ခ်စ္ျခင္းေမတၱာနဲ႔ပတ္သက္လုိ႔ ဒီလုိစိတ္၀င္စားစရာအခ်က္ေလးေတြရွိေနတာ သိရဲ႔လား?💜

အခ်စ္ဆုိတာ သန္႔စင္တယ္၊နာက်င္ရတယ္၊ခ်ိဳျမိန္တယ္၊ေသေစႏုိင္တယ္စသျဖင့္ အခ်စ္ဒႆနဖြင့္ဆုိခ်က္ေတြက အမ်ားသား။”အခ်စ္ေၾကာင့္တစ္ခါမွမနာက်င္ခဲ႔ဖူးဘူးဆုိရင္ အလြန္ကံေကာင္းတာပဲ ဒါမွမဟုတ္ အလြန္အထီးက်န္တာပဲ”လုိ႔လည္းေျပာေလ့ရွိၾကပါတယ္။ဒီလုိမ်ိဳး အခ်စ္ဖြင့္ဆုိခ်က္္ေတြ
မ်ားသလို ခ်စ္ျခင္းေမတၱာနဲ႔ပတ္သက္ျပီး ဒီလုိစိတ္၀င္စားစရာအခ်က္ေလးေတြလည္းရွိေနပါေသးတယ္။

* Monogamous Relationship ဆုိတာ ကုိယ္တို႔လူသားေတြမွာတင္ရွိတာမဟုတ္ပါဘူး

လက္တြဲေဖာ္အေပၚသစၥာရွိတယ္။လက္တြဲေဖာ္ေသဆံုးသြားတဲ႔အခိ်န္မွာေတာင္ ကုိယ့္အသက္ေသဆံုးတဲ႔အထိတစ္ေယာက္တည္းေနသြားတယ္ဆုိတာ ကုိယ္တုိ႔လူသားမ်ိဳးႏြယ္ေတြတင္မကပါဘူး။၀ံပုေလြ၊ငန္း၊ေမ်ာက္လြဲႊေက်ာ္၊Black vulture ငွက္အမ်ိဳးအစား၊ပင္လယ္စင္ေရာ္ၾကီး၊ျခ စတဲ႔တိရစာၦန္မ်ိဳးႏြယ္ေတြဟာလည္းဘ၀တစ္သက္တာမွာ လက္တြဲေဖာ္က တစ္ေယာက္တည္းပါ။ေအာက္ခ်င္းငွက္ေတြဆုိရင္ တစ္ေကာင္ေသရင္ ေနာက္တစ္ေကာင္ကလည္းအေဖာ္မြန္အသစ္မရွာပဲ ပူေဆြးေသာကေရာက္စြာ ရင္ကြဲနာက်ေသဆံုးသြားၾကတာပါ။

*တစ္ေယာက္ေယာက္ကုိ ၾကိဳက္တယ္၊မၾကိဳက္ဘူး ဆံုးျဖတ္ဖုိ႔ အခ်ိန္ ၄မိနစ္ပဲယူရပါတယ္တဲ႔
တစ္စံုတစ္ေယာက္ကုိၾကိဳက္လား မၾကိဳက္ဘူးဆံုးျဖတ္ဖုိ႔ အခ်ိန္ ၄မိနစ္ပဲယူရပါတယ္။ယံုခ်င္စရာမေကာင္းဘူးဆိုေပမဲ႔လည္း ေလ့လာခ်က္ေတြအရ အဲ႔လုိေတြ႔ရတာပါပဲ။အဲ႔ဒီအခ်ိန္ေလးမိနစ္အတြင္း အဲ႔လူကုိခ်စ္မခ်စ္သိဖုိ႔ အမူအရာ၊အသံႏႈန္း၊အသံအနိမ့္အျမင့္စတဲ႔ခႏၶာကုိယ္အစိတ္အပုိင္းေတြက ျမန္ဆန္စြာလႈပ္ရွားေပးတာလုိ႔ေျပာထားပါတယ္ 🤔

*ခ်စ္သူႏွစ္ဦးဟာ တစ္ေယာက္မ်က္လံုးကုိတစ္ေယာက္စုိက္ၾကည့္ရင္ သူတုိ႔ႏွလံုးခုန္ႏႈန္းက တူညီသြားပါတယ္တဲ႔ 👀


တစ္ေယာက္နဲ႔တစ္ေယာက္ ႏွလံုးခုန္ႏႈန္းတူညီဖုိ႔ဆုိတာမလြယ္ေပမဲ႔ သိပ္ခ်စ္ၾကတဲ႔ခ်စ္သူေတြဟာ တစ္ေယာက္မ်က္လံုးကုိ တစ္ေယာက္သံုးမိနစ္ေလာက္စုိက္ၾကည့္ေပးရင္ သူတုိ႔ႏွလံုးခုန္ႏႈန္းေတြက တူညီလာပါတယ္တဲ႔ 😮

