ပလတ်စတစ်ဆာဂျရီမလုပ်ထားပဲ သဘာဝအတိုင်းလှတဲ့ရွှေမင်းသမီးတွေ…😍
Kim Tae Hee  💕
Lee Young-ae  💕
Song Hye Kyo  💕
သိနိုင်ပါတယ်။
Song Ji Hyo  💕
Jang Na Ra  💕
jang na ra no plastic surgery
Park Shin-Hye  💕
Han Ga In  💕
Moon Geun Young  💕
Unicode
တောင်ကိုရီးယားအနုပညာရှင်တွေလို့ဆိုလိုက်ရင် ပလတ်စတစ်ဆာဂျရီနဲ့တွဲပြီးမြင်ရလောက်အောင် ဘယ်သူက သဘာဝအတိုင်းလှတာလဲ၊ဘယ်သူကခွဲစိတ်ပြုပြင်ထားတာလဲ ဝေခွဲမရဖြစ်ရပါတယ်။အနုပညာရှင်အများစုက လှသထက်လှအောင် ခွဲစိတ်ပြုပြင်မှုတွေလုပ်ထားကြတော့ အားလုံးလိုလိုက အချောတွေဖြစ်နေကြတာပါ။ဒီလို ခွဲစိတ်ပြုပြင်ထားတဲ့အလှတရားတွေမဟုတ်ပဲ ငယ်ငယ်လေးကတည်းနေ အခုချိန်ထိ ပလတ်စတစ်ဆာဂျရီမဟုတ်ပဲ သဘာဝအတိုင်းလှနေတဲ့မင်းသမီးချောလေးတွေလည်းရှိပါတယ်။ဒါကြောင့်ပရိသတ်တွေအမှတ်မမှားရအောင် ပလတ်စတစ်
ဆာဂျရီမလုပ်ထားတဲ့ မင်းသမီးချောလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
Kim Tae Hee
သူမကတော့ ပရိသတ်တွေအားလုံးချစ်ကြတဲ့ မင်းသမီးလေးပါ။Rain ရဲ ့ချစ်စရာဇနီးချောလေးပေါ့။ဆွဲဆောင်မှုရှိတဲ့မျက်ဝန်းလေးကိုပိုင်ဆိုင်ထားတဲ့အပြင်နာမည်ကျော်ဇာတ်လမ်းတွဲတွေဖြစ်တဲ့ IRIS ၊ Love Story in Harvard ၊ My Princess စတဲ့ဇာတ်ကားတွေမှာပါဝင်သရုပ်ဆောင်ရင်း ပရိသတ်အချစ်ကိုရရှိခဲ့တာပါ။ပုံထဲမှာမြင်တွေ့ရတဲ့အတိုင်း ပလတ်စတစ်ဆာဂျရီမလုပ်ပဲ ကိုယ်တွေမြင်တွေ့နေရတဲ့မျက်နှာလှလှလေးကိုပိုင်ဆိုင်ထားတာပါ။
Lee Young-ae
ချန်ဂင်လို့ ကိုယ်တွေသိထားကြတဲ့မင်းသမီးချော Lee Young-ae ဟာလည်းခွဲစိတ်ပြုပြင်စရာမလိုပဲ သဘာဝအတိုင်းလှပချောမောတဲ့မျက်နှာလေးပိုင်ဆိုင်ထားသူပါ။အခုလက်ရှိအချိန်မှာလည်း ရင်သွေးလေးနှစ်ယောက်ပိုင်ဆိုင်ထားပြီးအရင်အတိုင်းချောမောနေဆဲပါပဲ။
Song Hye Kyo
တောင်ကိုရီးယားရဲ့အလှဘုရင်မလို့ဆိုရလောက်အောင် တဖြည်းဖြည်းနဲ့ပရိသတ်တွေရဲ့အချစ်ကိုသိမ်းပိုက်လာတဲ့ Song Hye Kyo ဟာလည်း အနုပညာလောကထဲစတင်ဝင်ရောက်ချိန်ကနေ အခုချိန်ထိ ခွဲစိတ်ပြုပြင်တာနဲ့ပတ်သက်လို့ဘာတစ်ခုမှမလုပ်ခဲ့ဖူးပါဘူး။ဒါကို ပုံတွေကြည့်တာနဲ့တင်
သိနိုင်ပါတယ်။
Song Ji Hyo
တောင်ကိုရီးယားမင်းသမီးတစ်လက်ဖြစ်သလို Running Man အစီအစဉ်ရဲ ့ACE Song Ji Hyo ဟာဆိုရင်လည်း ပလတ်စတစ်ဆာဂျရီမလုပ်ထားပဲ သဘာဝအတိုင်းလှပချောမောတဲ့မျက်နှာလေးပိုင်ဆိုင်ထားသူပါ။ပုံတွေထဲမှာမြင်တွေ့ရတဲ့အတိုင်းကလေးဘဝကစလို့ အခုချိန်ထိသူမရဲ ့မျက်နှာဟာ
