အေတြးမလြန္ျခင္းအႏုပညာ ကို သင္တုိ႕တတ္ေျမာက္ျပီလား…😉😉

ဘာအႏုပညာ ညာအႏုပညာနဲ႕ေခတ္စားေနတဲ႔ေခတ္ျကီးထဲမွာ ဒီတစ္ခါေျပာခ်င္တဲ႔ေခါင္းစဥ္ေလးကိုလည္း Trend ျဖစ္ေအာင္ အေတြးမလြန္ျခင္းအႏုပညာလုိ႕ပဲေခါင္းစဥ္တပ္လုိက္ပါရေစေနာ္…ဘာလဲေပါ႔ အေတြးမလြန္ျခင္းအႏုပညာဆိုတာ….တစ္ခ်ိဳ႕ေသာသူေတြဟာအေျကာင္းအရာတစ္ခုခုျဖစ္လာျပီ သူတို႕ေခါင္းထဲေတြးမိျပီဆိုရင္သိပ္ကိုနက္နက္နဲနဲခံစားတတ္လြန္းတဲ႔သူေတြပီပီ အေတြးလြန္တတ္ျကပါတယ္။ ပိစိေလးျဖစ္လည္း အျကီးျကီးေတြထိျကိုေတြးလုိက္တာမ်ိဳး၊ မျဖစ္လာေသးတဲ႔ျပႆနာကို စဥ္းစားေျကာင္႔ျကရင္းေတြေ၀ေနတာမ်ိဳး ေတြဟာ အေတြးလြန္တာျဖစ္ပါတယ္။ အေတြးလြန္တာမေကာင္းဘူးလားဆိုေတာ႔လည္းမဟုတ္ပါဘူး…ျကိုေတြးတတ္တဲ႔စိတ္ေျကာင္႔ျကိုတင္ျပင္ဆင္မႈေတြလည္းပိုလုပ္နုိင္တဲ႔အျပင္ ျကိုစဥ္းစားတတ္တဲ႔အက်င္႔ေကာင္းေျကာင္႔အရာရာကအဆင္သင္႔ျဖစ္ေစပါတယ္။ ဒါပင္မဲ႔အေတြးလြန္သြားျပီဆိုရင္ေတာ႔ အေကာင္းဘက္မေရာက္ပဲ အဆိုးဘက္ကိုသြားဖို႕ပိုမ်ားပါတယ္။အေတြးလြန္ ျကိုပူပန္ျပီး ျကိုျပီးစိုးရိမ္လြန္တတ္တာေတြက ဦးစြာပထမ ကိုယ္႔ကိုယ္ကိုယ္ထိခိုက္ေစပါတယ္။ ကိုယ္႔ကိုယ္ကိုယ္ထိခုိက္ေစတဲ႔အျပင္ေနာက္ထပ္ ကိုုယ္႔ရဲ႕ျပင္းထန္တဲ႔အေတြးလြန္မႈေတြကတစ္ပါးသူကိုပါမျကာခဏဆုိသလို ထိခိုက္ေစနုိင္ပါတယ္။ ဥပမာ အေတြးလြန္ျပီးစြပ္စြဲတာမ်ိဳး၊ ျကိုေတြးျပီးျကံဖန္ပူေလာင္ေနတာမ်ိဳးေတြပါ။ ဆုိေတာ႔
ဒါေျကာင္႔ ကိုယ္႔စိတ္ကိုုပူေလာင္ေစတဲ႔ အေတြးမလြန္ျခင္းအႏုပညာကို တတ္ေျမာက္ဖို႕ျကိုးစားသင္႔႔ပါတယ္။ ခက္တယ္လို႕ထင္ရပင္မဲ႔ စိတ္ဒုန္းဒုန္းခ်ျပီးလုပ္မယ္ဆိုရင္ ေတာ႔ အေတြးမလြန္ျခင္းအနပညာကိုသင္တတ္ေျမာက္သြားမွာပါ…ကဲ..ဘာလိုမ်ိဳးအရာေတြျကိုးစားလုပ္ျကည္႔သင္႔သလဲဆိုရင္…
(၁) တရားထုိင္ပါ၊ တရားမွတ္ျခင္းကစိတ္ကိုအေမွာင္ထုထဲကေတြဆဲြထုတ္ျပီးေအးခ်မ္းေစပါတယ္
(၂) ဘယ္အရာမွ မတည္ျမဲဘူးဆိုတဲ႔သေဘာတရားကို အျမဲလက္ကိုင္ထားပါ။
(၃) လက္ရွိကုိအေကာင္းဆံုးျဖစ္ေအာင္ေနထိုင္မယ္ဆိုတဲ႔အေတြးေတြးပါ၊ တစ္ခ်ိဳ႕ရွိပါတယ္ လက္ရွိအဆင္ေျပေနတဲ႔အရာေတြကိုေတာင္စိတ္မခ်ျဖစ္ျပီးေနာက္ပိုင္းအဆင္ေျပပါ႔မလားဆိုတဲ႔အေတြးမ်ိဳးေတြေတြးတတ္ျကတာမိ်ဳးပါ။ ဆုိေတာ႔ေျပာခ်င္တာကလက္ရွိလက္တေလာကိစၥကိုပဲေတြးေပးပါ..လတ္တေလာပဲအေကာင္းဆံုးျဖစ္ေအာင္အရင္ျကိုးစားပါ။ လတ္တေလာေကာင္းတာမေကာင္းတာေပၚပဲမူတည္ျပီးစဥ္းစားဆံုးျဖတ္ပါ။ ဒီလုိေလးသာသင္ျကိုးစားျပီးေနနိုင္မယ္ဆိုရင္ေတာ႔အေတြးမလြန္ျခင္းအနုပညာကို သင္တတ္ေျမာက္သေလာက္ရွိေနပါျပီ…