*ေပြ႔ဖက္ျခင္းဟာ နာက်င္မႈကိုေျပေပ်ာက္ေစတဲ႔သဘာ၀ေဆးပါပဲ 💜
Oxytocin လုိ႔ေခၚတဲ႔ cuddle hormone ဟာ တစ္ေယာက္ကုိတစ္ေယာက္ေပြ႔ဖက္ထားတဲ႔အခ်ိန္မွာ ထုတ္ေပးပါတယ္။ဒီေဟာ္မုန္းဟာ ဦးေႏွာက္ထဲမွာအရင္ျဖစ္ေပၚလာျပီး ခႏၶာကုိယ္အႏွံ႔ပ်ံ႔ႏွံ႔သြားပါတယ္။ေလ့လာခ်က္ေတြအရ ဒီလုိေပြ႔ဖက္ေပးတဲ႔အခါ ျပင္းထန္တဲ႔ေခါင္းကုိက္ေ၀ဒနာကုိ
ေျပေလ်ာ့ေစတယ္လုိ႔ေတြ႔ခဲ႔ရပါတယ္။ေပြ႔ဖက္ႏွစ္သိမ့္ေပးျပီး ေလးနာရီၾကာတဲ႔အခါ နာက်င္မႈေတြကလံုးလံုးေပ်ာက္သြားတယ္လုိ႔ေတာင္ေတြ႔ရပါတယ္ ။

*တူညီမႈေတြရွိတဲ႔ခ်စ္သူႏွစ္ဦးဟာ ေရရွည္အဆင္မေျပပါဘူး 

စိတ္ေနသေဘာထား၊ကုိယ္က်င့္စရိုက္တူညီလြန္းတဲ႔ခ်စ္သူေတြ၊အရမ္းကြာျခားလြန္းတဲ႔ခ်စ္သူေတြဟာ ေရရွည္အဆင္မေျပပါဘူး။ဥပမာ ႏွစ္ေယာက္လံုးေခါင္းမာတာခ်င္းတူတဲ့အခါ၊မာနၾကီးတာခ်င္းတူတဲ႔အခါမ်ိဳးမွာေပါ့။ဒါမွမဟုတ္ တစ္ေယာက္က ေတာ္လြန္းျပီး တစ္ေယာက္က ထံုလြန္းတာမ်ိဳး။
သိပ္ခ်စ္ၾကတယ္ဆုိရင္ေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ညိွႏိႈင္းတာ၊တစ္ေယာက္ဆီကတစ္ေယာက္ျပန္သင္တာမ်ိဳးလုပ္ရင္ အဆင္ေျပႏုိင္ပါတယ္။

*အသည္းကြဲတာက ေသဆံုးတဲ႔အထိျဖစ္ႏုိင္ပါတယ္ 💔
အသည္းကြဲတာေပါ့လို႔မျဖစ္ပါဘူး။အသည္းကြဲတဲ႔အခါ ႏွလံုးသားကုိပါနာက်င္ေစလာျပီး နွလံုးသားကဲြတဲ႔အထိျဖစ္လာႏုိင္ပါတယ္။အထူးသျဖင့္ႏွလံုးအရမ္းအားနည္းလြန္းရင္ေပါ့။စိတ္ခံစားခ်က္ေတြျပင္းထန္သြားတဲ႔အခါ ရင္ဘတ္ေတြနာက်င္လာမယ္။အသက္ရႈႏႈန္းေတြျပင္းလာမယ္။ခပ္ျပတ္ျပတ္ျဖစ္လာမယ္။ျပီးရင္ႏွလံုးေရွာ့ခ္ျဖစ္တဲ႔အထိျဖစ္သြားပါလိမ့္မယ္။အမ်ိဳးသမီးေတြက ပုိျပီးအျဖစ္မ်ားတယ္လုိ႔သိရပါတယ္ ။

*ကုိယ္ခ်စ္တဲ႔သူကုိေတြ႔အခါ အစာအိမ္ထဲမွာလိပ္ျပာေတြေရာက္ေနသလို ခံစားရတတ္ပါတယ္ 🦋

မယံုတဲ႔သူေတြရွိေပမဲ႔ ဒါက တကယ္ပါ။ကုိယ္ခ်စ္တဲ႔သူကုိေတြ႔တဲ႔အခါ လိပ္ျပာေတြ ကေနတာ၊ပ်ံေနတာ၊အစာအိမ္တစ္၀ုိက္ေလ်ွာက္သြားေနတာမ်ိဳးခံစားရတတ္ပါတယ္။အဲ႔ဒါက အဒရီနလင္းလုိ႔ေခၚတဲ႔အရည္တစ္မ်ိဳးေၾကာင့္ပါ။စိတ္အရမ္းလႈပ္ရွားေနတဲ႔အခါ အဒရီနယ္ဂလင္းေတြထြက္လာျပီး နွလံုးခုန္ႏႈန္းကုိပိုျပီးျမန္ဆန္လာေစပါတယ္။အဲ႔ဒါေၾကာင့္ အသည္းယားသလိုလုိ ႏွလံုးက တဒိတ္ဒိတ္ခုန္ေနတာပါ။

