ကိုယ္ခက္ခက္ခဲခဲ ေရြးခ်ယ္ဖန္တီးထားတဲ႔လမ္းေျကာင္းေပၚကိုအသာေလးတက္လုိက္လာတဲ႔သူမ်ိဳးေတြျကံုဖူးမွာပါ…

ယူတုိ႕တစ္သတ္မွာ တစ္ေယာက္မဟုတ္တစ္ေယာက္နဲ႕ေတာ႔ျကံုခဲ႔ဘူးမွာပါ။ ဒီလိူသင္ပင္ပင္ပန္းပန္းခင္းထားတဲ႔လမ္းမ်ိဳးမွာ သင္ေတာင္မနင္းရေသးပဲဦးဦးဖ်ားဖ်ား နင္းေလ်ွာက္သြားတာမ်ိဳးေတြအမ်ားျကီးရွိခဲ႔ဖူးမွာပါ။ ဒီလိုလူမ်ိဳးေတြနဲ႕သင္႔ဘ၀မွာျကံုရတဲ႔အခါ ယဥ္ေက်းမႈအရ ရန္ေတြ႕ရမွာလည္းခက္
အခဲမေျကသလိုလည္းခံစားေနမိျကမွာပါပဲ။ ဆုိေတာ႔ ကိုယ္ခက္ခက္ခဲခဲ ရုန္းကန္ထားတဲ႔လမ္းေျကာင္းအေပၚအသင္႔ျဖတ္ေလ်ွာက္တတ္သူေတြနဲ႕ျကံုတဲ႔အခါဒီလုိမ်ိဳးေလးေတြ ေရွာင္တိမ္းတတ္ဖို႕လုိပါတယ္…
(၁) အားနာပင္မဲ႔….ဆုိတဲ႔စကားကုိအစခ်ီျပီးျငင္းဆုိပါ
မ်က္နွာေျပာင္တိုက္ျပီးကိုယ္႔ခၽြဲနဲ႕ေသြးနဲ႕ဖန္တီးထားတဲ႔အရာကို အေပၚစီးကေနလုယူဖုိ႕ျကိုးစားတဲ႔အခါ အားနာပင္မဲ႔ မလုပ္နုိင္ပါဘူး၊ အားနာပင္မဲ႔ မေပးနုိင္ပါဘူး၊ အားနာပင္မဲ႔
ခြင္႔မျပဳနုိင္ပါဘူး ဆိုတဲ႔အသံုးနႈန္းေတြနဲ႕ယဥ္ေက်းစြာ ပညာရွိနည္းနဲ႕ ျငင္းဆိုပါ။
(၂) အစကတည္းကျကိုသိရင္ ျကိုေရွာင္ပါ
သာေပါင္းညာစားစိတ္ဓာတ္ရွိျပီးသူတစ္ပါးအေပၚအျမတ္ထုတ္ဖို႕ပဲစဥ္းစားေနတဲ႔သူမွန္းအစတည္းကသိတဲ႔အခါ သူ႕ ေရွ႕မွာဘယ္ေတာ႔မွ ကိုယ္႔ဖန္တီးခ်က္ေတြ ကိုယ္တည္ေဆာက္ထားတဲ႔အရာေတြကို ခ်မျပမိပါေစနဲ႕။ ဘာမွမသိမတတ္တဲ႔သူရိုးသဖြယ္ေနထုိင္ျခင္းကကိုယ္႔ ပိုင္ဆုိင္မႈကို ကာကြယ္ရာေရာက္ပါတယ္။ စကားအေခ်အတင္လည္းအမ်ားျကီးေျပာစရာမလိုေတာ႔ဘူးေပါ႔။
(၃) ကိုယ္လုပ္တဲ႔အရာတုိင္းမွာ ရည္ရြယ္ခ်က္ရွိပါေစ
ကိုယ္ဖန္တီးထားတဲ႔အရာေတြကို အခန္႔သားျကီး မ်က္နွာေျပာင္တုိက္ကာ အသံုးခ်လုိက္ရင္ေတာင္သူနဲ႕ကိုယ္နဲ႕ရဲ႕ဒီအရာေပၚထားတဲ႔ရည္မွန္းခ်က္ကကြာျခားနုိင္ပါတယ္။ ဒါေျကာင္႔ကိုယ္႔အရည္ေသြးနဲ႕ဖန္တီးထားသမ်ွအရာတိုင္းမွာ ရည္မွန္းခ်က္ေကာင္းေတြရွိေနပါေစ။ ဒါဆိုရင္ ဘယ္သူပဲ ကိုယ္႔ရဲ႕လမ္းေျကာင္းေပၚလုတတ္တတ္ ကိုယ္ကသူတို႕ျပဳတ္အက်ကိုေစာင္႔ျကည္႔ေနလုိက္ရံုပါပဲ။
မာယာေတြ ေလာဘသားေတြမ်ားတဲ႔ေလာကျကီးမွာ ရိုးရိုးသားသားေနရင္း သူမ်ားနင္းေျခသြားတဲ႔လူညံ႕မ်ိဳးမျဖစ္ေလေအာင္ အထာက်က်နဲ႕ဘယ္အရာမဆိုပညာသားပါပါေျဖရွင္းတတ္ဖို႕လိုပါတယ္။

