ကလေးထိန်းရတာထက် ယောက်ျားထိန်းရတာက အိမ်ရှင်မတွေအတွက် စိတ်ဖိစီးမှု ပိုများစေ

ကလေးထိန်းရတာထက် ကိုယ့်ရဲ့လင်တော်မောင်ကို ထိန်းသိမ်းရတာ ပိုခက်ကြောင်း ပြောလာတော့ရယ်စရာ ဟာသတစ်ခုလိုများဖြစ်နေမလား။ ဒါဟာ တကယ်ပါ။ အခုခေတ်မှာ အိမ်ရှင်မ အယောက် ၁ဝဝမှာ ၈ဝလောက်က ဒီလိုထပ်တူခံစားရကြောင်း ပြောလာပါလိမ့်မယ်။

” ကလေးကို ကလေးလို ထိန်းရတာ လွယ်တယ်။ ဒါပေမယ့် ၃၅နှစ် လူကြီးက ကလေးလိုလာ
လုပ်နေရင် ပို stress များတယ်။ ဒါကို သူတို့သိသင့်တယ် ” လို့ အမေရိကန် အမျိုးသမီး Deno Fleno ကပြောဖူးပါတယ်။

သုတေသီများကလည်း အိမ်ရှင်မတွေရဲ့ စိတ်ဖိစီးမှုက ၁ဝမှာ ၈.၅ လောက်ဖြစ်နေတာကိုတွေ့ရှိခဲ့တယ်။ အိမ်အလုပ်နဲ့ ကလေးထိန်းသိမ်းရတဲ့ကိစ္စကိုတော့ အမျိုးသမီးတွေ သည်းခံနိုင်ပေမယ့် ယောက်ျားရဲ့ အလိုက်မသိတတ်မှုတွေက သူမတို့အတွက် နေ့စဉ်ဓူဝ စိတ်ဖိစီးမှုတစ်ခုပဲလို့ ပြောလာပါတယ်။
” ကျွန်မ ယောက်ျားအိမ်ကိုပြန်လာတာနဲ့ စိတ်ရော ၊ ကိုယ်ပါ ပင်ပန်းသလိုခံစားရတယ်။ သူ့ကိုကြည့်ရတာ နောက်ထပ် အလုပ်ကြီးတစ်ခု ရောက်လာသလိုပဲ ” လို့ နောက်ထပ် သုံးသပ်ချက်မှာ တွေ့လာရတယ်။

မနက်မိုးလင်းတာနဲ့ စားဖို့သောက်ဖို့ ပြင်ဆင်ရ ၊ ကလေးနဲ့ယောက်ျားအတွက် လိုအပ်တာတွေ စီစဉ်ပေးရ၊ အိမ်အလုပ်တွေနဲ့တင် စိတ်ဖီစီးမှုက ၇၅% လောက်ဖြစ်နေချိန်မှာ အမျိုးသားဆီက ဘာမှ ကူဖော်လောင်ဖက်မရ ၊ သူနဲ့မဆိုင်သလို နေကြတာကြောင့် ပိုပြီး စိတ်ရှုပ်ထွေးရတယ်။

ယောက်ျားများကလည်း အလုပ်လုပ်၊ အချိန်တန် မိန်းမကို ပိုက်ဆံတွေ အပ်နေရုံနဲ့ ပြီးမသွားပါဘူး။
ကလေးနဲ့ မိန်းမအပေါ် အချိန်ပေးနိုင်မှ နွေးထွေးမှုဆိုတာလည်း ရှိတာပါ။ ကိုယ့်မိန်းမ မျက်နှာကို
တစ်ချိန်လုံး တစိမ့်စိမ့်ကြည့်နေရမယ် မပြောပါဘူး။ လူဆိုတာ အလိုက်သိတတ်ရင် ဘယ်နေရာမဆို
မျက်နှာပွင့်တယ်၊ အချစ်ခံရတယ်၊ ဘာပဲလုပ်လုပ် အဆင်ပြေချောမွေ့တယ်။

