လဲကျချိန်မှာ ပြန်ထနိုင်ဖို့ ဘယ်သူ့ဆီကခွန်အားတွေယူရမလဲ…💪💪
Unicode
လူတိုင်းလူတိုင်းရဲ့ဘဝမှာ အမြဲတမ်းစိတ်ချမ်းသာပျော်ရွှင်နေတာကြီးပဲမဟုတ်ပါဘူး။ နိမ့်တစ်ခါမြင့်တစ်လှည့်နဲ့ဘဝကိုဖြတ်သန်းနေကြရတဲ့သူတွေကြီးပါပဲ။ ဒီလိုစိတ်ညစ်စရာ အနိမ့်ပိုင်းကိစ္စတွေကြုံလာရတဲ့အခါ အမြန်ဆုံးရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့ကအရေးကြီးပါတယ်။ ဆိုတော့လဲအကျတဲ့အချိန်တိုင်းမှာပြန်ထနိုင်ဖို့ ဘယ်လိုလူတွေဆီကနေ အင်အားတွေယူမလဲဆိုတာ…
(၁) ကိုယ့်ကိုယ်တိုင်ဆီကနေအင်အားယူပါ
ပထမအရေးကြီးဆုံးက ကိုယ်ကိုယ်တိုုင်ပါပဲ။ ကိုယ်တိုင် စိတ်ဓာတ်ကြံ့ခိုင်ပြီး ဘာမဆိုရင်ဆိုင်မယ် လဲကျရင်မကြာခင်ပြန်ထမယ်ဆိုတဲ့စိတ်နဲ့အရင်ဆုံးအားမွေးပါ။ ဒါကအကောင်းဆုံးနည်းလမ်းပထမအဆင့်ပါပဲ။
(၂) ကိုယ့်အပေါ်မေတ္တာစစ်အမြဲပေးနေတဲ့မိဘ သူငယ်ချင်းတွေဆီကနေအင်အားယူပါ
ကိုယ့်အပေါ်ဘယ်လောက်ပြောပြော ဘယ်လောက်ဆူဆူအချိန်တန်ရင်အချစ်မလျော့တဲ့မိဘ သူငယ်ချင်းတွေဆီကနေစိတ်ခွန်အားတွေယူပါ။ မိဘဆွေမျိုးသားချင်းဆိုတာ ကိုယ့်အတွက်တော့အရိပ်တစ်ခုပါပဲ။ အမြဲတမ်းမဟုတ်ရင်တောင်ကိုယ်ပင်ပန်းတဲ့အချိန်မှာ ခိုလုံဖို့ အကောင်းဆုံးအရာတွေပါပဲ။
(၃) ကိုယ့်ကိုလိုအပ်နေတဲ့သူတစ်ချို့ရှိတယ်ဆိုတဲ့အတွေးနဲ့အင်အားယူပါ
လူတိုင်းအရာတိုင်းကကိုယ့်ကိုနာကျင်စေတာမဟုတ်ပါဘူး။ ကိုုယ့်ကိုအမြဲအေးချမ်းစေပြီး တန်ဖိုးတတ်စေတဲ့အရာတွေလည်းလောကကြီးမှာရှိနေတယ်ဆိုတာသတိရပါ။တစ်ထောင့်တစ်နေရာမှာ ကိုယ့်ကိုယ်စောင့်မျှော်နေတဲ့သူတွေအများကြီးရှိတယ်ဆိုတာနားလည်ထားပါ။ ဒီလိုလူတွေကြောင့်ကိုယ့်ဘဝမှာ လဲကျရုံနဲ့တင်မပြီးသေးဘူး…လုပ်စရာရှိတာကိုတာဝန်ကျေအောင်ဆက်လုပ်သွားရမယ်ဆိုတဲ့အတွေးမျိုးတွေးပေးပါ။ သင့်ကိုလိုအပ်နေတဲ့သူတွေကြောင့်သင်ခွန်အားရှိလာနိုုင်ပါတယ်။
ဆိုတော့…ဘယ်လိုအကြောင်းမျိုးနဲ့မှလဲကျတဲ့နေရာမှာ အကြာကြီးရပ်မနေပါနဲ့…သင့်ဘဝအတွက်ကောင်းမွန်တဲ့အရာတွေဆီကို အရောက်နှေးသွားမှာဆိုးလို့ပါ….
846 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.