“Crazy Rich Asians”ရဲ ႔ေအာင္ျမင္ခ်က္ၾကီးက ေၾကာက္ခမန္းလိလိ…. 😮

“Crazy Rich Asians” ရဲ႔နာမည္ၾကီးခ်က္က သြားၾကည့္ရမလိုေတာင္ျဖစ္ေနျပီ…သိပ္မၾကာခင္က ရံုတင္ျပသခဲ႔တဲ႔“Crazy Rich Asians” ရဲ ႔ေအာင္ျမင္မႈစံႏႈန္းက ေၾကာက္ခမန္းလိလိပါပဲ။ဒါရိုက္တာ Jon M.Chu ရိုက္ကူးတဲ႔ “Crazy Rich Asians” ဇာတ္ကားဟာ ၂၀၀၉ခုႏွစ္တုန္းကအၾကီးအက်ယ္ေအာင္ျမင္ခဲ႔တဲ႔ “The Proposal” ဇာတ္ကားျပီးရင္ အေအာင္ျမင္ဆံုး အခ်စ္ဟာသဇာတ္ကားအျဖစ္စံခ်ိန္တင္ခဲ႔တယ္လုိ႔ေတာင္သိရပါတယ္။

“The Proposal” ဇာတ္ကားဟာ Sandra Bullock နဲ႔ Ryan Reynolds တုိ႔ပါ၀င္သရုပ္ေဆာင္ထားျပီး အဲ႔ဒီအခ်ိန္တုန္းက အေမရိကန္ေျမာက္ပုိင္းတစ္ခြင္ၾကည့္ရႈမႈအမ်ားဆံုးဇာတ္ကားျဖစ္ခဲ႔တာပါ။အခု “Crazy Rich Asians” ဟာလည္း ၉နွစ္ေက်ာ္အတြင္း The Proposal ဇာတ္ကားျပီးရင္ ဒုတိယရံု၀င္မႈအမ်ားဆံုးဇာတ္ကားတစ္ကားျဖစ္လာခဲ႔ပါတယ္။

“Crazy Rich Asians”ဇာတ္ကားဟာ ပထမတစ္ပတ္အတြင္းမွာတင္ ေဒၚလာ သန္း ၃၀ ၀င္ေငြရရွိခဲ႔ျပီး အခုလက္ရွိအခ်ိန္ထိ ၀င္ေငြ ေဒၚလာ ၁၃၇သန္းေက်ာ္ရရွိေနပါတယ္။ဒီဇာတ္ကားမွာ အေမရိကန္မင္းသမီး Constance Wu နဲ ႔မေလးရွားမင္းသား Henry Golding တုိ႔ပါ၀င္သရုပ္ေဆာင္ထားျပီးအာရွနဲ႔အေမရိကန္တြဲဖက္ရိုက္ကူးတာဟာ ၁၉၉၃ The Joy Luck Club ဇာတ္ကားျပီးရင္ ဒါက ပထမဆံုးဇာတ္ကားျဖစ္တယ္လုိ႔လည္းသိရပါတယ္။

ဇာတ္လမ္းပံုစံကေတာ့ ပရိသတ္ေတြသိထားျပီးျဖစ္တဲ႔အတုိင္း စကၤာပူႏုိင္ငံရဲ႔ အခ်မ္းသာဆံုးမိသားစုကေနေပါက္ဖြားလာတဲ႔ေကာင္ေလးနဲ႔ ခ်စ္သူျဖစ္သြားတဲ႔တရုတ္အေမရိကန္အမ်ိဳးသမီးေလးတု႔ိအေၾကာင္း အဓိက ပံုေဖာ္ရိုက္ကူးထားတာပဲျဖစ္ပါတယ္။ေပါ့ေပါ့ပါးပါးအခ်စ္ဟာသေလးကုိမွ ပရိသတ္ေတြအျမင္မရုိးေအာင္ ဇာတ္လမ္းဇာတ္ကြက္ဆန္းဆန္းေလးေတြ၊အရမ္းမုိက္တဲ႔အခမ္းအနားအျပင္အဆင္ေတြနဲ႔ ဆြဲေဆာင္သြားတဲ႔ဇာတ္ကားေလးျဖစ္သလို အခုခ်ိန္မွာေတာ့ ဒီဇာတ္ကားရဲ ႔၀င္ေငြဟာ တရွိန္ထိုးကုိ ထုိးတက္ေနတာပဲျဖစ္ပါတယ္။Congratulations! 🎉

