သူငယ္ခ်င္းရဲ ႔ရည္းစားေဟာင္းနဲ႔႔ဆံုစည္းဖုိ႔အေၾကာင္းဖန္လာတဲ႔အခါ ဘာဆက္လုပ္သင့္လဲ?🤔

Dating Rule ဆုိတာေတြအမ်ားၾကီးရွိတဲ႔အထဲကမွ ကုိယ့္သူငယ္ခ်င္းရဲ ႔ရည္းစားေဟာင္းနဲ႔မတြဲသင့္ဘူးလုိ႔ လူေတာ္ေတာ္မ်ားမ်ားက လက္ခံယံုၾကည္ထားၾကတယ္။ဒါက သူငယ္ခ်င္းစည္းမ်ဥ္းကုိခ်ဳိးေဖာက္တယ္ေပါ့။အဲ့ဒါကတကယ္ေရာမွန္ရဲ႔လား?သူငယ္ခ်င္းရဲ ႔ရည္းစားေဟာင္းနဲ႔ ကုိယ္က ဘာညာအေနအထားျဖစ္ေနတယ္(သူကလည္းကုိယ့္ကုိသေဘာက်ေနတယ္ ကိုယ္ကလည္းသူ႔ကိုျပန္သေဘာက်တယ္)ဆုိရင္ ဒီအခ်က္က ထည့္ျပီးစဥ္းစားရေတာ့မွာအမွန္ပါပဲ။သူငယ္ခ်င္းအေပၚလည္းသစၥာေဖာက္သလုိျဖစ္မွာစိုး၊ကုိယ့္အခ်စ္ကုိလည္း မရုတ္သိမ္းနုိင္ျဖစ္ေနျပီဆုိရင္ ဘယ္လိုလုပ္သင့္လဲ?

ပထမဆံုး စိတ္ကုိေအးေအးေဆးေဆး တည္တည္ျငိမ္ျငိမ္ထားပါ။ ျပီးေတာ့ ကုိယ္ဘာလုပ္ခ်င္လဲ ျပန္စဥ္းစားၾကည့္ပါ။အခ်ိန္တန္ရင္အဆင္ေျပသြားမွာပါဆုိျပီး ႏွလံုးသားဆႏၵကုိလ်စ္လ်ဴရႈခ်င္လား?မ်က္စိမွိတ္ေရွ႔တုိးလိုက္လို႔ သူငယ္ခ်င္းျဖစ္သူေရာ၊တစ္ျခားသူေတြပါနာက်င္ရမွာစုိးရိမ္ေနလား?တကယ္လုိ႔ သူငယ္ခ်င္းက သူ႔ရည္းစားေဟာင္းကုိသံေယာဇဥ္မျပတ္ေသးဘူးဆုိရင္ အဲ႔ဒီအခ်ိန္မွာ ကုိယ့္ရဲ ႔လုပ္ရပ္ေၾကာင့္ သူငယ္ခ်င္းနဲ႔ကိုယ့္ၾကား ဆက္ဆံေရးျပတ္စဲတာမ်ိဳးျဖစ္သြားပါလိမ့္မယ္။ျပီးေတာ့ ကိုယ္ကလည္းသူ႔ကုိျပန္သေဘာက်ပါရက္ျငင္းလိုက္မယ္ဆုိရင္ ကုိယ္က အသည္းထုိင္ကြဲရမွာမ်ိဳး စသျဖင့္ျဖစ္ႏုိင္ေခ်မွန္သမ်ွကုိေတာ့စဥ္းစားထားဖုိ႔လိုပါတယ္။

ေနာက္တစ္ခုစဥ္းစားရမွာက သူတုိ႔ရဲ ႔သံေယာဇဥ္ကေရာ တကယ္ပဲျပီးဆံုးသြားတာဟုတ္ရဲ ႔လား?ဘယ္သူ႔ဘက္က ဘာေၾကာင့္ျပတ္ခဲ႔တာလဲ?ေျဖရွင္းလိုက္ရင္အဆင္ေျပသြားႏုိင္တဲ႔အဆင့္လား?စသျဖင့္ေပါ့။ဒီအခ်ိန္မွာသူငယ္ခ်င္းရဲ ႔ရည္းစားေဟာင္းက ကုိယ့္ကိုသေဘာက်တယ္လုိ႔ထင္ေနရင္ေတာင္ သူ႔ဘက္က ကိုယ့္သူငယ္ခ်င္းအေပၚတကယ္ပဲသံေယာဇဥ္ျပတ္တာလား?ကုိယ့္ကုိအသံုးခ်တာလား၊တကယ္သေဘာက်တာလား?ဆုိတာ သိဖုိ႔လိုအပ္ပါတယ္။ကိုယ္ေရွ႔ဆက္လုပ္ရမယ့္အရာနဲ႔ပတ္သက္ျပီး ေသခ်ာနက္နက္နဲနဲစဥ္းစားတာက အေကာင္းဆံုးျဖစ္ေစပါလိမ့္မယ္။

