ေပးဆပ္တဲ႔အခ်စ္မ်ိဳးနဲ႕ခ်စ္တတ္ေနျပိလား…😊😊

ကဲ…အခ်စ္သူရဲေကာင္းသူေတာ္ေကာင္းအေပါင္းတို႕…အခုေခတ္ျကီးထဲသိပ္ရွားပါးလြန္းတဲ႔စြန္႔လႊတ္အနစ္နာခံတတ္တဲ႔အခ်စ္မ်ိိဳးသင္တို႕မွာရွိတာလည္းဘုရားေပးတဲ႔ဆုတစ္ခုလုိ႕ေျပာလို႕ရပါတယ္။ ဒီလုိတစ္စံုတစ္ေယာက္ အမွန္တကယ္ေပ်ာ္ရႊင္ရဖို႕ ကိုယ္႔ရဲ႕ သာယာမႈေတြ ကိုယ္႔ရဲ႕ ေပ်ာ္ရႊင္မႈေတြ ကိုယ္႔ရဲ႕အခ်စ္ေတြကို ထည္႔မတြက္ ကိုယ္႔ျကိုးကိုမငဲ႕ပဲေပးဆပ္တဲ႔အခ်စ္မ်ိဳးနဲ႕ခ်စ္တတ္ေနျပီလား။ ေျပာေတာ႔ ေရးေတာ႔သာဒါမ်ိဳးေတြကလြယ္တာ တကယ္တမ္းလက္ေတြ႕ခ်စ္ဖုိ႕ကေတာ႔ခက္သားဗ်…ဘာလုိ႕ခက္လည္းေမးရင္ လူတစ္ေယာက္ကို ဘာေမ်ွာ္လင္႔ခ်က္မွမရွိပဲ သူ႕ေပ်ာ္ရႊင္မႈကိုသာျကည္႔ျပီးခ်စ္တတ္တဲ႔သူေတြကတစ္ရာမွတစ္ေယာက္ေတာင္ မရွိသေလာက္ျဖစ္ေနလုိ႕႔ပါပဲ။ တကယ္သာဒီလိုစိတ္မ်ိဳးထားျပီးတစ္ဦးအေပၚတစ္ဦးခ်စ္တတ္ျကရင္ေတာ႔ျဖင္႔ ေလာကျကီးမွာ အခ်စ္ေျကာင္႔ပင္ပန္းရတယ္တို႕၊ အခ်စ္ေျကာင္႔နာက်င္ခံစားရတယ္ တို႕ဘာတုိ႕ရွားမွရွားျဖစ္သြားမွာပါ။ ကိုယ္တုိင္ကိုက လုိခ်င္တပ္မက္မႈေတြမ်ားတဲ႔ပူေလာင္တဲ႔အခ်စ္ေတြကိုလုိခ်င္ ကိုယ္တုိင္လည္းပူေလာင္နာက်င္စရာေတြေပးေနသမ်ွေတာ႔ ဒီအခ်စ္ေရးေတြကစိတ္ပ်က္စရာေကာင္းေနအံုးမွာပါပဲ။ သက္ေရာက္မႈတုိင္းမွာ တန္ျပန္သက္ေရာက္တာမရွိပါဘူး ….လို႕စိတ္ဓာတ္က်တတ္တဲ႔သူေတြကို ေျပာခ်င္တာက တကယ္တမ္းသာ ကိုယ္႔ရဲ႕ေမတၱာဟာစစ္မွန္ခဲ႔ရင္တကယ္သာ ကိုယ္႔ရဲ႕ေပးဆပ္မႈေတြကျဖဴစင္ခဲ႔ရင္ ကိုယ္႔ေစတနာ ကိုယ္႔ေမတၱာေတြဟာတစ္ေနရာမဟုတ္တစ္ေနရာအကိ်ဳးသက္ေရာက္မႈေတြရွိေနမွာအေသခ်ာပါပဲ…အရာအားလံုးကအခ်ိန္တန္ရင္သူ႕ေနရာနဲ႕သူတစ္သားတည္းကံစီမံရာအတိုင္း
ျဖစ္သြားမွာမလုိ႕ လက္ရွိမွာ ကိုယ္ဟာလူတစ္ေယာက္ရဲ႕ေပ်ာ္ရႊင္မႈကိုသာရည္စူးျပီးခ်စ္တတ္ခဲ႔ရင္ ဘယ္အခ်ိန္ေရာက္ေရာက္ဘယ္ေနရာမွာပဲက်န္ရစ္ျဖစ္ခဲ႔ျဖစ္ခဲ႔သင္ေနာင္တရေနမွာမဟုတ္ေတာ႔ပါဘူး…အခ်စ္နဲ႕ပတ္သတ္ရင္သင္အနိုင္ရသြားပါျပီ…