Unicode

ဘာအနုပညာ ညာအနုပညာနဲ့ခေတ်စားနေတဲ့ခေတ်ကြီးထဲမှာ ဒီတစ်ခါပြောချင်တဲ့ခေါင်းစဉ်လေးကိုလည်း Trend ဖြစ်အောင် အတွေးမလွန်ခြင်းအနုပညာလို့ပဲခေါင်းစဉ်တပ်လိုက်ပါရစေနော်…ဘာလဲပေါ့ အတွေးမလွန်ခြင်းအနုပညာဆိုတာ….တစ်ချို့သောသူတွေဟာအကြောင်းအရာတစ်ခုခုဖြစ်လာပြီ သူတို့ခေါင်းထဲတွေးမိပြီဆိုရင်သိပ်ကိုနက်နက်နဲနဲခံစားတတ်လွန်းတဲ့သူတွေပီပီ အတွေးလွန်တတ်ကြပါတယ်။ ပိစိလေးဖြစ်လည်း အကြီးကြီးတွေထိကြိုတွေးလိုက်တာမျိုး၊ မဖြစ်လာသေးတဲ့ပြဿနာကို စဉ်းစားကြောင့်ကြရင်းတွေဝေနေတာမျိုး တွေဟာ အတွေးလွန်တာဖြစ်ပါတယ်။ အတွေးလွန်တာမကောင်းဘူးလားဆိုတော့လည်းမဟုတ်ပါဘူး…ကြိုတွေးတတ်တဲ့စိတ်ကြောင့်ကြိုတင်ပြင်ဆင်မှုတွေလည်းပိုလုပ်နိုင်တဲ့အပြင် ကြိုစဉ်းစားတတ်တဲ့အကျင့်ကောင်းကြောင့်အရာရာကအဆင်သင့်ဖြစ်စေပါတယ်။ ဒါပင်မဲ့အတွေးလွန်သွားပြီဆိုရင်တော့ အကောင်းဘက်မရောက်ပဲ အဆိုးဘက်ကိုသွားဖို့ပိုများပါတယ်။အတွေးလွန် ကြိုပူပန်ပြီး ကြိုပြီးစိုးရိမ်လွန်တတ်တာတွေက ဦးစွာပထမ ကိုယ့်ကိုယ်ကိုယ်ထိခိုက်စေပါတယ်။ ကိုယ့်ကိုယ်ကိုယ်ထိခိုက်စေတဲ့အပြင်နောက်ထပ် ကိုုယ့်ရဲ့ပြင်းထန်တဲ့အတွေးလွန်မှုတွေကတစ်ပါးသူကိုပါမကြာခဏဆိုသလို ထိခိုက်စေနိုင်ပါတယ်။ ဥပမာ အတွေးလွန်ပြီးစွပ်စွဲတာမျိုး၊ ကြိုတွေးပြီးကြံဖန်ပူလောင်နေတာမျိုးတွေပါ။ ဆိုတော့
ဒါကြောင့် ကိုယ့်စိတ်ကိုုပူလောင်စေတဲ့ အတွေးမလွန်ခြင်းအနုပညာကို တတ်မြောက်ဖို့ကြိုးစားသင့့်ပါတယ်။ ခက်တယ်လို့ထင်ရပင်မဲ့ စိတ်ဒုန်းဒုန်းချပြီးလုပ်မယ်ဆိုရင် တော့ အတွေးမလွန်ခြင်းအနပညာကိုသင်တတ်မြောက်သွားမှာပါ…ကဲ..ဘာလိုမျိုးအရာတွေကြိုးစားလုပ်ကြည့်သင့်သလဲဆိုရင်…
(၁) တရားထိုင်ပါ၊ တရားမှတ်ခြင်းကစိတ်ကိုအမှောင်ထုထဲကတွေဆွဲထုတ်ပြီးအေးချမ်းစေပါတယ်
(၂) ဘယ်အရာမှ မတည်မြဲဘူးဆိုတဲ့သဘောတရားကို အမြဲလက်ကိုင်ထားပါ။
(၃) လက်ရှိကိုအကောင်းဆုံးဖြစ်အောင်နေထိုင်မယ်ဆိုတဲ့အတွေးတွေးပါ၊ တစ်ချို့ရှိပါတယ် လက်ရှိအဆင်ပြေနေတဲ့အရာတွေကိုတောင်စိတ်မချဖြစ်ပြီးနောက်ပိုင်းအဆင်ပြေပါ့မလားဆိုတဲ့အတွေးမျိုးတွေတွေးတတ်ကြတာမျိုးပါ။ ဆိုတော့ပြောချင်တာကလက်ရှိလက်တလောကိစ္စကိုပဲတွေးပေးပါ..လတ်တလောပဲအကောင်းဆုံးဖြစ်အောင်အရင်ကြိုးစားပါ။ လတ်တလောကောင်းတာမကောင်းတာပေါ်ပဲမူတည်ပြီးစဉ်းစားဆုံးဖြတ်ပါ။ ဒီလိုလေးသာသင်ကြိုးစားပြီးနေနိုင်မယ်ဆိုရင်တော့အတွေးမလွန်ခြင်းအနုပညာကို သင်တတ်မြောက်သလောက်ရှိနေပါပြီ…

543 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.