သသဘာဝအတိုင်းလှနေတာပါ။
Jang Na Ra
Jang Na Ra ဟာလည်းပရိသတ်တွေချစ်ကြတဲ့မင်းသမီးလေးပါ။ကလေးမျက်နှာလေးနဲ့ချစ်ဖို့ကောင်းတဲ့သူမဟာလည်း ပလတ်စတစ်ဆာဂျရီမလုပ်ထားပါဘူး။တောင်ကိုရီးယားတင်မက တရုတ်နိုင်ငံမှာပါ နာမည်ကျော်တဲ့မင်းသမီးလေးဖြစ်ပါတယ်။
Park Shin-Hye
Park Shin-Hye ကတော့ ကေဒရာမာပရိသတ်တိုင်းလိုလို သိပြီးသားပါ။သူမဟာလည်း ကလေးဘဝကတည်းကအနုပညာလောကထဲကိုဝင်ရောက်ခဲ့တာပါ။အခုချိန်မှာတော့ အောင်မြင်ကျော်ကြားပြီးပရိသတ်တွေရဲ့အချစ်တွေကိုုသိမ်းပိုက်ထားတဲ့မင်းသမီးချောလေးဖြစ်နေပါပြီ။ပလတ်စတစ်ဆာဂျရီမလုပ်ထားပဲသဘာဝအတိုင်းလှပသူလေး Park Shin-Hye ဟာ ၂၀၁၅ ခုနှစ်တုန်းက တောင်ကိုရီးယားနိုင်ငံရဲ ့လွှမ်းမိုးမှုအရှိဆုံးမင်းသမီးအယောက် ၄ဝစာရင်းမှာပါဝင်ခဲ့ပါသေးတယ်။သူမရဲ ့ပုံတွေကတော့ တွေ့ရတဲ့အတိုင်း ကလေးဘဝကတည်းက အခုထိငယ်ရုပ်မပျောက်သေးတဲ့မင်းသမီးလေးပါ။
Yoona (Girls Generation)
နာမည်ကျော်ကေပေါ့ပ်အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Yoona (Girls Generation) ဟာလည်း ပုံထဲမှာတွေ့ရတဲ့အတိုင်း သဘာဝအတိုင်းလှပတဲ့မျက်နှာလေးပိုင်ဆိုင်ထားတဲ့ အနုပညာရှင်မလေးပါ။၂၀၁၃ တုန်းကဆိုရင် အလှဆုံးမိန်းကလေးတစ်ယောက်အဖြစ် မဲပေးရွေးချယ်ခံခဲ့ရပါသေးတယ်။တရုတ်မဂ္ဂဇင်းတစ်ခုကလည်း အာရှရဲ့အလှပဆုံးမိန်းမပျိုအဖြစ်ရွေးချယ်ခဲ့ဖူးပါတယ်။
Han Ga In
နှာခေါင်းနားမှာမှဲ့လေးပါတဲ့ ချစ်စရာမင်းသမီးလေး Han Ga In ကလည်း ပလတ်စတစ်ဆာဂျရီမလုပ်ထားတဲ့သဘာဝအလှပိုင်ဆိုင်ထားသူပါ။အနုပညာလောကထဲကို မော်ဒယ်လ်အဖြစ်စတင်ဝင်ရောက်ခဲ့ပြီး နောက်ပိုင်းမှာ သူမပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်လမ်းတွဲတွေဟာလည်း အတော်လေးကိုအောင်မြင်မှုရရှိခဲ့တာပါ။အခုလက်ရှိမှာတော့ မင်းသား Yeon Jung-hoon နဲ့လက်ထပ်ထားပြီး ရင်သွေးလေးတစ်ယောက်တောင်ရနေပါပြီ။သူမရဲ့အလှကတော့လျော့မသွားပါဘူး။
Moon Geun Young
ကလေးဘဝကတည်းက အနုပညာလောကထဲရောက်လာတဲ့ Moon Geun Young ဟာ တောင်ကိုရီးယားနိုင်ငံရဲ ့“Nation’s Little Sister” လည်းဖြစ်ပါသေးတယ်။Autumn in My Heart ကစလို့ ၂၀၁၃ ကရိုက်ကူးခဲ့တဲ့ Goddess of Fire ဇာတ်လမ်းတွဲအထိသူမရဲ ့ချစ်စရာမျက်နှာလေးက ပြောင်းလဲသွားခြင်းမရှိပါဘူး။
ကိုယ်တွေကြိုက်တဲ့မင်းသမီးလေးတွေက ခွဲစိတ်ပြုပြင်မထားပဲ သဘာဝအတိုင်းလှတာဆိုတော့ပျော်ပြီလေ 😎😍
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.