Unicode

ကဲ…အချစ်သူရဲကောင်းသူတော်ကောင်းအပေါင်းတို့…အခုခေတ်ကြီးထဲသိပ်ရှားပါးလွန်းတဲ့စွန့်လွှတ်အနစ်နာခံတတ်တဲ့အချစ်မျိိုးသင်တို့မှာရှိတာလည်းဘုရားပေးတဲ့ဆုတစ်ခုလို့ပြောလို့ရပါတယ်။ ဒီလိုတစ်စုံတစ်ယောက် အမှန်တကယ်ပျော်ရွှင်ရဖို့ ကိုယ့်ရဲ့ သာယာမှုတွေ ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေ ကိုယ့်ရဲ့အချစ်တွေကို ထည့်မတွက် ကိုယ့်ကြိုးကိုမငဲ့ပဲပေးဆပ်တဲ့အချစ်မျိုးနဲ့ချစ်တတ်နေပြီလား။ ပြောတော့ ရေးတော့သာဒါမျိုးတွေကလွယ်တာ တကယ်တမ်းလက်တွေ့ချစ်ဖို့ကတော့ခက်သားဗျ…ဘာလို့ခက်လည်းမေးရင် လူတစ်ယောက်ကို ဘာမျှော်လင့်ချက်မှမရှိပဲ သူ့ပျော်ရွှင်မှုကိုသာကြည့်ပြီးချစ်တတ်တဲ့သူတွေကတစ်ရာမှတစ်ယောက်တောင် မရှိသလောက်ဖြစ်နေလို့့ပါပဲ။ တကယ်သာဒီလိုစိတ်မျိုးထားပြီးတစ်ဦးအပေါ်တစ်ဦးချစ်တတ်ကြရင်တော့ဖြင့် လောကကြီးမှာ အချစ်ကြောင့်ပင်ပန်းရတယ်တို့၊ အချစ်ကြောင့်နာကျင်ခံစားရတယ် တို့ဘာတို့ရှားမှရှားဖြစ်သွားမှာပါ။ ကိုယ်တိုင်ကိုက လိုချင်တပ်မက်မှုတွေများတဲ့ပူလောင်တဲ့အချစ်တွေကိုလိုချင် ကိုယ်တိုင်လည်းပူလောင်နာကျင်စရာတွေပေးနေသမျှတော့ ဒီအချစ်ရေးတွေကစိတ်ပျက်စရာကောင်းနေအုံးမှာပါပဲ။ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်တာမရှိပါဘူး ….လို့စိတ်ဓာတ်ကျတတ်တဲ့သူတွေကို ပြောချင်တာက တကယ်တမ်းသာ ကိုယ့်ရဲ့မေတ္တာဟာစစ်မှန်ခဲ့ရင်တကယ်သာ ကိုယ့်ရဲ့ပေးဆပ်မှုတွေကဖြူစင်ခဲ့ရင် ကိုယ့်စေတနာ ကိုယ့်မေတ္တာတွေဟာတစ်နေရာမဟုတ်တစ်နေရာအကျိုးသက်ရောက်မှုတွေရှိနေမှာအသေချာပါပဲ…အရာအားလုံးကအချိန်တန်ရင်သူ့နေရာနဲ့သူတစ်သားတည်းကံစီမံရာအတိုင်း
ဖြစ်သွားမှာမလို့ လက်ရှိမှာ ကိုယ်ဟာလူတစ်ယောက်ရဲ့ပျော်ရွှင်မှုကိုသာရည်စူးပြီးချစ်တတ်ခဲ့ရင် ဘယ်အချိန်ရောက်ရောက်ဘယ်နေရာမှာပဲကျန်ရစ်ဖြစ်ခဲ့ဖြစ်ခဲ့သင်နောင်တရနေမှာမဟုတ်တော့ပါဘူး…အချစ်နဲ့ပတ်သတ်ရင်သင်အနိုင်ရသွားပါပြီ…

299 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.