ချစ်သူကလည်း ကိုယ့်ဆန္ဒအတိုင်းဆိုတော့ L.A ကိုအပြီးအပိုင်စွန့်ခွာသွားတော့မှာလား JB ရေ…🤔
ရင်းနှီးသူတွေရဲ့ ပြောဆိုချက်အရ “JB က သူ့ရဲ့ အချိန်တွေအားလုံးကို မွေးရပ်မြေကနေဒါမှာပဲကုန်ဆုံးချင်ပါတယ်။ပြီးတော့ နှစ်ယောက်သားက သူတို့မင်္ဂလာဆောင်ကျင်းပဖို့ ခန်းမကအစပြင်ဆင်ရွေးချယ်ေ်နတာ အခုချိန်ထိစိတ်ကြိုက်မဖြစ်သေးပုံပါ။အဲ့ဒါကြောင့် သူတို့လိုချင်တဲ့အတိုင်းကွက်တိဖြစ်အောင် သေချာစီစဉ်နေကြတာဖြစ်ပါတယ်။သူတို့ရဲ့ အမှတ်တရနေ့ကို perfect ဖြစ်စေချင်ကြသလို သူတို့လိုချင်တဲ့အတိုင်းကွက်တိရဖို့ သေချာအောင်လုပ်နေတာဖြစ်တယ်”လို့ပြောပြခဲ့ပါတယ်။
Unicode
နှစ်ယောက်သားလက်ထပ်ပြီးရင် ကနေဒါမှာပဲအတူနေကြဖို့အစီအစဉ်ရှိတယ်လို့သိထားပေမဲ့ JB ကတော့ အခုကတည်းက လော့အိန်ဂျလိစ်နဲ့ဝေးရာမှာနေထိုင်ဖို့ပိုပြီးဆန္ဒရှိပုံပါပဲ။ELLE မီဒီယာကနေ Justin Bieber တစ်ယောက် Hailey Baldwin ကိုခေါ်ပြီး ကနေဒါကိုထွက်ခွာသွားပြန်တယ်လို့ဖော်ပြထားပါတယ်။
နယူးယော့ခ်လိုနေရာမျိုး၊ပါပါရာဇီတွေအမြဲတမ်းလိုလိုရှိနေတဲ့နေရာမျိုးထက် ဆိတ်ငြိမ်အေးချမ်းတဲ့နေရာတစ်ခုကိုပိုပြီးလိုလားတဲ့ Justin ဟာ သူ့ရဲ ့စေ့စပ်ထားတဲ့ချစ်သူ Hailey ကိုလည်း သူနဲ့အတူခေါ်သွားဖို့ရည်ရွယ်ထားတာပါ။လက်ထပ်ပြီးရင်နေဖို့အိမ်လည်း ကနေဒါမှာဝယ်ယူထားပြီးပြီလို့သိရသလို စေ့စပ်ပြီးကြောင်းကြေညာပြီးတဲ့အချိန်ကစလို့ Jailey ကိုအမြဲတတွဲတွဲမြင်တွေ့နေရတော့တာပါပဲ။ဟိုတလောကပဲ ကနေဒါမှာအိမ်ကြည့်ပြီးနှစ်ယောက်သား L.A ကိုပြန်လာခဲ့တာပါ။
ဟော အခုတစ်ခါလည်း ကနေဒါကိုပြန်ထွက်သွားပြန်ပြီတဲ့။ကနေဒါမှာပဲ တစ်သက်လုံးနေတော့မယ်လို့စိတ်ကူးထားသလားမသိ 🤔
ဒီအချိန်မှာတော့ သူတို့စုံတွဲက ဘယ်သူမှတားလို့မရအောင် သူတို့ရဲ့အနာဂတ်ကိုသူတို့ကိုယ်တိုင်ရွေးချယ်ခဲ့ပြီးပါပြီ။Hailey ကလည်း သူမ JB နဲ့စေ့စပ်လိုက်လို့ ဝေဖန်တိုက်ခိုက်ခံရတာတွေရှိပေမဲ့ အဲ့ဒါတွေကိုလျစ်လျူရှုပြီး ပျော်ပျော်ရွှင်ရွှင်နေဖို့ပဲကြိုးစားနေတယ်လို့ပြောခဲ့ပါတယ် ။JB နဲ့စေ့စပ်လိုက်တဲ့ဒီနွေရာသီက သူမအတွက် ပြီးပြည့်စုံတဲ့အချိန်ကာလပါပဲတဲ့။💕
ဒီအချိန်မှာတော့ သူတို့စုံတွဲက ဘယ်သူမှတားလို့မရအောင် သူတို့ရဲ့အနာဂတ်ကိုသူတို့ကိုယ်တိုင်ရွေးချယ်ခဲ့ပြီးပါပြီ။Hailey ကလည်း သူမ JB နဲ့စေ့စပ်လိုက်လို့ ဝေဖန်တိုက်ခိုက်ခံရတာတွေရှိပေမဲ့ အဲ့ဒါတွေကိုလျစ်လျူရှုပြီး ပျော်ပျော်ရွှင်ရွှင်နေဖို့ပဲကြိုးစားနေတယ်လို့ပြောခဲ့ပါတယ် 💕
847 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.