အၾကံေပးရမယ္ဆုိရင္ေတာ့ သူငယ္ခ်င္းဆက္ဆံေရးကုိတန္ဖုိးထားတယ္။မပ်က္စီးခ်င္ဘူးဆုိရင္ သူငယ္ခ်င္းအေပၚေလးစားမႈရွိပါ။ရိုးသားမႈရွိပါ။သူမရဲ ႔ရည္းစားေဟာင္းနဲ႔ပတ္သက္လို႔ ကုိယ့္ရဲ႔ခံစားခ်က္ေတြ၊သူနဲ႔အေျခအေနေတြကုိေျပာျပပါ။သူမဘက္က ဘာေျပာရမလဲျဖစ္ခ်င္ျဖစ္သြားႏုိင္သလို အံ႔ၾသသြားတာလည္းျဖစ္ႏုိင္ပါတယ္။ဒါမွမဟုတ္ အဲ႔ဒီလုိကုိယ္ေျပာလုိက္မွ သူမရဲ ႔ရည္းစားေဟာင္းကို တကယ္မျပတ္နုိင္ဘူးဆုိတာသိသြားတာလည္းျဖစ္ႏုိင္ပါတယ္။ဒါေပမဲ႔ အဲ႔ဒီလုိျဖစ္သြားနုိင္တယ္ဆုိျပီးမေျပာပဲေနတာက လံုး၀ကုိဆုိးတဲ႔အၾကံပါ။သူမဘက္က သူမရဲ ႔ရည္းစားေဟာင္းအေပၚတကယ္သံေယာဇဥ္ျပတ္သြားျပီဆုိရင္ေတာ့ ကုိယ့္နွလံုးသားဘက္ကုိပုိျပီးဦးစားေပးလို႔ရတာေပါ့။တကယ္လို႔သူမဘက္က ကုိုယ္နဲ႔သူ႔ရည္းစားေဟာင္းကုိဘယ္လိုမွသေဘာမတူႏုိင္ဘူး၊သူ႔ရည္းစားေဟာင္းကိုၾကိဳက္ရမလား ဘာညာျဖစ္ေနမယ္ဆုိရင္ အခ်စ္ဆုိတာကိုသူမေသခ်ာနားလည္လက္ခံလာမယ့္အခ်ိန္ထိေစာင့္တာအေကာင္းဆံုးပါပဲ။ဖူးစာဆုိတာ ၾကိဳမျမင္ရလုိ႔ ကုိယ့္ကုိယ့္ကိုယ္လည္းအရမ္းအျပစ္မတင္ပါနဲ႔။သူမနဲ႔ျပတ္သြားတာၾကာျပီျဖစ္တဲ႔ရည္းစားေဟာင္းက ကုိယ့္အေပၚတကယ္သေဘာက်တယ္ဆုိရင္သူလည္း ေစာင့္ပါလိမ့္မယ္။ကုိယ့္အတြက္ၾကိဳးစားေပးပါလိမ့္မယ္။

ေနာက္ဆံုးတစ္ခုေျပာခ်င္တာကေတာ့ ဒီစာက ကုိယ့္သူငယ္ခ်င္းနဲ႔သူ႔ရည္းစား ျပတ္စဲျပီး အခ်ိန္ကာလအေတာ္ၾကာမွ ကုိယ္နဲ႔ဆံုဖို႔ကံတရားကဖန္တီးလာရင္ စဥ္းစားရခက္ေနသူေတြအတြက္ အၾကံေပးတဲ႔စာပါ 📧တစ္ေယာက္နဲ႔တစ္ေယာက္ခ်စ္ဖုိ႔ ဘယ္သူကမွတုိက္တြန္းလုိ႔မရသလို ဘယ္သူကမွၾကား၀င္ဆံုးျဖတ္ေပးလုိ႔မရပါဘူး။အဓိကက ကုိယ့္ဘက္က သူငယ္ခ်င္းအေပၚစစ္မွန္ဖုိ႔နဲ႔ ကုိယ့္ရဲ႔အခ်စ္ကလည္း စစ္မွန္ဖုိ႔ပဲလိုပါတယ္။အဲ႔ဒါဆုိ သူငယ္ခ်င္းသံေယာဇဥ္လည္းမပ်က္စီးသလို ေပ်ာ္ရႊင္စရာေကာင္း္တဲ႔အခ်စ္ေရးကုိပုိင္ဆုိင္ႏုိင္မွာပါ 🌸

