညာျပီးဖံုးကြယ္ထားတာမဟုတ္ပါဘူး။မလိုအပ္တာေတြေျပာမိျပီး အခ်စ္ေရးကုိအဖုအထစ္ျဖစ္မွာစိုးလို႔ ၾကိဳတင္ကာကြယ္တာပဲျဖစ္ပါတယ္။

Unicode

ချစ်သူနှစ်ဦးကြားပွင့်ပွင့်လင်းလင်းရှိရမယ်ဆိုပေမဲ့ ဒီလိုအချက်တွေကိုပြောမပြတာက အချစ်ရေးမှာဆူးညှောင့်ခလုတ်မဖြစ်အောင်ကြိုတင်ဖယ်ရှားလိုက်တာပါပဲ။ကိုယ့်ရဲ ့၂၄နာရီလုံးဘာလုပ်တယ်၊ဘာဖြစ်တယ်။ဘယ်သူကတော့ဘယ်လိုစသဖြင့်အကြောင်းအရာတွေအားလုံးကို ပြောပြဖို့မလိုပါဘူး။သူ့အတိုင်းအတာနဲ့သူ ပြောပြသင့်သလောက် ဖုံးကွယ်သင့်သလောက်ပေါ့။ဒါမှ အချစ်ရေးကို Balance ဖြစ်အောင်ထိန်းနိုင်မှာပါ။ဒီတော့ကိုယ့်ချစ်သူကို ဘယ်လိုအချက်တွေကိုမပြောပြသင့်ဘူးလဲဆိုတာ ကြည့်လိုက်ရအောင်….

*ကိုယ့်ကို ဘယ်သူတွေကတော့ ခရက်ရှ်နေတယ်ဆိုတာမျိုး…
ဒီလိုကိုယ့်ကိုဘယ်သူကတော့ ကြိုက်နေပါတယ်၊ချစ်နေပါတယ်ဆိုတာမျိုးက မပြောပြသင့်ပါဘူးတဲ့။ဒီလိုပြောပြတာက ကိုယ့်ချစ်သူကိုစိတ်အနှောင့်အယှက်ဖြစ်စေနိုင်သလို မလိုအပ်တဲ့သံသယတွေပွားများလာစေပါတယ်။အထူးသဖြင့် ကိုယ့်ကိုခရက်ရှ်နေတဲ့သူက ရုပ်ချောတယ်၊ချမ်းသာတယ်စသဖြင့်ပြောပြနေတယ်ဆိုရင် မလိုအပ်တဲ့ပြဿနာတွေအများကြီးဖြစ်လာနိုင်တယ်ဆိုတာ သတိရပါ။

*အလှအပရေးရာနဲ့ပတ်သက်လို့အသေးစိတ်ပြောပြတာမျိုး
အမှန်တော့ဒါတွေကို ကိုယ့်ချစ်သူကသိစရာတော့မလိုပါဘူး။ကိုယ့်ကိုယ့်ကိုယ်အမြဲလှနေအောင် ဘယ်လိုသထားတယ်ဆိုတာ အသေးစိတ်ပြောပြတာထက် ကျန်းမာရေးနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုသူ့ကို မျှဝေတာပိုကောင်းပါတယ်။ကိုယ်ကပြောရတာဘာမှမဖြစ်ဘူးဆိုရင်တောင်
သူ့အနေနဲ့ကျတော့ ကိုယ်နဲ့မရင်းနှီးမသက်ဆိုင်တဲ့အကြောင်းအရာတစ်ခုဖြစ်နေမှာပါ။ဒီတော့ အချိန်တွေကုန်တာပဲအဖတ်တင်မှာဖြစ်သလို အမြဲတမ်းကိုယ့်ရဲ့အလှအပရေးရာလျှို့ဝှက်ချက်တွေနဲ့ပတ်သက်လို့ပြောပြနေတာမျိုးက သူ့အတွက်လည်း စိတ်သက်တောင့်သက်သာမဖြစ်စေပါဘူး။

*Cyberstalking လုပ်နေတာကို ပြောပြတာမျိုး
ကိုယ့်ချစ်သူ ကိုယ့်နောက်ကွယ်မှာဘာတွေလုပ်နေလဲ မိန်းကလေးတိုင်းလိုလိုသိချင်ပါတယ်။ဒါပေမဲ့ မသိသာစေနဲ့ပေါ့။သူ့ဝေါလ်ထဲကိုဝင်မွှေ၊သူ့ဖုန်းတွေလိုက်စစ်ပြီး သူ့ရဲ့အရင်ရည်းစားနဲ့အဆက်အသွယ်ရှိနေသေးလား၊တစ်ခြားတစ်ယောက်နဲ့ဘယ်လိုအခြေအနေတွေဖြစ်နေလဲစသဖြင့် စစ်ဆေးရှာ
ဖွေမွှေနှောက်ပြီး ငါအကုန်သိတယ်နော်ဆိုတဲ့အထာမျိုးနဲ့ ကိုယ့်ချစ်သူနဲ့တွေ့တဲ့အခါ စကားလမ်းကြောင်းရှာဖွေ၊အစ်အောက်မေးနေတာမျိုးမလုပ်ပါနဲ့။စစ်ဆေးတာကစစ်ဆေးပါ။ဒါပေမဲ့ အဲ့ဒါကိုသူသိအောင်ပြောပြနေတာက သင်သူ့အပေါ်သဝန်တိုနေတယ်။အယုံအကြည်ကင်းမဲ့နေတယ်၊သံသယတွေများနေတယ်ဆိုတဲ့သဘောမျိုးသူမှတ်ယူသွားနိုင်ပါတယ်။ဒီလိုဆို နှစ်ယောက်ကြားမှာအဖုအထစ်လေးတွေစပြီးဖြစ်လာမှာအမှန်ပါပဲ။

