မိသားစုဆိုတဲ့ အဓိပ္ပာယ်ကို သေချာဖော်ညွှန်းပြသထားတဲ့ Instant Family

Instant Family ဇာတ်ကားလေးကတော့ အမေရိကန် ဟာသဇာတ်လမ်းဖြစ်ပြီး ဒါရိုက်တာ Sean Anders ဇာတ်ညွန်း John Morris တို့ဖန်တီးထားတာဖြစ်ပါတယ်။ အနုပညာရှင်များကတော့ Rose Byrne, Mark Wahlberg, Isabela Moner တို့ပဲဖြစ်ပါတယ်။ နိုဝင်ဘာလ ၁၆ရက်နေ့ဆို ထွက်ရှိတော့မှာဖြစ်ပါတယ်။

Image result for INSTANT FAMILY
ကလေးမရှိတဲ့ လင်မယားနှစ်ယောက် ကလေးလိုချင်တော့ အရွယ်နည်းနည်းရောက်နေတဲ့ ကလေးသုံးယောက်ကို မွေးစားလိုက်တဲ့အခါ သူတို့ဘာတွေဆက်ဖြစ်မလဲ။ ကလေးတွေက သူတို့ကို မွေးစားထားတယ်ဆိုတာ သိနေတော့ မိဘအရင်းတွေလို သူတို့လေးတွေသံယောဇဉ်တွယ်နိုင်ပါ့မလား။

Image result for INSTANT FAMILY

Mark တို့လင်မယားကရော ဒီကလေးတွေဆိုးတာကို ခံနိုင်ရည်ရှိပါ့မလား ။ ဇာတ်ကားလေးမှာ ဟာသအရောနှောလေးတွေလည်းပါတော့ ပေါ့ပေါ့ပါးပါးရှိပြီး မိသားစုဆိုတဲ့ အဓိပ္ပာယ်လေးကိုလည်း လှလှပပ ပြသသွားတာတွေ့ရမှာပါ။

83 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.