Unicode

Dating Rule ဆိုတာတွေအများကြီးရှိတဲ့အထဲကမှ ကိုယ့်သူငယ်ချင်းရဲ ့ရည်းစားဟောင်းနဲ့မတွဲသင့်ဘူးလို့ လူတော်တော်များများက လက်ခံယုံကြည်ထားကြတယ်။ဒါက သူငယ်ချင်းစည်းမျဉ်းကိုချိုးဖောက်တယ်ပေါ့။အဲ့ဒါကတကယ်ရောမှန်ရဲ့လား?သူငယ်ချင်းရဲ ့ရည်းစားဟောင်းနဲ့ ကိုယ်က ဘာညာအနေအထားဖြစ်နေတယ်(သူကလည်းကိုယ့်ကိုသဘောကျနေတယ် ကိုယ်ကလည်းသူ့ကိုပြန်သဘောကျတယ်)ဆိုရင် ဒီအချက်က ထည့်ပြီးစဉ်းစားရတော့မှာအမှန်ပါပဲ။သူငယ်ချင်းအပေါ်လည်းသစ္စာဖောက်သလိုဖြစ်မှာစိုး၊ကိုယ့်အချစ်ကိုလည်း မရုတ်သိမ်းနိုင်ဖြစ်နေပြီဆိုရင် ဘယ်လိုလုပ်သင့်လဲ?

ပထမဆုံး စိတ်ကိုအေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ထားပါ။ ပြီးတော့ ကိုယ်ဘာလုပ်ချင်လဲ ပြန်စဉ်းစားကြည့်ပါ။အချိန်တန်ရင်အဆင်ပြေသွားမှာပါဆိုပြီး နှလုံးသားဆန္ဒကိုလျစ်လျူရှုချင်လား?မျက်စိမှိတ်ရှေ့တိုးလိုက်လို့ သူငယ်ချင်းဖြစ်သူရော၊တစ်ခြားသူတွေပါနာကျင်ရမှာစိုးရိမ်နေလား?တကယ်လို့ သူငယ်ချင်းက သူ့ရည်းစားဟောင်းကိုသံယောဇဉ်မပြတ်သေးဘူးဆိုရင် အဲ့ဒီအချိန်မှာ ကိုယ့်ရဲ ့လုပ်ရပ်ကြောင့် သူငယ်ချင်းနဲ့ကိုယ့်ကြား ဆက်ဆံရေးပြတ်စဲတာမျိုးဖြစ်သွားပါလိမ့်မယ်။ပြီးတော့ ကိုယ်ကလည်းသူ့ကိုပြန်သဘောကျပါရက်ငြင်းလိုက်မယ်ဆိုရင် ကိုယ်က အသည်းထိုင်ကွဲရမှာမျိုး စသဖြင့်ဖြစ်နိုင်ချေမှန်သမျှကိုတော့စဉ်းစားထားဖို့လိုပါတယ်။

နောက်တစ်ခုစဉ်းစားရမှာက သူတို့ရဲ ့သံယောဇဉ်ကရော တကယ်ပဲပြီးဆုံးသွားတာဟုတ်ရဲ ့လား?ဘယ်သူ့ဘက်က ဘာကြောင့်ပြတ်ခဲ့တာလဲ?ဖြေရှင်းလိုက်ရင်အဆင်ပြေသွားနိုင်တဲ့အဆင့်လား?စသဖြင့်ပေါ့။ဒီအချိန်မှာသူငယ်ချင်းရဲ ့ရည်းစားဟောင်းက ကိုယ့်ကိုသဘောကျတယ်လို့ထင်နေရင်တောင် သူ့ဘက်က ကိုယ့်သူငယ်ချင်းအပေါ်တကယ်ပဲသံယောဇဉ်ပြတ်တာလား?ကိုယ့်ကိုအသုံးချတာလား၊တကယ်သဘောကျတာလား?ဆိုတာ သိဖို့လိုအပ်ပါတယ်။ကိုယ်ရှေ့ဆက်လုပ်ရမယ့်အရာနဲ့ပတ်သက်ပြီး သေချာနက်နက်နဲနဲစဉ်းစားတာက အကောင်းဆုံးဖြစ်စေပါလိမ့်မယ်။

