Girls’ Generation အဖြဲ႔၀င္မမေတြေၾကာင့္ မ်က္ရည္က်ခဲ႔ရတဲ႔ Seohyun 🌸

ေကေပါ့ပ္ပရိသတ္ေတြဆုိရင္ Girls’ Generation အဖြဲ႔၀င္ေတြတစ္ေယာက္ကိုတစ္ေယာက္ ဘယ္ေလာက္ထိခ်စ္ခင္ရင္းနွီးၾကလဲဆုိိတာသိျပီးသားျဖစ္မွာပါ။၁၀ႏွစ္ေက်ာ္နီးပါးအတူတူရပ္တည္လာၾကတဲ႔အဖြဲ႔ျဖစ္တဲ႔အတြက္ ဘယ္ေလာက္ပဲအႏုပညာလမ္းေၾကာင္းေတြေျပာင္းေျပာင္း ခင္မင္ရင္းႏွီးမႈကေတာ့မေျပာင္းမလဲရွိေနတယ္ဆုိတာ မၾကာေသးခင္ကပဲ သက္ေသျပခဲ႔ၾကပါတယ္။

အဖြဲ႔၀င္တစ္ေယာက္ျဖစ္တဲ႔ Seohyun ဟာ ဂီတေလာကအျပင္ သရုပ္ေဆာင္ေလာကထဲကုိပါေျခခ်ေနပါျပီ။လူေကာင္းလူဆုိးလုိ႔နာမည္ေက်ာ္ခဲ႔တဲ႔ဇာတ္လမ္းတြဲမွာလည္းသူမဟာ ေခါင္းေဆာင္မင္းသမီးအျဖစ္ပါ၀င္ခဲ႔ျပီး အခုလက္ရွိမွာလည္း “Time” ဇာတ္လမ္းတြဲကုိရိုက္ကူးေနပါတယ္။

တစ္ကုိယ္ေတာ္အေခြထြက္ဖုိ႔ၾကိဳးစားေနတဲ႔ အဖြဲ႔၀င္ Tiffany ဟာလည္း ဘယ္ေလာက္ပဲ အႏုပညာလမ္းေၾကာင္းကြဲပါေစ သူငယ္ခ်င္းျဖစ္တဲ႔ Seohyun အတြက္ အားေပးဖုိ႔လည္းမေမ့ေလ်ာ့ခဲ႔ပါဘူး။Seohyun ရဲ ႔ရုိက္ကြင္းကုိ ေကာ္ဖီကားေလးပုိ႔ေပးခဲ႔ျပီး သူမရဲ ႔ခ်စ္ျခင္းေမတၱာကုိျပသခဲ႔ပါတယ္တဲ႔။အဲ႔ဒီမွာပဲ Girls’ Generation ရဲ ႔က်န္တဲ႔အဖြဲ႔၀င္ေတြဟာလည္း Seohyun နဲ႔ရုိက္ကူးေရးအဖြဲ႔သားေတြအတြက္ “Seo Joohyun! Have a cup of coffee if you have time” ဆုိတဲ႔စာတန္းေလးနဲ႔ ေကာ္ဖီကားေတြပုိ႔ေပးခဲ႔ၾကပါတယ္။

Hyoyeon ဟာဆုိရင္ Seohyun အတြက္အခ်ိန္ေပးျပီးတကူးတကသြားေတ႔ြကာ အားေပးခဲ႔ပါေသးတယ္။ဒီလုိအခ်ိန္ေပးျပီးအားေပးတဲ႔အတြက္ ၀မ္းသာၾကည္ႏူးမိျပီး ငိုေတာင္ငိုမိတဲ႔အေၾကာင္းကုိ Seohyun က သူမရဲ႔အင္စတာဂရမ္အေကာင့္ကေန “အစ္မ Hyoyeon ကုိေတြ႔တဲ႔အခ်ိန္
မ်က္ရည္ေတြဘာလို႔ က်လာမွန္းမသိပါဘူး။အရမ္းပင္ပန္းေနတဲ႔အခ်ိန္ ဒီလုိအစ္မေတြရဲ႔အားေပးမႈက တကယ့္ကုိၾကည္ႏူးအားျဖစ္ေစခဲ႔ပါတယ္။ေက်းဇူးအမ်ားၾကီးတင္ပါတယ္။ေပ်ာ္လည္းေပ်ာ္တယ္။ျပီးေတာ့ အဖြဲ႔ထဲမွာအငယ္ဆံုးျဖစ္ရလို႔ ေက်လည္းေက်နပ္မိပါတယ္။ညီမ အစ္မတုိ႔ကုိအရမ္းခ်စ္တယ္ဆုိတာ သိတယ္မွတ္လား?အခုလိုအႏုပညာလမ္းေၾကာင္းကုိယ္စီနဲ႔ေ၀းကြာေနေပမဲ႔ ခင္မင္စရာအေကာင္းဆံုးအစ္မေတြက အျမဲအတူရွိေနပါတယ္။ခ်စ္တယ္ အစ္မ Hyoyeon အခုလိုအလုပ္မ်ားေနတဲ႔ၾကားက ညီမရဲ ႔ရုပ္ရွင္ရိုက္ကြင္းကုိလာေပးတဲ့အတြက္ 💕 အမ်ားၾကီးခ်စ္တယ္ You’re the best💋 “ဆုိျပီး ေရးသားခဲ႔ပါတယ္။

