လိမ်ညာလှည့်စားတတ်ပြီး လွတ်လပ်တဲ့ ရှဥ့်ကလေး Surly ဟာသူနေနေတဲ့ပန်းခြံကနှင်ထုတ်ခံရပြီး မြို့ထဲမှာသွားနေရမှာပါ။ ကံကောင်းစွာနဲ့ပဲ သူအပါဝင် ပန်းခြံထဲကကျန်တဲ့ တိရိစ္ဆာန်တွေအားလုံးရဲ့ဘ၀တွေကို ကယ်တင်နိုင်မယ့် Maury’s ဆိုတဲ့ အခွံမာသီး စတိုးဆိုင်ကို Surly တစ်ယောက်ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။
The Nut Job ဟာ ကနေဒီယံ၊ တောင်ကိုရီးယား နဲ့ အမေရိကန် 3D animation ဟာသရုပ်ရှင်ကားဖြစ်ပြီး ဒါရိုက်တာကတော့ Peter Lepeniotis ဖြစ်ပါတယ်။ အသံသရုပ်ဆောင်တွေအနေနဲ့ Will Arnett, Brendan Fraser, Gabriel Iglesias, Liam Nesson နဲ့ Katherine Heigl တို့ပါဝင်ထားပါတယ်။ ဒီရုပ်ရှင်ဟာ ၂၀၀၅ ခုနှစ် animation ရုပ်ရှင် Surly Squirrell ကိုအခြေခံထားတာဖြစ်ပါတယ်။ ဘက်ဂျက်အားဖြင့် အမေရိကန်ဒေါ်လာ ၄၂.၈ သန်းဖြစ်တဲ့အတွက် တောင်ကိုရီးယားမှာ တွဲဖက်လုပ်ကိုင်တဲ့ ဈေးအကြီးဆုံး animation ရုပ်ရှင်ဖြစ်ပါတယ်။
Ref:imdb, wikipedia