အကြံပေးရမယ်ဆိုရင်တော့ သူငယ်ချင်းဆက်ဆံရေးကိုတန်ဖိုးထားတယ်။မပျက်စီးချင်ဘူးဆိုရင် သူငယ်ချင်းအပေါ်လေးစားမှုရှိပါ။ရိုးသားမှုရှိပါ။သူမရဲ ့ရည်းစားဟောင်းနဲ့ပတ်သက်လို့ ကိုယ့်ရဲ့ခံစားချက်တွေ၊သူနဲ့အခြေအနေတွေကိုပြောပြပါ။သူမဘက်က ဘာပြောရမလဲဖြစ်ချင်ဖြစ်သွားနိုင်သလို အံ့သြသွားတာလည်းဖြစ်နိုင်ပါတယ်။ဒါမှမဟုတ် အဲ့ဒီလိုကိုယ်ပြောလိုက်မှ သူမရဲ ့ရည်းစားဟောင်းကို တကယ်မပြတ်နိုင်ဘူးဆိုတာသိသွားတာလည်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့ အဲ့ဒီလိုဖြစ်သွားနိုင်တယ်ဆိုပြီးမပြောပဲနေတာက လုံးဝကိုဆိုးတဲ့အကြံပါ။သူမဘက်က သူမရဲ ့ရည်းစားဟောင်းအပေါ်တကယ်သံယောဇဉ်ပြတ်သွားပြီဆိုရင်တော့ ကိုယ့်နှလုံးသားဘက်ကိုပိုပြီးဦးစားပေးလို့ရတာပေါ့။တကယ်လို့သူမဘက်က ကိုုယ်နဲ့သူ့ရည်းစားဟောင်းကိုဘယ်လိုမှသဘောမတူနိုင်ဘူး၊သူ့ရည်းစားဟောင်းကိုကြိုက်ရမလား ဘာညာဖြစ်နေမယ်ဆိုရင် အချစ်ဆိုတာကိုသူမသေချာနားလည်လက်ခံလာမယ့်အချိန်ထိစောင့်တာအကောင်းဆုံးပါပဲ။ဖူးစာဆိုတာ ကြိုမမြင်ရလို့ ကိုယ့်ကိုယ့်ကိုယ်လည်းအရမ်းအပြစ်မတင်ပါနဲ့။သူမနဲ့ပြတ်သွားတာကြာပြီဖြစ်တဲ့ရည်းစားဟောင်းက ကိုယ့်အပေါ်တကယ်သဘောကျတယ်ဆိုရင်သူလည်း စောင့်ပါလိမ့်မယ်။ကိုယ့်အတွက်ကြိုးစားပေးပါလိမ့်မယ်။

နောက်ဆုံးတစ်ခုပြောချင်တာကတော့ ဒီစာက ကိုယ့်သူငယ်ချင်းနဲ့သူ့ရည်းစား ပြတ်စဲပြီး အချိန်ကာလအတော်ကြာမှ ကိုယ်နဲ့ဆုံဖို့ကံတရားကဖန်တီးလာရင် စဉ်းစားရခက်နေသူတွေအတွက် အကြံပေးတဲ့စာပါ 📧တစ်ယောက်နဲ့တစ်ယောက်ချစ်ဖို့ ဘယ်သူကမှတိုက်တွန်းလို့မရသလို ဘယ်သူကမှကြားဝင်ဆုံးဖြတ်ပေးလို့မရပါဘူး။အဓိကက ကိုယ့်ဘက်က သူငယ်ချင်းအပေါ်စစ်မှန်ဖို့နဲ့ ကိုယ့်ရဲ့အချစ်ကလည်း စစ်မှန်ဖို့ပဲလိုပါတယ်။အဲ့ဒါဆို သူငယ်ချင်းသံယောဇဉ်လည်းမပျက်စီးသလို ပျော်ရွှင်စရာကောင်း်တဲ့အချစ်ရေးကိုပိုင်ဆိုင်နိုင်မှာပါ 🌸

140 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.