Unicode

ကေပေါ့ပ်ပရိသတ်တွေဆိုရင် Girls’ Generation အဖွဲ့ဝင်တွေတစ်ယောက်ကိုတစ်ယောက် ဘယ်လောက်ထိချစ်ခင်ရင်းနှီးကြလဲဆိုိတာသိပြီးသားဖြစ်မှာပါ။၁ဝနှစ်ကျော်နီးပါးအတူတူရပ်တည်လာကြတဲ့အဖွဲ့ဖြစ်တဲ့အတွက် ဘယ်လောက်ပဲအနုပညာလမ်းကြောင်းတွေပြောင်းပြောင်း ခင်မင်ရင်းနှီးမှုကတော့မပြောင်းမလဲရှိနေတယ်ဆိုတာ မကြာသေးခင်ကပဲ သက်သေပြခဲ့ကြပါတယ်။

အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Seohyun ဟာ ဂီတလောကအပြင် သရုပ်ဆောင်လောကထဲကိုပါခြေချနေပါပြီ။လူကောင်းလူဆိုးလို့နာမည်ကျော်ခဲ့တဲ့ဇာတ်လမ်းတွဲမှာလည်းသူမဟာ ခေါင်းဆောင်မင်းသမီးအဖြစ်ပါဝင်ခဲ့ပြီး အခုလက်ရှိမှာလည်း “Time” ဇာတ်လမ်းတွဲကိုရိုက်ကူးနေပါတယ်။

တစ်ကိုယ်တော်အခွေထွက်ဖို့ကြိုးစားနေတဲ့ အဖွဲ့ဝင် Tiffany ဟာလည်း ဘယ်လောက်ပဲ အနုပညာလမ်းကြောင်းကွဲပါစေ သူငယ်ချင်းဖြစ်တဲ့ Seohyun အတွက် အားပေးဖို့လည်းမမေ့လျော့ခဲ့ပါဘူး။Seohyun ရဲ ့ရိုက်ကွင်းကို ကော်ဖီကားလေးပို့ပေးခဲ့ပြီး သူမရဲ ့ချစ်ခြင်းမေတ္တာကိုပြသခဲ့ပါတယ်တဲ့။အဲ့ဒီမှာပဲ Girls’ Generation ရဲ ့ကျန်တဲ့အဖွဲ့ဝင်တွေဟာလည်း Seohyun နဲ့ရိုက်ကူးရေးအဖွဲ့သားတွေအတွက် “Seo Joohyun! Have a cup of coffee if you have time” ဆိုတဲ့စာတန်းလေးနဲ့ ကော်ဖီကားတွေပို့ပေးခဲ့ကြပါတယ်။

Hyoyeon ဟာဆိုရင် Seohyun အတွက်အချိန်ပေးပြီးတကူးတကသွားတွေ့ကာ အားပေးခဲ့ပါသေးတယ်။ဒီလိုအချိန်ပေးပြီးအားပေးတဲ့အတွက် ဝမ်းသာကြည်နူးမိပြီး ငိုတောင်ငိုမိတဲ့အကြောင်းကို Seohyun က သူမရဲ့အင်စတာဂရမ်အကောင့်ကနေ “အစ်မ Hyoyeon ကိုတွေ့တဲ့အချိန်
မျက်ရည်တွေဘာလို့ ကျလာမှန်းမသိပါဘူး။အရမ်းပင်ပန်းနေတဲ့အချိန် ဒီလိုအစ်မတွေရဲ့အားပေးမှုက တကယ့်ကိုကြည်နူးအားဖြစ်စေခဲ့ပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်။ပျော်လည်းပျော်တယ်။ပြီးတော့ အဖွဲ့ထဲမှာအငယ်ဆုံးဖြစ်ရလို့ ကျေလည်းကျေနပ်မိပါတယ်။ညီမ အစ်မတို့ကိုအရမ်းချစ်တယ်ဆိုတာ သိတယ်မှတ်လား?အခုလိုအနုပညာလမ်းကြောင်းကိုယ်စီနဲ့ဝေးကွာနေပေမဲ့ ခင်မင်စရာအကောင်းဆုံးအစ်မတွေက အမြဲအတူရှိနေပါတယ်။ချစ်တယ် အစ်မ Hyoyeon အခုလိုအလုပ်များနေတဲ့ကြားက ညီမရဲ ့ရုပ်ရှင်ရိုက်ကွင်းကိုလာပေးတဲ့အတွက် 💕 အများကြီးချစ်တယ် You’re the best “ဆိုပြီး ရေးသားခဲ့ပါတယ်။

306 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.