ကုိယ္ေတြရဲ႔မင္းသမီးေခ်ာေလး Kim Yoo Jung ျပန္လာျပီေနာ္ 💕😉

ေတာင္ကုိရီးယားမင္းသမီးေခ်ာေလး Kim Yoo Jung ကေတာ့ သူမရဲ ႔ပရိသတ္ေတြအတြက္ ေနာက္ထပ္တစ္ၾကိမ္၀မ္းသာစရာသတင္းစကားေလးပါးလိုက္ပါျပီ။က်န္းမာေရးအေျခအေနေၾကာင့္
ရိုက္လက္စဇာတ္ကားကုိခဏရပ္နားကာ အနားယူေနရေပမဲ့ သိပ္မၾကာခင္လအနည္းငယ္ကေတာ့ သူမရဲ ႔က်န္းမာေရးအေျခအေနပုိျပီးေကာင္းမြန္လာျပီဆုိတဲ႔အေၾကာင္း ပရိသတ္ေတြကုိ ပထမဆံုးအၾကိမ္သတင္းစကားပါးခဲ႔ပါတယ္။

စက္တင္ဘာ ၆ရက္ေန႔ Soompi မီဒီယာရဲ ႔ေဖာ္ျပခ်က္အရ မင္းသမီးေခ်ာေလး Kim Yoo Jung ဟာ စက္တင္ဘာ ၅ရက္ေန႔က သူမရဲ႔ Fan Cafe မွာ ဒုတိယတစ္ၾကိမ္ထပ္ျပီးသတင္းစကားပါးခဲ႔တယ္လုိ႔သိရပါတယ္။

“ဟယ္လို Yoo Jung ပါ
မေတြ႔ရတာၾကာျပီေနာ္။ပရိသတ္ၾကီးေရာ ေနေကာင္းၾကရဲ႔လား?ကြ်န္မေနမေကာင္းလုိ႔ခဏအနားယူခဲ႔ရေပမဲ႔ အခု အရင္ကထက္ပုိျပီးက်န္းမာေအာင္အမ်ားၾကီးၾကိဳးစားခဲ့ပါတယ္။ကြ်န္မကုိ အားေပးတဲ႔အတြက္ေရာ၊ေစာင့္ေနေပးၾကတဲ႔အတြက္ေရာ အထပ္ထပ္အခါခါေက်းဇူးတင္မိပါတယ္။ဒီေန႔ပဲ ‘Clean with Passion for Now’ ဇာတ္ကားကုိ စျပီး ျပန္ရိုက္ကူးခဲ့ပါတယ္။ရိုက္ကူးေရးကလည္းအဆင္ေျပေျပေပ်ာ္ေပ်ာ္ရႊင္ရႊင္ျပီးသြားခဲ့လို႔ အခုအိမ္ကုိျပန္ေရာက္ေနပါျပီ။ဒီစာကုိကြ်န္မအိပ္ရာမ၀င္ခင္ေရးခဲ႔တာပါ။ဘာလို႔လဲဆုိေတာ့ ဒီလုိအဆင္ေျပေျပျပီးသြားျပီဆုိတဲ႔အေၾကာင္း ပရိသတ္ၾကီးကုိ ကြ်န္မအရင္ဆံုးေျပာျပခ်င္လို႔ပါ။အျမဲတမ္းအားျဖစ္ေပးျပီး ခြန္အားေတြအျပည့္ေပးတဲ႔ပရိသတ္တုိင္းကုိ ကြ်န္မအျမဲေက်းဇူးတင္ေနပါတယ္။ပရိသတ္ေတြကုိအားလံုးထက္ပုိျပီးခ်စ္ပါတယ္။မၾကာခင္ ျပန္ေတြ႔ၾကမယ္”ဆုိတဲ႔ပုိစ့္ေလးနဲ႔သူမရဲ႔အေျခအေနကုိ ထပ္ျပီးေျပာျပခဲ႔တာပဲျဖစ္ပါတယ္။

Kim Yoo Jung ဟာ ေဖေဖာ္၀ါရီလတုန္းက hyperthyroidism ေရာဂါခံစားခဲ႔ရလို႔ ရုိက္ကူးေရးေတြခဏရပ္နားကာ ေဆးကုသမႈခံယူအနားယူေနခဲ႔တာျဖစ္ပါတယ္။ၾသဂုတ္လတုန္းကေတာ့
ရုပ္ရွင္ဇာတ္ကားျပန္လည္ရုိက္ကူးေရးလုပ္ဖုိ႔ျပင္ဆင္ေနခဲ႔ျပီးစက္တင္ဘာ ၅ရက္ေန႔ကေတာ့ သူမျပန္လည္ရိုက္ကူးေနျပီဆုိတဲ႔အေၾကာင္းပရိသတ္ေတြကိုအသိေပးခဲ႔တာျဖစ္ပါတယ္။အခုလက္ရွိရိုက္ကူးေနတဲ႔ “Clean with Passion for Now” ဒရာမာဇာတ္လမ္းတြဲဟာ JTBC ကထုတ္လႊင့္ျပသမွာျဖစ္ျပီး သူမက ေခါင္းေဆာင္မင္းသမီးအျဖစ္ ပါ၀င္သရုပ္ေဆာင္သြားမွာျဖစ္ပါတယ္။ႏုိ၀င္ဘာလအလယ္ေလာက္မွာေတာ့ စတင္ျပသဖုိ႔ရည္ရြယ္ထားတယ္လို႔သိရပါတယ္။ကိုယ္ေတြသေဘာက်ရတဲ႔ခ်စ္စရာမင္းသမီးေလး ေနျပန္ေကာင္းလာျပီး ရိုက္ကူးေရးေတြစလုပ္ေနျပီဆုိေတာ့ ၀မ္းသာစရာသတင္းေကာင္းေလးပါပဲ 💕

