ကိုယ့်ရဲ့စေတနာဟာ သူအတွက်အပူမဖြစ်ပါစေနဲ့…🙃🙃

လည်းပါပါတယ်။

Unicode

လူတွေရဲ့စိတ်က နက်ရှိုင်းသွားပြီဆိုရင် ပိုပြီးပူလောင်တတ်ကြတာသဘာဝပါပဲလေ…ကိုယ်မြတ်နိုးပြီ၊ ကိုယ်ချစ်ခင်ပြီ ကိုယ်တွယ်တာမိပြီဆိုရင် ဒီလူရဲ့ အကောင်းအဆိုးတွေကို အသေးစိတ်ကအစလိုက်ကြည့်ပြီးပူပန်စိုးရိမ်တတ်ကြတာအရမ်းပါပဲ။ တစ်ပျစ်တောက်တောက်နဲ့အမုန်းခံ
အမြင်ကတ်ခံပြီးပြောနေရလည်းဝန်မလေးဘူး ။ မထိခိုက်ဖို့မနာကျင်ဖို့ကိုပဲတွေးပြီး ပြောဆိုနေတတ်ကြတာပါ။ဒီလိုပြောဆိုတာနေတာ ဒီလိုပူပန်လွန်းနေတာကလူတစ်ယောက်အပေါ်ထားတဲ့မေတ္တာစေတနာပင်မဲ့ ကိုယ့်ရဲ့စေတနာတွေက လွန်များသွားတဲ့အခါ တစ်ခါတစ်လေ တစ်ဖက်လူကို အရမ်းပူလောင်သွားစေပါတယ်။စေတနာကစေတနာနဲ့မတူပဲ တွန်းအားလိုလို စိတ်ဖိစီးမှုလိုလိုတွေဖြစ်လာတတ်ပြီး ဒီလိုတစ်ပျစ်တောက်တောက်ပြောဆိုနေသူတွေရဲ့အနားကနေထွက်သွားချင်တတ်ကြပါတယ်။ ကိုယ့်ရဲ့စေတနာတွေ ကြောင့် ဘေးကင်းပျော်ရွှင်ရတာထက် ပူလောင်နာကျင် ခံစားနေရတာများရင် ကိုယ့်စေတနာက အရာထင်မယ်မထင်ပါဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်တောင်မပိုင်တဲ့လူ့လောကကြီးထဲမှာ တစ်ပါးသူအပေါ်စေတနာထားတာမှန်ပင်မဲ့ ကိုယ့်အတွက်ရောသူ့အတွက်ပါပူလောင်နာကျင်ရမဲ့တစ်ဖက်စွန်းရောက်ပူပန်မှုမျိုးကို မထားမိဖို့အကြံပေးပါရစေ။ အရာအားလုံးကသူ့ဘဝနဲ့သူသူ့ကံနဲ့သူမလို့ လွန်သွားရင်မကောင်းတဲ့ထဲမှာ စေတနာတွေစိုးရိမ်ပူပန်မှုတွေ
လည်းပါပါတယ်။

483 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.