Unicode

ယူတို့တစ်သတ်မှာ တစ်ယောက်မဟုတ်တစ်ယောက်နဲ့တော့ကြုံခဲ့ဘူးမှာပါ။ ဒီလိူသင်ပင်ပင်ပန်းပန်းခင်းထားတဲ့လမ်းမျိုးမှာ သင်တောင်မနင်းရသေးပဲဦးဦးဖျားဖျား နင်းလျှောက်သွားတာမျိုးတွေအများကြီးရှိခဲ့ဖူးမှာပါ။ ဒီလိုလူမျိုးတွေနဲ့သင့်ဘဝမှာကြုံရတဲ့အခါ ယဉ်ကျေးမှုအရ ရန်တွေ့ရမှာလည်းခက်
အခဲမကြေသလိုလည်းခံစားနေမိကြမှာပါပဲ။ ဆိုတော့ ကိုယ်ခက်ခက်ခဲခဲ ရုန်းကန်ထားတဲ့လမ်းကြောင်းအပေါ်အသင့်ဖြတ်လျှောက်တတ်သူတွေနဲ့ကြုံတဲ့အခါဒီလိုမျိုးလေးတွေ ရှောင်တိမ်းတတ်ဖို့လိုပါတယ်…
(၁) အားနာပင်မဲ့….ဆိုတဲ့စကားကိုအစချီပြီးငြင်းဆိုပါ
မျက်နှာပြောင်တိုက်ပြီးကိုယ့်ချွဲနဲ့သွေးနဲ့ဖန်တီးထားတဲ့အရာကို အပေါ်စီးကနေလုယူဖို့ကြိုးစားတဲ့အခါ အားနာပင်မဲ့ မလုပ်နိုင်ပါဘူး၊ အားနာပင်မဲ့ မပေးနိုင်ပါဘူး၊ အားနာပင်မဲ့
ခွင့်မပြုနိုင်ပါဘူး ဆိုတဲ့အသုံးနှုန်းတွေနဲ့ယဉ်ကျေးစွာ ပညာရှိနည်းနဲ့ ငြင်းဆိုပါ။
(၂) အစကတည်းကကြိုသိရင် ကြိုရှောင်ပါ
သာပေါင်းညာစားစိတ်ဓာတ်ရှိပြီးသူတစ်ပါးအပေါ်အမြတ်ထုတ်ဖို့ပဲစဉ်းစားနေတဲ့သူမှန်းအစတည်းကသိတဲ့အခါ သူ့ ရှေ့မှာဘယ်တော့မှ ကိုယ့်ဖန်တီးချက်တွေ ကိုယ်တည်ဆောက်ထားတဲ့အရာတွေကို ချမပြမိပါစေနဲ့။ ဘာမှမသိမတတ်တဲ့သူရိုးသဖွယ်နေထိုင်ခြင်းကကိုယ့် ပိုင်ဆိုင်မှုကို ကာကွယ်ရာရောက်ပါတယ်။ စကားအချေအတင်လည်းအများကြီးပြောစရာမလိုတော့ဘူးပေါ့။
(၃) ကိုယ်လုပ်တဲ့အရာတိုင်းမှာ ရည်ရွယ်ချက်ရှိပါစေ
ကိုယ်ဖန်တီးထားတဲ့အရာတွေကို အခန့်သားကြီး မျက်နှာပြောင်တိုက်ကာ အသုံးချလိုက်ရင်တောင်သူနဲ့ကိုယ်နဲ့ရဲ့ဒီအရာပေါ်ထားတဲ့ရည်မှန်းချက်ကကွာခြားနိုင်ပါတယ်။ ဒါကြောင့်ကိုယ့်အရည်သွေးနဲ့ဖန်တီးထားသမျှအရာတိုင်းမှာ ရည်မှန်းချက်ကောင်းတွေရှိနေပါစေ။ ဒါဆိုရင် ဘယ်သူပဲ ကိုယ့်ရဲ့လမ်းကြောင်းပေါ်လုတတ်တတ် ကိုယ်ကသူတို့ပြုတ်အကျကိုစောင့်ကြည့်နေလိုက်ရုံပါပဲ။
မာယာတွေ လောဘသားတွေများတဲ့လောကကြီးမှာ ရိုးရိုးသားသားနေရင်း သူများနင်းခြေသွားတဲ့လူညံ့မျိုးမဖြစ်လေအောင် အထာကျကျနဲ့ဘယ်အရာမဆိုပညာသားပါပါဖြေရှင်းတတ်ဖို့လိုပါတယ်။

109 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.