အရေးပေါ်အခြေအနေတွေကြုံလာတဲ့အခါ ကိုယ့်ကိုကိုယ် ပြန်လည်ကယ်တင်နိုင်ဖို့

ကိုယ်ပြန်နေကျလမ်းမှာ အနောက်ကနေ သူစိမ်းတစ်ယောက်ယောက် လိုက်လာသည်ဖြစ်စေ၊ ရုတ်တရက် ကိုယ့်ကို ဝင်လုံးသည်ဖြစ်စေ ဒီနည်းလမ်းလေးတွေကို သိထားရင် အနည်းဆုံးတော့ ကိုယ့်ကိုကိုယ်ပြန်ကယ်တင်နိုင်မယ်လို့ ထင်ပါတယ်။

တစ်ယောက်ယောက်က အတင်းဆွဲခေါ်တဲ့အခါ


တစ်ယောက်ယောက်က အတင်းဆွဲခေါ်တဲ့အခါ မင်းရဲ့ပစ္စည်းတွေကို တတ်နိုင်သလောက် အဲ့ဒီနေရာမှာပစ်ချခဲ့ပါ။ ဖုန်းကိုသာ ကိုယ်နဲ့မကွာထားထားစေချင်ပါတယ်။ အခွင့်ရေးရတာနဲ့ ဒီဖုန်းကပဲ မင်းကိုအမြန်ဆုံးကယ်တင်ပေးနိုင်မှာပါ။

ဓာတ်လှေကားထဲမှာ မသင်္ကာစရာလူနဲ့ ပိတ်မိနေခဲ့ရင်


ဓာတ်လှေကားထဲမှာ မသင်္ကာစရာလူနဲ့ ပိတ်မိနေတဲ့အခါ ရှိသမျှ အထပ်တွေအားလုံးရဲ့နံပါတ်ကို နှိပ်ပစ်လိုက်ပါ။ အနီးဆုံးရောက်နေတဲ့ အထပ်ကြရင် တံခါးပွင့်သွားမှာဖြစ်တဲ့အတွက် ဒီနည်းဟာ ထိုလူကို ဝေခွဲမရ ၊ စိတ်ရှုပ်ထွေးအောင်ပြုလုပ်နိုင်ပါတယ်။

မုန်တိုင်းလာ ၊ မလာ သိချင်ရင်


မုန်တိုင်း တိုက်မလားသိချင်ရင် ခွက်ထဲ အရည်တစ်ခုခုထည့်ပြီး ရှိတ်လိုက်ပါ။ ခွက်ထဲမှာ အမြှုပ်တွေမရှိတော့ဘူးဆိုရင် ရာသီဥတုအခြေအနေကောင်းပါတယ်။ တကယ်လို့ ခွက်ထဲ အမြုပ်တွေထနေမယ်ဆိုရင်တော့ မုန်တိုင်းလာတော့မှာပါ။ ဒီအခြေအနေဟာ လေထုဖိအားနဲ့လည်း သက်ဆိုင်ပါတယ်။

ကားဘီး လေလျော့သွားရင်


ဘယ်နေရာမှာပဲဖြစ်ဖြစ် ကားဘီးလေလျော့သွားတဲ့အခါ တာယာမှာ အပေါက်သေးသေးဖောက်ပြီး
မြက်ပင်(သို့) ကောက်ရိုးနဲ့ ထိုအပေါက်ထဲကို သိပ်ထည့်လိုက်ပါ။ ဟုတ်ပါတယ်.. service station ရောက်ရင်တော့ တာယာကိုလွှင့်ပစ်လိုက်ရမှာပါပဲ။ ဒါပေမယ့် ဒီနည်းလမ်းက သင့်ကိုအိမ်အထိရောက်အောင်တော့အကူညီဖြစ်စေမှာပါ။

မီးမတော်တဆဖြစ်လာရင်


မီးဖိုထဲ ဆီဝင်တာပဲဖြစ်ဖြစ်၊ တစ်စုံတစ်ခုကြောင့် မီးဖို မီးထတောက်လာရင် မုန့်ဖုတ်ဆော်ဒါတွေ အပေါ်ကများများဖြူးပေးပါ။ မုန့်ဖုတ်ဆော်ဒါနဲ့ မီးငြိမ်းတဲ့အခါ ကာဗွန်ဒိုင် အောက်ဆိုဒ်တွေထွက်လာပြီး အချိန်တိုတွင်းမီးငြိမ်းသွားပါလိမ့်မယ်။ ဒီနည်းလမ်းက အသေးစား မီးတောက်တာလောက်ပဲ အသုံးဝင်မှာပါ။

မှောင်တဲ့လမ်းကို သွားတဲ့အခါ


အမှောင်လမ်းတွေထဲ လမ်းလျှောက်ရတဲ့အခါ ဖုန်းက flash မီးကိုအသုံးပြုပါ။ ဒါမှ driver တွေလည်း သင်လမ်းလျှောက်နေတာကို သတိထားမိမှာပါ။

အရေးပေါ်အခြေအနေတွေ ကြုံလာတဲ့အခါ ဒီနည်းလမ်းလေးတွေက သင့်အတွက် အထောက်ကူဖြစ်စေမှာပါ။ နောက်အပတ်များမှာလည်း စာဖတ်သူများအတွက် အလျင်းသင့်သလို ဒီလို tips လေးတွေ တင်ဆက်ပေးသွားပါမယ်နော်။

483 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.