Related image

မိန်းမဆိုတာမျိုးက ဘယ်လောက်ပဲ အလုပ်တွေအားလုံးကို ပြီးမြောက်အောင် လုပ်နိုင်ပါစေ။ ချစ်တဲ့ ယောက်ျားဆီကနေ အသိမှတ်ပြုတဲ့ စကားလေးကြားရရင် ကျေနပ်နေတာပါ။ အသိမှတ်မပြုရင်တောင် ” မိန်းမ ကိုယ်ဘာလုပ်ပေးရမလဲ”လို့ တစ်ချက်ပဲ မေးလိုက်ပါ။ အလုပ်နဲ့မဟုတ်ရင်တောင် စကားလေးနဲ့ အလိုက်သိလိုက်တာက ယူတို့အတွက် ဘာမှဝန်မလေးသလို သူမအတွက်လည်း စိတ်ချမ်းသာရတယ်။

တစ်ချို့ ယောက်ျားတွေရှိတယ်။ ဘာမှ မကူတဲ့အပြင် အရှေ့က ရှင်းသမျှကို အနောက်က လိုက်ဖွတတ်သေးကြတယ်။ မိန်းကလေးတွေမလုပ်နိုင်တဲ့ ကိစ္စတွေ ဥပမာ- မီးလုံးကျွမ်းတာတို့ ၊ အလေးပင်တွေ မ,ရတာတို့ … စသဖြင့် ယောက်ျားသားများလုပ်ရတဲ့ အလုပ်မှာ မသိချင်ယောင်ဆောင် ၊ သိအောင်ပြောပြပြီး ဒါလေးလုပ်ပေးပါ ဆိုတော့လည်း နေ့ရွေ့  ညရွေ့နဲ့ အမြှီးမြှောက်လိုက် အီးပေါက်လိုက် အချိန်ဆွဲနေတာမျိုးဆို မိန်းမတွေလည်း ဘယ်မှာ စိတ်ရှည်ပေးနိုင်တော့မလဲ။ အဲ့ဒီအခါကျ မိန်းမတွေများ ပွစိပွစိနဲ့ ပြောနိုင်လွန်းတယ် ဖြစ်ပါလေရော ရှင်…

Related image

သူတို့ဟာ ပိုက်ဆံရှာဖို့ကလွဲရင် ကျန်တာ ကိုယ်နဲ့ဘာမှမဆိုင်သလို နေနေတာမျိုးဟာ မိန်းမတွေအတွက် အကြီးမားဆုံး စိတ်ဖိစီးစရာပါပဲ။ ကလေးဆုံးမတော့လည်း ဒီ မိန်းမ ၊ အိမ်ကိစ္စလည်း ဒီမိန်းမ ၊ ဘာပဲလုပ်လုပ် ကိုယ့်တာဝန်ချည်းပဲ ၊ ကိုယ့်ခေါင်းပဲဆို အိမ်ရှင်မတွေလည်း တစ်ခါတစ်လေ ငြီးငြူလာတာ မဆန်းပါဘူး။ တစ်ခါတစ်လေ သူတို့က ကလေးတွေနဲ့အပြိုင်ဆိုးချင်ကြသေးတာ။ ဒါကြောင့် အိမ်ထောင်ရေးတစ်ခုဟာ ထိန်းသိမ်းရတာ မလွယ်ဘူးလို့ ပြောကြတာပါ။ နှစ်ယောက်သား ချစ်လို့ ယူလိုက်ကြပေမယ့် အလိုက်သိတတ်မှု ၊ ဂရုစိုက် ၊ ဖေးမမှုတွေမရှိ၊ အပြန်လှန် လေးစားမှုတွေမရှိရင် အလကားပါပဲ။ အခု ဒီစာလေးကြောင့်ယောက်ျားများကလည်း အိမ်ကမိန်းမအပေါ် အလိုက်သိတတ်လာနိုင်ပါစေလို့ မျှော်လင့်ရင်း…

1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.