ပိုစတာထွက်ရှိလာပြီဖြစ်တဲ့ Seo Kang Joon နဲ့ Esom တို့ရဲ့ ဒရာမာဇာတ်ကားသစ်

ပရိတ်သတ်အချစ်တော် အနုပညာရှင်နှစ်ယောက်ပါဝင် သရုပ်ဆောင်ထားတဲ့ ဒရာမာဇာတ်ကားသစ်
Title လေးကတော့ ” The Third Charm” ဖြစ်ပါတယ်။

Image result for Seo Kang Joon

ဒီဇာတ်ကားကို ပေါ်တူဂီမှာသွားရောက် ရိုက်ကူးထားတာဖြစ်ပြီး ၁၂နှစ်ကြာသိကျွမ်းဝင်ခဲ့တဲ့ လူနှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းပုံစံလေး ဖြစ်ပါတယ်။

Image result for Esom

Seo Kang Joon ကို မော်ဒယ်ကျောင်းသားတစ်ယောက်အဖြစ် တွေ့မြင်ရမှာဖြစ်ပြီး Esom က စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့ ကောင်မလေးအဖြစ် သရုပ်ဆောင်ထားပါတယ်။ ဇာတ်ကားပိုစတာလေးကို စောင့်မျှော်နေတဲ့ ပရိတ်သတ်တွေ ဆန္ဒပြည့်ဝပါပြီနော်။

Related image

ဇာတ်ကားလေး ထွက်လာဖို့ပဲ နည်းနည်းထပ်စောင့်တော့မှာပါ။

Seo Kang Joon And Esom Star In Quirky And Romantic Posters For Upcoming Drama

ပိုစတာမှာ နှစ်ယောက်သား တစ်ယောက်ကိုယ် တစ်ယောက်ကြည့်နေတဲ့ပုံကြောင့် ဒီဇာတ်ကားဟာ မိန်းကလေးများအရည်ပျော်အောင် ရိုဆန်လာဦးမလားပဲ။ Esom အတွက် ဒီဇာတ်ရုပ်ဟာ သူမအတိုင်းပဲဖြစ်နေတာမို့ သဘာဝကျကျနဲ့ ပိုပြီးပီပြင်အောင် သရုပ်ဆောင်ထားလို့ ဆိုပါတယ်။

” The Third Charm” ဟာ လာမယ့် ၂၈ရက်နေ့ဆို JTBC မှာ ထုတ်လွှင့်ပြသတော့မှာဖြစ်ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.