စုံတွဲတွေဘာလို့ခဏခဏရန်ဖြစ်ကြတာလဲ….🙃🙃
(၂) အလိုက်မသိမိလို့
(၃) အချစ်ပြိုင်ပြီးလည်းဖြစ်တတ်ကြသေး
(၄) အသိမပေးလို့
Unicode
နေရာတိုင်းအတွဲတိုင်းကြည့်လိုုက်ရင် တော်တော်များများရန်မဖြစ်ပဲအမြဲအေးအေးလူလူဖြစ်နေတဲ့အတွဲဆိုတာရှားမှရှားပါပဲ။ ထူးတော့ထူးဆန်းသားချစ်လို့ တွဲကြပင်မဲ့ ဘာလို့ရန်ခဏခဏဖြစ်ကြတာလဲပေါ့…ရန်ဖြစ်လို့မချစ်ဘူးလားဆိုတော့လည်းမဟုတ်ဘူး ချစ်ချက်ပဲ…ဒါပင်မဲ့ရန်ဖြစ်ကလည်းမပျက်ဘူး။ဆိုတော့ သမီးရည်းစားတွေချစ်လျက်နဲ့ဘာအကြောင်းတွေကြောင့်ခဏခဏရန်ဖြစ်ကြတာလဲဆိုတာ….
(၁) သဝန်တိုလို့ရန်ဖြစ်တယ်
သေချာပါတယ် အတွဲတိုင်းသဝန်တိုတဲ့ကိစ္စနဲ့ရန်မဖြစ်ဘူးတာမရှိပါဘား။ တကယ်ချစ်မိတဲ့သူတွေဆိုပိုဆိုးတယ်။ ကိုယ့်ရည်စားဘာလုပ်လုပ်ဘယ်သွားသွားသူမပါရင်ကိုစိတ်မချပဲဖြစ်နေတာမျိုး၊ တစ်စိမ်းမိန်းကလေး တစ်စိမ်းယောကျ်ားလေးကအစ သူငယ်ချင်းအဆုံး တစ်ယောက်မချန်နဲ့စိတ်မချပဲ သဝန်တိုတတ်လွန်းကြပါတယ်။ ဒီကိစ္စနဲ့သတ်ရပေါင်းလည်းနည်းမယ်မထင်ပါဘူး။
(၂) အလိုက်မသိမိလို့
ကိုယ့်ရည်စားနဲ့ကိုယ်နဲ့ကဖင်ချင်းဆက် ရင်ချင်းဆက်တွေမှမဟုတ်တာရယ် ကိုယ့်စိတ်ကဘာကိုလိုချင်တယ်ဆိုတာကိုအကုန်ဘယ်သိနိုင်ပါ့မလဲ…ဒါပင်မဲ့ဒါကိုသိသိကြီးနဲ့တောင်ကိုယ့်အကြိုက်ကိုနားမလည်လို့ ကိုယ်ပြောချင်တာကိုသဘောမပေါက်လို့ အလိုက်မသိလို့ဆိုတာတွေနဲ့တစ်ခါတစ်ရံစကားများတတ်ကြပါသေးတယ်။
(၃) အချစ်ပြိုင်ပြိီးလည်းဖြစ်တတ်ကြသေး
တစ်ယောက်နဲ့တစ်ယောက်ချစ်မြတ်နိုးလာတဲ့အချိန်ကာလကြာတဲ့အခါသံယောဇဉ်တိုးပြီးပိုပိုချစ်လာတတ်ကြပါတယ်။ ဒီလိုအချိန်မှာပိုချစ်မိနေတဲ့သူက ကိုယ်ချစ်သလောက်သူ့ကငါ့ကိုအချစ်ဘူးဆိုတဲ့အမြင်တွေလွဲတတ်ကြပါတယ်။ တကယ်တော့သူက ပုံမှန်ပါပဲ…ကိုယ်ကအချစ်ပိုမိတော့ကိုယ့်အချစ်ကိုမမှီရကောင်းမလားဆိုတဲ့စိတ်နဲ့ဒေါသဖြစ်ရင်းပြဿနာရှာကာ ရန်ဖြစ်တတ်ကြပါတယ်။
(၄) အသိမပေးလို့
အထူးသဖြင့်အခုခေတ်အတွဲတွေက ပွင့်လင်းမြင်သာလာတဲ့အခြေနေအရစတွဲကတည်းကတစ်ယောက်အကြောင်းတစ်ယောက်ခရေစိတွင်းကျပြောပြရင်းတွဲကြတာများပါတယ်။ ဒီလိုအခြေနေမျိုးမှာ ဘယ်သွားသွားဘာလုပ်လုပ် အကျိုးကြောင်းပြောပြရတဲ့စနစ်လည်းရှိပါတယ်။ ပုံမှန်ပြောပြနေကြတိုင်းမပြောမိတာမျိုးတွေလစ်ဟာသွားတဲ့အခါလည်းထသတ်ပြန်ရသေးပါတယ်။
ဒါတွေကတော့သမီးရည်းစားအများစုကြားဖြစ်တတ်တဲ့ လက္ခဏာမျိုးတွေပါပဲ…မဆန်းတော့လည်းမဆန်းပါဘူး လေဒါတွေအားလုံးကချစ်လို့ဖြစ်လာတာတွေကြီးပါပဲ…ရန်မဖြစ်ရင်သာတစ်မျိုးကြီးဖြစ်ရင်ဖြစ်နေမှာ..ဒါပင်မဲ့ရန်ကနေ အမုန်းမဖြစ်ဖို့တော့လိုတာပေါ့..စိတ်ဆိုးစိတ်ကောက်လို့ရပင်မဲ့ စိတ်နာတဲ့အဆင့်ထိတော့မရောက်ဖို့လိုပါတယ်။ယူတို့အတွဲမှာလည်းဒီလိုကိစ္စတွေကြောင့်ရန်ဖြစ်ကြတယ်ဆိုတာ ရဲရဲကြီးဝန်ခံလိုက်ပါ….
621 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.