Unicode

“Crazy Rich Asians” ရဲ့နာမည်ကြီးချက်က သွားကြည့်ရမလိုတောင်ဖြစ်နေပြီ…သိပ်မကြာခင်က ရုံတင်ပြသခဲ့တဲ့“Crazy Rich Asians” ရဲ ့အောင်မြင်မှုစံနှုန်းက ကြောက်ခမန်းလိလိပါပဲ။ဒါရိုက်တာ Jon M.Chu ရိုက်ကူးတဲ့ “Crazy Rich Asians” ဇာတ်ကားဟာ ၂၀၀၉ခုနှစ်တုန်းကအကြီးအကျယ်အောင်မြင်ခဲ့တဲ့ “The Proposal” ဇာတ်ကားပြီးရင် အအောင်မြင်ဆုံး အချစ်ဟာသဇာတ်ကားအဖြစ်စံချိန်တင်ခဲ့တယ်လို့တောင်သိရပါတယ်။

“The Proposal” ဇာတ်ကားဟာ Sandra Bullock နဲ့ Ryan Reynolds တို့ပါဝင်သရုပ်ဆောင်ထားပြီး အဲ့ဒီအချိန်တုန်းက အမေရိကန်မြောက်ပိုင်းတစ်ခွင်ကြည့်ရှုမှုအများဆုံးဇာတ်ကားဖြစ်ခဲ့တာပါ။အခု “Crazy Rich Asians” ဟာလည်း ၉နှစ်ကျော်အတွင်း The Proposal ဇာတ်ကားပြီးရင် ဒုတိယရုံဝင်မှုအများဆုံးဇာတ်ကားတစ်ကားဖြစ်လာခဲ့ပါတယ်။

“Crazy Rich Asians”ဇာတ်ကားဟာ ပထမတစ်ပတ်အတွင်းမှာတင် ဒေါ်လာ သန်း ၃၀ ဝင်ငွေရရှိခဲ့ပြီး အခုလက်ရှိအချိန်ထိ ဝင်ငွေ ဒေါ်လာ ၁၃ရသန်းကျော်ရရှိနေပါတယ်။ဒီဇာတ်ကားမှာ အမေရိကန်မင်းသမီး Constance Wu နဲ ့မလေးရှားမင်းသား Henry Golding တို့ပါဝင်သရုပ်ဆောင်ထားပြီးအာရှနဲ့အမေရိကန်တွဲဖက်ရိုက်ကူးတာဟာ ၁၉၉၃ The Joy Luck Club ဇာတ်ကားပြီးရင် ဒါက ပထမဆုံးဇာတ်ကားဖြစ်တယ်လို့လည်းသိရပါတယ်။

ဇာတ်လမ်းပုံစံကတော့ ပရိသတ်တွေသိထားပြီးဖြစ်တဲ့အတိုင်း စင်္ကာပူနိုင်ငံရဲ့ အချမ်းသာဆုံးမိသားစုကနေပေါက်ဖွားလာတဲ့ကောင်လေးနဲ့ ချစ်သူဖြစ်သွားတဲ့တရုတ်အမေရိကန်အမျိုးသမီးလေးတို့အကြောင်း အဓိက ပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ပေါ့ပေါ့ပါးပါးအချစ်ဟာသလေးကိုမှ ပရိသတ်တွေအမြင်မရိုးအောင် ဇာတ်လမ်းဇာတ်ကွက်ဆန်းဆန်းလေးတွေ၊အရမ်းမိုက်တဲ့အခမ်းအနားအပြင်အဆင်တွေနဲ့ ဆွဲဆောင်သွားတဲ့ဇာတ်ကားလေးဖြစ်သလို အခုချိန်မှာတော့ ဒီဇာတ်ကားရဲ ့ဝင်ငွေဟာ တရှိန်ထိုးကို ထိုးတက်နေတာပဲဖြစ်ပါတယ်။Congratulations! 🎉

58 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.