ဒါေတြကေတာ့ အခ်စ္နဲ႔ပတ္သက္တဲ႔စိတ္၀င္စားစရာဗဟုသုတေတြပါပဲ 💕

Unicode

အချစ်ဆိုတာ သန့်စင်တယ်၊နာကျင်ရတယ်၊ချိုမြိန်တယ်၊သေစေနိုင်တယ်စသဖြင့် အချစ်ဒဿနဖွင့်ဆိုချက်တွေက အများသား။”အချစ်ကြောင့်တစ်ခါမှမနာကျင်ခဲ့ဖူးဘူးဆိုရင် အလွန်ကံကောင်းတာပဲ ဒါမှမဟုတ် အလွန်အထီးကျန်တာပဲ”လို့လည်းပြောလေ့ရှိကြပါတယ်။ဒီလိုမျိုး အချစ်ဖွင့်ဆိုချက််တွေ
များသလို ချစ်ခြင်းမေတ္တာနဲ့ပတ်သက်ပြီး ဒီလိုစိတ်ဝင်စားစရာအချက်လေးတွေလည်းရှိနေပါသေးတယ်။

* Monogamous Relationship ဆိုတာ ကိုယ်တို့လူသားတွေမှာတင်ရှိတာမဟုတ်ပါဘူး
လက်တွဲဖော်အပေါ်သစ္စာရှိတယ်။လက်တွဲဖော်သေဆုံးသွားတဲ့အချိန်မှာတောင် ကိုယ့်အသက်သေဆုံးတဲ့အထိတစ်ယောက်တည်းနေသွားတယ်ဆိုတာ ကိုယ်တို့လူသားမျိုးနွယ်တွေတင်မကပါဘူး။ဝံပုလွေ၊ငန်း၊မျောက်လွဲွှကျော်၊Black vulture ငှက်အမျိုးအစား၊ပင်လယ်စင်ရော်ကြီး၊ခြ စတဲ့တိရစ္ဆာန်မျိုးနွယ်တွေဟာလည်းဘဝတစ်သက်တာမှာ လက်တွဲဖော်က တစ်ယောက်တည်းပါ။အောက်ချင်းငှက်တွေဆိုရင် တစ်ကောင်သေရင် နောက်တစ်ကောင်ကလည်းအဖော်မွန်အသစ်မရှာပဲ ပူဆွေးသောကရောက်စွာ ရင်ကွဲနာကျသေဆုံးသွားကြတာပါ။

*တစ်ယောက်ယောက်ကို ကြိုက်တယ်၊မကြိုက်ဘူး ဆုံးဖြတ်ဖို့ အချိန် ၄မိနစ်ပဲယူရပါတယ်တဲ့
တစ်စုံတစ်ယောက်ကိုကြိုက်လား မကြိုက်ဘူးဆုံးဖြတ်ဖို့ အချိန် ၄မိနစ်ပဲယူရပါတယ်။ယုံချင်စရာမကောင်းဘူးဆိုပေမဲ့လည်း လေ့လာချက်တွေအရ အဲ့လိုတွေ့ရတာပါပဲ။အဲ့ဒီအချိန်လေးမိနစ်အတွင်း အဲ့လူကိုချစ်မချစ်သိဖို့ အမူအရာ၊အသံနှုန်း၊အသံအနိမ့်အမြင့်စတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေက မြန်ဆန်စွာလှုပ်ရှားပေးတာလို့ပြောထားပါတယ် 🤔

*ချစ်သူနှစ်ဦးဟာ တစ်ယောက်မျက်လုံးကိုတစ်ယောက်စိုက်ကြည့်ရင် သူတို့နှလုံးခုန်နှုန်းက တူညီသွားပါတယ်တဲ့
တစ်ယောက်နဲ့တစ်ယောက် နှလုံးခုန်နှုန်းတူညီဖို့ဆိုတာမလွယ်ပေမဲ့ သိပ်ချစ်ကြတဲ့ချစ်သူတွေဟာ တစ်ယောက်မျက်လုံးကို တစ်ယောက်သုံးမိနစ်လောက်စိုက်ကြည့်ပေးရင် သူတို့နှလုံးခုန်နှုန်းတွေက တူညီလာပါတယ်တဲ့ 😮

