မေ့လျော့မှုဟာ ပုံမှန်မဟုတ်တဲ့ ဥာဏ်ကောင်းခြင်းတစ်မျိုးလို့ သိပံ္ပပညာရှင်များသုံးသပ်

မင်းဟာ ခဏခဏမေ့လျော့နေတတ်သူတစ်ယောက်လား.. ?

သိပံ္ပပညာရှင်များရဲ့ လေ့လာချက်အရ မေ့လျော့ခြင်းဟာ ပုံမှန်မဟုတ်တဲ့ ဥာဏ်ကောင်းခြင်းတစ်မျိုးလို့ သုံးသပ်လာပါတယ်။

စကားအပြန်လှန်ပြောတဲ့အခါပဲဖြစ်ဖြစ် ၊ ကိစ္စတစ်ခုခုလုပ်ဆောင်နေစဉ် ငါဘာပြောဖို့လဲ.. ၊ ငါဘာလုပ်ဖို့လဲဆိုပြီး အမှတ်မထင်မေ့တတ်ကြပါတယ်။ အချိန်အကြာကြီးဖြစ်စေ ၊ အချိန်တိုပဲဖြစ်ဖြစ် မှတ်ဥာဏ်ပျောက်ဆုံးမှုဟာ ပုံမှန်လူတစ်ယောက်မှာ ဖြစ်လေ့ဖြစ်ထရှိတာပါပဲ။ အယ်လ်ဇိုင်းမား ရောဂါနဲ့ပတ်သတ်ပြီး ဆက်စပ်မှုရှိတဲ့ မှတ်ဥာဏ်ပျောက်ဆုံးမှု ဆောင်းပါးမျိုးတွေ စာဖတ်သူတို့လည်း ဖတ်မိ၊ မှတ်မိကြမယ်ထင်ပါတယ်။ ဒါပေမယ့် မေ့တတ်တဲ့ကိစ္စကို အရမ်းကြီးတော့ တွေးမပူစေချင်ပါဘူး။

ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်အတွက် စိုးရိမ်ရတဲ့ အကြောင်းရာတွေကိုဖတ်ရတာ နည်းနည်းတော့ စိတ်မောသွားနိုင်ပါတယ်။ ၂​​​ဝ၁၇ခုနှစ် ဇွန်လပိုင်းက Neouron မှာဖော်ပြချက်အရ မေ့လျော့တတ်တဲ့ အကျင့်ဟာမင်းရဲ့ဦးနှောက်က ရိုးရှင်းစွာပဲအလုပ်လုပ်နေတာလည်း ဖြစ်နိုင်တယ်။ မင်းထင်ထားတာထက် ပိုတောင်ကောင်းနေနိုင်တယ် လို့ ပြောသွားပါတယ်။ မေ့လျော့ခြင်းဟာ တကယ်ပဲကောင်းတဲ့လက္ခဏာလို့ လေ့လာတွေ့ရှိခဲ့ကြတယ်။

Toronto တက္ကသိုလ် နဲ့ SickKids Hospital က လေ့လာမှုမှာ မေ့လျော့ခြင်းက ဆိုးဝါးတဲ့အရာတစ်ခုမဟုတ်ပါဘူးတဲ့။ ဒီလိုမေ့တတ်ခြင်းကနေ မင်းကို ဥာဏ်ကောင်းတဲ့လူတစ်ယောက်အဖြစ် ပြောင်းလဲစေနိုင်သလိုအခြေအနေတစ်ခုကြုံလာရင်လည်း ဆုံးဖြတ်ချက်ချနိုင်အောင် ကူညီပေးနိုင်ပါလိမ့်မယ်။