Unicode

တောင်ကိုရီးယားမင်းသမီးချောလေး Kim Yoo Jung ကတော့ သူမရဲ ့ပရိသတ်တွေအတွက် နောက်ထပ်တစ်ကြိမ်ဝမ်းသာစရာသတင်းစကားလေးပါးလိုက်ပါပြီ။ကျန်းမာရေးအခြေအနေကြောင့်
ရိုက်လက်စဇာတ်ကားကိုခဏရပ်နားကာ အနားယူနေရပေမဲ့ သိပ်မကြာခင်လအနည်းငယ်ကတော့ သူမရဲ ့ကျန်းမာရေးအခြေအနေပိုပြီးကောင်းမွန်လာပြီဆိုတဲ့အကြောင်း ပရိသတ်တွေကို ပထမဆုံးအကြိမ်သတင်းစကားပါးခဲ့ပါတယ်။

စက်တင်ဘာ ၆ရက်နေ့ Soompi မီဒီယာရဲ ့ဖော်ပြချက်အရ မင်းသမီးချောလေး Kim Yoo Jung ဟာ စက်တင်ဘာ ၅ရက်နေ့က သူမရဲ့ Fan Cafe မှာ ဒုတိယတစ်ကြိမ်ထပ်ပြီးသတင်းစကားပါးခဲ့တယ်လို့သိရပါတယ်။

“ဟယ်လို Yoo Jung ပါ
မတွေ့ရတာကြာပြီနော်။ပရိသတ်ကြီးရော နေကောင်းကြရဲ့လား?ကျွန်မနေမကောင်းလို့ခဏအနားယူခဲ့ရပေမဲ့ အခု အရင်ကထက်ပိုပြီးကျန်းမာအောင်အများကြီးကြိုးစားခဲ့ပါတယ်။ကျွန်မကို အားပေးတဲ့အတွက်ရော၊စောင့်နေပေးကြတဲ့အတွက်ရော အထပ်ထပ်အခါခါကျေးဇူးတင်မိပါတယ်။ဒီနေ့ပဲ ‘Clean with Passion for Now’ ဇာတ်ကားကို စပြီး ပြန်ရိုက်ကူးခဲ့ပါတယ်။ရိုက်ကူးရေးကလည်းအဆင်ပြေပြေပျော်ပျော်ရွှင်ရွှင်ပြီးသွားခဲ့လို့ အခုအိမ်ကိုပြန်ရောက်နေပါပြီ။ဒီစာကိုကျွန်မအိပ်ရာမဝင်ခင်ရေးခဲ့တာပါ။ဘာလို့လဲဆိုတော့ ဒီလိုအဆင်ပြေပြေပြီးသွားပြီဆိုတဲ့အကြောင်း ပရိသတ်ကြီးကို ကျွန်မအရင်ဆုံးပြောပြချင်လို့ပါ။အမြဲတမ်းအားဖြစ်ပေးပြီး ခွန်အားတွေအပြည့်ပေးတဲ့ပရိသတ်တိုင်းကို ကျွန်မအမြဲကျေးဇူးတင်နေပါတယ်။ပရိသတ်တွေကိုအားလုံးထက်ပိုပြီးချစ်ပါတယ်။မကြာခင် ပြန်တွေ့ကြမယ်”ဆိုတဲ့ပိုစ့်လေးနဲ့သူမရဲ့အခြေအနေကို ထပ်ပြီးပြောပြခဲ့တာပဲဖြစ်ပါတယ်။

Kim Yoo Jung ဟာ ဖေဖော်ဝါရီလတုန်းက hyperthyroidism ရောဂါခံစားခဲ့ရလို့ ရိုက်ကူးရေးတွေခဏရပ်နားကာ ဆေးကုသမှုခံယူအနားယူနေခဲ့တာဖြစ်ပါတယ်။သြဂုတ်လတုန်းကတော့
ရုပ်ရှင်ဇာတ်ကားပြန်လည်ရိုက်ကူးရေးလုပ်ဖို့ပြင်ဆင်နေခဲ့ပြီးစက်တင်ဘာ ၅ရက်နေ့ကတော့ သူမပြန်လည်ရိုက်ကူးနေပြီဆိုတဲ့အကြောင်းပရိသတ်တွေကိုအသိပေးခဲ့တာဖြစ်ပါတယ်။အခုလက်ရှိရိုက်ကူးနေတဲ့ “Clean with Passion for Now” ဒရာမာဇာတ်လမ်းတွဲဟာ JTBC ကထုတ်လွှင့်ပြသမှာဖြစ်ပြီး သူမက ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။နိုဝင်ဘာလအလယ်လောက်မှာတော့ စတင်ပြသဖို့ရည်ရွယ်ထားတယ်လို့သိရပါတယ်။ကိုယ်တွေသဘောကျရတဲ့ချစ်စရာမင်းသမီးလေး နေပြန်ကောင်းလာပြီး ရိုက်ကူးရေးတွေစလုပ်နေပြီဆိုတော့ ဝမ်းသာစရာသတင်းကောင်းလေးပါပဲ 💕

96 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.