*ပွေ့ဖက်ခြင်းဟာ နာကျင်မှုကိုပြေပျောက်စေတဲ့သဘာဝဆေးပါပဲ 💜
Oxytocin လို့ခေါ်တဲ့ cuddle hormone ဟာ တစ်ယောက်ကိုတစ်ယောက်ပွေ့ဖက်ထားတဲ့အချိန်မှာ ထုတ်ပေးပါတယ်။ဒီဟော်မုန်းဟာ ဦးနှောက်ထဲမှာအရင်ဖြစ်ပေါ်လာပြီး ခန္ဓာကိုယ်အနှံ့ပျံ့နှံ့သွားပါတယ်။လေ့လာချက်တွေအရ ဒီလိုပွေ့ဖက်ပေးတဲ့အခါ ပြင်းထန်တဲ့ခေါင်းကိုက်ဝေဒနာကို
ပြေလျော့စေတယ်လို့တွေ့ခဲ့ရပါတယ်။ပွေ့ဖက်နှစ်သိမ့်ပေးပြီး လေးနာရီကြာတဲ့အခါ နာကျင်မှုတွေကလုံးလုံးပျောက်သွားတယ်လို့တောင်တွေ့ရပါတယ် ။

*တူညီမှုတွေရှိတဲ့ချစ်သူနှစ်ဦးဟာ ရေရှည်အဆင်မပြေပါဘူး
စိတ်နေသဘောထား၊ကိုယ်ကျင့်စရိုက်တူညီလွန်းတဲ့ချစ်သူတွေ၊အရမ်းကွာခြားလွန်းတဲ့ချစ်သူတွေဟာ ရေရှည်အဆင်မပြေပါဘူး။ဥပမာ နှစ်ယောက်လုံးခေါင်းမာတာချင်းတူတဲ့အခါ၊မာနကြီးတာချင်းတူတဲ့အခါမျိုးမှာပေါ့။ဒါမှမဟုတ် တစ်ယောက်က တော်လွန်းပြီး တစ်ယောက်က ထုံလွန်းတာမျိုး။
သိပ်ချစ်ကြတယ်ဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက်ညှိနှိုင်းတာ၊တစ်ယောက်ဆီကတစ်ယောက်ပြန်သင်တာမျိုးလုပ်ရင် အဆင်ပြေနိုင်ပါတယ်။

*အသည်းကွဲတာက သေဆုံးတဲ့အထိဖြစ်နိုင်ပါတယ် 💔
အသည်းကွဲတာပေါ့လို့မဖြစ်ပါဘူး။အသည်းကွဲတဲ့အခါ နှလုံးသားကိုပါနာကျင်စေလာပြီး နှလုံးသားကွဲတဲ့အထိဖြစ်လာနိုင်ပါတယ်။အထူးသဖြင့်နှလုံးအရမ်းအားနည်းလွန်းရင်ပေါ့။စိတ်ခံစားချက်တွေပြင်းထန်သွားတဲ့အခါ ရင်ဘတ်တွေနာကျင်လာမယ်။အသက်ရှုနှုန်းတွေပြင်းလာမယ်။ခပ်ပြတ်ပြတ်ဖြစ်လာမယ်။ပြီးရင်နှလုံးရှော့ခ်ဖြစ်တဲ့အထိဖြစ်သွားပါလိမ့်မယ်။အမျိုးသမီးတွေက ပိုပြီးအဖြစ်များတယ်လို့သိရပါတယ် ။

*ကိုယ်ချစ်တဲ့သူကိုတွေ့အခါ အစာအိမ်ထဲမှာလိပ်ပြာတွေရောက်နေသလို ခံစားရတတ်ပါတယ် 🦋
မယုံတဲ့သူတွေရှိပေမဲ့ ဒါက တကယ်ပါ။ကိုယ်ချစ်တဲ့သူကိုတွေ့တဲ့အခါ လိပ်ပြာတွေ ကနေတာ၊ပျံနေတာ၊အစာအိမ်တစ်ဝိုက်လျှောက်သွားနေတာမျိုးခံစားရတတ်ပါတယ်။အဲ့ဒါက အဒရီနလင်းလို့ခေါ်တဲ့အရည်တစ်မျိုးကြောင့်ပါ။စိတ်အရမ်းလှုပ်ရှားနေတဲ့အခါ အဒရီနယ်ဂလင်းတွေထွက်လာပြီး နှလုံးခုန်နှုန်းကိုပိုပြီးမြန်ဆန်လာစေပါတယ်။အဲ့ဒါကြောင့် အသည်းယားသလိုလို နှလုံးက တဒိတ်ဒိတ်ခုန်နေတာပါ။

ဒါတွေကတော့ အချစ်နဲ့ပတ်သက်တဲ့စိတ်ဝင်စားစရာဗဟုသုတတွေပါပဲ 💕

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.