ဦးနှောက်က တချို့ မှတ်ဥာဏ်တွေကို ဘာကြောင့်မေ့လျော့ရတာလဲ ?
ကျွန်တော်တို့ဟာ အလုပ်အရမ်းများသည်ဖြစ်စေ ၊ အလုပ်မများရင်တောင် ကိုယ့်အာရုံနဲ့ ကိုယ် တစ်ချို့ ကိစ္စတွေကို မေ့လျော့နေတတ်ပါတယ်။ ဦးနှောက်က တစ်ခုခုကိုမေ့သွားတယ်ဆိုတာ အဲ့ဒီအရာကို မင်းအချိန်ကြီး မှတ်မိနိုင်အောင် ကြိုးစားနေခြင်းကြောင့်ပဲဖြစ်ပါတယ်။

ကမ္ဘာကြီးက အတောမသတ်နိုင်အောင် ပြောင်းလဲနေတယ်။ ဒီတော့ Old Information တွေဟာ
အမှီမလိုက်နိုင်တော့ပဲ လူတွေအမှတ်မိခံရဖို့ သိပ်ပြီးအရေးမပါလာတော့ဘူး။ အဆမတန်များလွန်းတဲ့ Data တွေနဲ့ ရင်ဆိုင်လာရတဲ့အခါ ယေဘုယျ ကောက်ချက်ချနိုင်ဖို့ လိုအပ်လာတယ်။ ဒီလိုလုပ်နိုင်ဖို့ဆိုတာမင်းဦးနှောက်က တစ်ချို့ အသေးဖွဲ့ ကိစ္စလေးတွေကို မေ့လျော့သွားနိုင်မှဖြစ်မယ်။ ဒီလိုမှမဟုတ်ရင် အားလုံးခေါင်းထဲစုပြုံပြီး မှတ်ထားတဲ့အခါ တကယ့်အရေးကြီးတဲ့ Information တွေကို ဦးစားမပေးနိုင်တော့ဘူး။

မေ့လျော့ခြင်းမှာ တစ်ချို့ အရာတွေက ဘာမှမဖြစ်နိုင်ပေမယ့် အရမ်းအရေးကြီိးတဲ့ကိစ္စတွေ မေ့သွားရင်တော့ ပြဿနာတွေရှိလာတာပေါ့။ အသက်ရွယ်အလိုက် မေ့လျော့ခြင်းဆိုတာ ဖြစ်နေမှာပါပဲ။ ဒါဟာသဘာဝပါ။ ဒါပေမယ့် အိမ်တံခါး သော့ခတ်ခဲ့ဖို့မေ့တာတွေ၊ မီးဖိုပဲ ရေနွေးအိုးတင်ပြီး မေ့တာမျိုး ၊ အရေးကြီး အစည်းဝေးတွေ ..စသဖြင့် ဒီလိုမေ့လျော့မှုမျိုးတွေဟာ မင်းကိုထိခိုက်မှုရှိစေပါတယ်။

နေ့စဉ် လုပ်ခဲ့သမျှကို ပြန်မတွေးနိုင်ခြင်း ၊ ပုံမှန်ပြောနေကြစကားတောင် မေ့လျော့လာခြင်း ၊ နာမည်တွေနဲ့နံပါတ်တွေ မမှတ်မိတော့ခြင်း၊ သွားနေကြ နေရာ (သို့) အိမ်ပြန်လမ်းတွေ မမှတ်မိတော့တာမျိုးဟာ အန္တရာယ်များတဲ့ အဆင့်ပါ။

ဒီလောက်အဆင့်မဟုတ်သေးရင် အခြေအနေအရမ်းမဆိုးသေးပါဘူး။ ကိုယ့်ကိုကိုယ် အရမ်းမေ့တတ်လာတယ်လို့ ခံစားရရင် ခေါင်းကိုရှင်းအောင်ထား စိတ်အေးအေးနဲ့ ပြန်စဉ်းစားကြည့်ဖို့လိုပါတယ်။ ခုနက ပြောပြသွားတဲ့အန္တရာယ်များတဲ့အဆင့်ဆို ဆရာဝန်နဲ့ သွားရောက်တိုင်ပင်ပါလို့ အကြံပြုပါတယ်။

Source : Theheartysoul

516 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.