ကိုယ့်ကိုကိုယ် သတ်သေဖို့ ကြိုးစားခဲ့တယ်လို့ ကောလဟာလတွေထွက်လာတဲ့ Koo Hara

Koo Hara ဟာ ဆေးတွေအလွန်ကျွံသောက်ပြီး ကိုယ့်ကိုကိုယ် သတ်သေဖို့လုပ်ခဲ့တာလို့ သတင်းတွေထွက်လာခဲ့တာဖြစ်ပါတယ်။ ဆေးတွေ အလွန်ကျွံသောက်ပြီးနောက် ဆိုးလ်က ဆေးရုံတစ်ခုသို့ Koo Hara ကိုပို့ခဲ့ရကြောင်း အွန်လိုင်းမှာ ကောလဟာလတွေပျံ့ လာခဲ့ပါတယ်။

ဒီသတင်းတွေထွက်လာတော့ ပရိတ်သတ်တွေလည်း စိတ်ပူနေခဲ့ပါတယ်။ ဒါပေမယ့် ဒီကောလဟာလတွေနဲ့ပတ်သတ်ပြီး အတည်လည်းမပြုသလို ၊ ငြင်းပယ်ခြင်းလည်းမရှိခဲ့ပါဘူး။

koo hara rumors 4

” အတည်ပြုပေးဖို့ မလွယ်ပါဘူး။ သူမကိုယ်သူမ သတ်သေဖို့လုပ်ခဲ့တဲ့ ဆေးရုံရောက်လာတာလား ၊
အခြားအကြောင်းပြချက်ကြောင့်လားဆိုတာ ပြောရခက်ပါတယ် ” – S Hospital

koo hara rumors 1

Koo Hara ရဲ့အေဂျင်စီကတော့ ဒီကောလဟာလတွေဟာ အမှန်မဟုတ်ကြောင်း ငြင်းပယ်လိုက်ပါတယ်။ သူမ ဆေးရုံတက်ရတယ်ဆိုတာတော့ မှန်တယ်။ ဒါပေမယ့် သတ်သေတာမဟုတ်ပါဘူး။ ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံလာတာပါလို့ ဆိုပါတယ်။ သူမအခြေအနေက အေးဆေးပါပဲလို့ အေဂျင်စီကပြောသွားပါတယ်။

အစာမကြေဖြစ်ပြီး ညဘက်တွေ အိပ်မပျော်ဖြစ်နေလို့ ဆေးရုံလာတာဖြစ်ကြောင်း နောက်မှ သူတို့ဘက်ကပြောလာပါတယ်။ ” နေလို့မကောင်းတာနဲ့ ဆေးရုံကိုရောက်လာတာပါ။ ထွက်တဲ့ သတင်းတွေက အမှန်မဟုတ်ပါဘူး ”

koo hara rumors 3

အခုလောလောဆယ်တော့ Koo Hara ဆေးရုံမှာပဲ စစ်ဆေးမှုခံယူပြီး အနားယူနေပါတယ်။ သူမ အေဂျင်စီက ဒီလိုမဟုတ်သတင်းတွေဖြန့်နေတာ ရပ်လိုက်ဖို့ပြောထားပါတယ်။ ဒီကောလဟာလတွေဟာ သူမကိုလည်း ထိခိုက်မှုရှိစေလို့ဆိုပြီး ပြောပါတယ်။

129 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.