*မိသားစုတွေရဲ့ ခံစားချက်တွေကိုဖွင့်ပြောပြတာမျိုး
တကယ်လို့ ကိုယ့်မိသားစုက ကိုယ့်ချစ်သူကိုသဘောမကျဘူး။အကောင်းမမြင်ဘူးဆိုရင် ဒီလိုအကြောင်းအရာမျိုးကို ချစ်သူကိုမပြောပါနဲ့။ဘယ်သူက ကိုယ့်ကိုသဘောမကျဘူးဆိုတာမျိုးကြားချင်မှာလဲ။ပြောပြလိုက်လို့ သူတို့က ဘာမှမဖြစ်ဘူးဆိုရင်တောင် နောက်ပိုင်းကျရင် ဒီအကြောင်းအရာ
တွေကပါ ကိုယ်တွေရဲ ့အချစ်ရေးကို နှောင့်ယှက်နိုင်ပါတယ်။ဒါကြောင့် အကောင်းမမြင်တဲ့စကားတွေကို ပွင့်ပွင့်လင်းလင်းရှိရမယ်ဆိုပြီး ကိုယ့်ချစ်သူကိုမပြောပြပါနဲ့။

*ကိုယ် ဒါမှမဟုတ် သူ ကိုယ်အလေးချိန်တက်လာတာကိုပြောတာမျိုး
ဝလာတယ်နော်၊၀ိတ်လျှော့ဦး။ပိန်သွားတယ်နော် စတဲ့စကားတွေက တစ်ခြားသူတွေကို မပြောသင့်သလို ကိုယ့်ချစ်သူကိုလည်းမပြောသင့်ပါဘူး။ကိုယ်က အလေးချိန်တက်လာတယ်ဆိုရင်လည်းမပြောပါနဲ့။ကိုယ့်ဘာသာကြိုးစားပြီးပြန်ချပါ။အားလုံးက ကိုယ့်ချစ်သူကိုအလှဆုံးဖြစ်စေချင်သလို တစ်ချို့ကတော့ ကိုယ့်ချစ်သူဝလာရင် စိတ်ပျက်တာမျိုးဖြစ်တတ်ပါတယ်။ဒါကြောင့် ကိုယ်ဝလာတယ် ကိုယ်သိရင်ကြိုးစားပြီးပြန်ချပါ။သူဝလာတာဆိုရင်လည်း သူ့ကိုဝလာတယ်တိုက်ရိုက်ပြောတာထက် gym အတူတူသွားကစားကြမလားတို့၊အားကစားတစ်ခုခုလုပ်ကြမလားလို့စသဖြင့် သွယ်ဝိုက်ပြီးပြောပေါ့။အဲ့လိုမဟုတ်ပဲ ဝလာတယ်ချည်းခဏခဏပြောနေရင် သူ့ဘက်ကစိတ်အားငယ်တာတွေ၊စိတ်ဓာတ်ကျတာတွေ၊ကိုယ့်အပေါ် စိတ်ခုတာတွေဖြစ်လာနိုင်ပါတယ်။ဒါမျိုးကျတော့ သွယ်ဝိုက်ပြီးပြောတတ်ရတာပေါ့။ကိုယ်အလေးချိန်တက်တယ်ဆိုတာ ကျန်းမာရေးနဲ့မှ မညီညွတ်ပဲ။

လျှို့ဝှက်ချက်ဆိုတာ သူ့နေရာနဲ့သူထားသင့်ပါတယ်။ကိုယ်ပြောမယ့်စကားက နှစ်ယောက်လုံးအတွက်အကျိုးမရှိဘူးဆိုရင် စိတ်အနှောင့်အယှက်ဖြစ်ခံပြီးဘာလို့ပြောပြတော့မှာလဲ မဟုတ်ဘူးလား? ပွင့်လင်းတိုင်းလည်း အချစ်ရေးကိုမပျက်စီးအောင်ထိန်းသိမ်းနိုင်တာမဟုတ်ပါဘူး။တစ်ခါတစ်လေ မလိုအပ်တဲ့စကားတွေအများကြီးပြောမိတာကလည်း အချစ်ရေးကိုပျက်စီးစေနိုင်ပါတယ် 💕ပြီးတော့ ဒါတွေက လိမ်ညာပြီးဖုံးကွယ်ထားတာမဟုတ်ပါဘူး။မလိုအပ်တာတွေပြောမိပြီး အချစ်ရေးကိုအဖုအထစ်ဖြစ်မှာစိုးလို့ ကြိုတင်ကာကွယ်တာပဲဖြစ်ပါတယ်။

540 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.