အ၀တ်အစားသစ်တွေဝယ်လာပြီဆို မ၀တ်ခင် မဖြစ်မနေလျှော်ပေးသင့်တဲ့အကြောင်းရင်း 🤔
Unicode
အခုမှအသစ်ကျပ်ချွတ်ဝယ်လာတဲ့အဝတ်အစားတွေကို မဝတ်ခင်အရင်ဆုံးလျှော်သင့်လား?
ဒီအကျိီတွေက ဆိုင်ကဝယ်လာတာ အသစ်တွေပဲ၊လျှော်စရာမလိုဘူးလို့ထင်ကြတဲ့သူတွေရှိသလို တစ်ချို့ကတော့ မဝတ်ခင် အရင်ဆုံးလျှော်လေ့ရှိကြပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးလေ့လာကြည့်တဲ့အခါမှာတော့ ဒီလိုအဝတ်အစားအသစ်တွေနဲ့ပတ်သက်လို့ ကိုယ်ဘယ်လိုခံစားရတယ်ဆိုတဲ့အပေါ်မှာပဲမူတည်ပါတယ်တဲ့။
ဆိုလိုတာက ကိုယ်က အင်းဆက်ပိုးမွှားတွေကူးစက်မှာကြောက်သူလား၊အဝတ်အစားသစ်ပဲဖြစ်ပါစေ မသန့်ဘူးထင်နေလား၊ရောဂါပိုးတွေပါလာမှာစိတ်ပူနေသူလား အဲ့လိုမျိုး စိတ်မသိုးမသန့်ဖြစ်နေရင် လျှော်ပစ်လိုက်ပါ၊အဲ့လိုမျိုးမခံစားရဘူးဆိုရင်တော့ မလျှော်နဲ့ပေါ့။ပြောစရာတစ်ခုရှိတာက ကိုယ်က စိတ်မသိုးမသန့်မဖြစ်လို့မလျှော်တော့ဘူးပဲထား။ရောဂါပိုးမွှားတွေက တကယ်ပဲရှိလား။အကျီအသစ်ကျပ်ချွတ်ကြီးမှာလေ 🤔
ရှိပါတယ် 😮ကိုလံဘီယာတက္ကသိုလ်ဆေးပညာဌာနက ပရော်ဖက်ဆာ Donald Belsito ရဲ ့အဆိုအရ အဲ့ဒီအသစ်ကျပ်ချွတ်အဝတ်အစားတွေဟာ ကိုယ်တွေထင်ထားသလောက် လုံးဝသန့်စင်မနေပါဘူးတဲ့။အဝတ်အစားကနေတစ်ဆင့်ကူးစက်တတ်တဲ့ Scabies ပိုးမွှားမျိုးရှိတယ်လို့ပြောပြခဲ့ပါတယ်။အဲ့ဒီသေးငယ်တဲ့ပိုးမွှားတွေဟာ လူ့အရေပြားအချင်းချင်းကနေလည်းကူးစက်တတ်ပါတယ်။ပြီးရင်အရေပြားထဲမှာဥဥတတ်ပြီး ယာယံတာတွေ၊အသားအရည်နီမြန်းကြမ်းတမ်းတာတွေဖြစ်လာစေပါတယ်။အများအားဖြင့် အိပ်ရာခင်းတွေ၊အဝတ်အစားတွေ၊ပရိဘောဂတွေကနေ ကူးစက်တတ်ပါတယ်။
နောက်တစ်ခုကတော့စတိုးဆိုင်ဆိုတာ လူအများဝင်ထွက်သွားလာကာ အကျီတွေတစ်ယောက်ပြီးတစ်ယောက်စမ်းဝတ်ကြည့်ကြတာမဟုတ်လား။အဲ့ဒီလိုဝတ်ကြည့်တဲ့အခါမှာဝတ်ကြည့်တဲ့လူမှာသန်းတွေရှိနေရင် အဲ့ဒီသန်းတွေက အဝတ်အစားတွေအပေါ် လျှောက်သွားပြီး အကျီမှာကပ်နေတတ်ပါတယ်တဲ့။ဒါကြောင့်အဝတ်အစားအသစ်တွေဝယ်လာတဲ့အခါ မဝတ်ခင်တစ်ကြိမ်လျှော်ရုံနဲ့တင်မလုံလောက်ပဲ နှစ်ကြိမ်လောက်သေချာလျှော်ဖွပ်သင့်တယ်လို့ ဒေါက်တာက ပြောထားပါသေးတယ်။
ပြီးတော့ ဒါက ကိုယ့်ခန္ဓုာကိုယ်အနံ့အသက်ကောင်းမွန်ဖို့အတွက်လည်းလုပ်သင့်တဲ့အရာပါ။ဒါကြောင့် အဝတ်အစားသစ်တွေဝယ်ပြီးရင် မဝတ်ခင် နှစ်ခါလောက်သေချာသန့်စင်အောင်လျှော်ဖွပ်ပေးပါလို့ အကြံပြုလိုက်ပါတယ်။
466 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.