တစ်ယောက်တည်းရှိနေချိန်နဲ့ အထီးကျန်ခြင်းဟာ တူညီသလား …

လူအများစုက အထီးကျန်တယ်ဆိုတာ ဝမ်းနည်းစရာ၊ စိတ်ထိခိုက်စရာနဲ့ အဓိပ္ပာယ်ကင်းမဲ့မှုတွေ
ခံစားရတယ်လို့ သတ်မှတ်ကြတယ်။ လူတိုင်း အထီးကျန်ခြင်းကို ခံစားဖူးကြမှာပါ။ ဒါဟာ ပျော်စရာကောင်းတဲ့ အတွေ့ကြုံတော့မဟုတ်ပါဘူး။ ဒါပေမယ့် တစ်ယောက်တည်းရှိနေတိုင်း အထီးကျန်နေတာမဟုတ်သလို ၊ အထီးကျန်နေတိုင်းလည်း တစ်ယောက်တည်း ရှိနေတာမဟုတ်ပါဘူး။ ရှုပ်သွားပြီလား …

တစ်ယောက်တည်းဖြစ်နေပေမယ့် အထီးကျန်တယ်ဆိုတဲ့ ခံစားချက်ဟာ ကိုယ့်စိတ်ထဲမှာ ဖြစ်ချင်မှ ဖြစ်လာတာပါ။ တစ်ချို့ ကတော့ အနားမှာအပေါင်းသင်းတွေ ဝန်းရံနေပေမယ့်လည်း အထီးကျန်တဲ့ ခံစားချက်ကြီးဖြစ်နေရတယ်။ ဒါကြောင့် တစ်ယောက်တည်းရှိနေတိုင်းလည်း အထီးကျန်တဲ့ ခံစားချက်ဖြစ်လာတာမဟုတ်ပါဘူး။

When everything is lonely I can be my own best friend.

– Conor Oberst

မင်းဟာ ဘယ်လိုလူမျိုးလဲ introvert (သို့) extrovert လား …
လူတွေမှာ introvert or extrovert ဆိုပြီး နှစ်မျိုးနှစ်စား ကွဲသွားပါတယ်။ ဒီထဲမှာ ဟိုမရောက် ဒီမရောက်လူတွေလည်း ရှိပါတယ်။ အရမ်းလည်း အနေမအေးသလို အရမ်းလည်း အပေါင်းသင်းဝင်ဆံ့နေတာမျိုးလည်းမဟုတ်ဘူး။

You have my permission not to love me; I am a cathedral of deadbolts and I’d rather burn myself down than change the locks. - Rachel McKibbens, “Letter From My Brain To My Heart”

introvert ဘက်လုံးဝ pure ဖြစ်တဲ့လူက တစ်ယောက်တည်းရှိနေခြင်းဟာ အထီးကျန်တဲ့ခံစားချက် လုံး​ဝမဖြစ်စေဘူးဆိုတာ သူတို့ကောင်းကောင်းသိတယ်။ တကယ်လို့ မင်းမှာ အချိန်အကြာကြီး အထီးကျန်သလိုခံစားနေရတယ်ဆိုရင် ပြဿနာတစ်ခုခုရှိနေပါပြီ။ မင်းဟာ extrovert ဆိုရင် ရှုပ်ထွေးတဲ့ အပိုင်းတွေတော့ ရှိတယ်။ ယေဘုယျအားဖြင့် အထီးကျန်နေတာကို မင်းမကြိုက်ဘူး။ မကြာခဏ လူတွေနဲ့ ထိတွေ့ဆက်ဆံနေရတာကိုပဲ သဘောကျတယ်။ ဒီအချက်တွေကြောင့် ရေချိုး ၊ ထမင်းစား ၊ အိပ်တဲ့အချိန်ကလွဲပြီး ကျန်တဲ့အချိန်တွေမှာ တစ်ယောက်တည်းရှိနေရင် အထီးကျန်သလို ခံစားနေရတတ်ပါတယ်။

@brandonwoelfel

တစ်ယောက်တည်းရှိနေချိန်တွေဟာ ဘာကောင်းလဲဆိုတော့ ကိုယ်လုပ်ချင်တာ ဝါဿနာပါရာတွေ
အတွက် အချိန်ပေးလာနိုင်တယ်။ တစ်ယောက်တည်းရှိနေမှလည်း ကိုယ့်အတွက် တိုးတက်ရာ တိုးတက်ကြောင်းကို လမ်းဖောက်နိုင်မှာကိုး။ အပေါင်းသင်းတွေနဲ့မဟုတ်ပဲ တစ်ယောက်တည်းရှိနေရတာလည်း လွတ်လပ်တဲ့ ခံစားမှုကောင်း တစ်ခုပါ။ ဒါကြောင့် တစ်ယောက်တည်းရှိနေတိုင်း အထီးကျန်နေတာ မဟုတ်ပါဘူး။ အချိန်နဲ့အမျှ ကိုယ့်အရည်သွေးတွေ တိုးတက်အောင် လေ့ကျင့်ပျိုးထောင်နေတဲ့ အခိုက်တန့်တွေပါပဲ။

အထီးကျန်တယ်လို့ ကိုယ့်ဘာကိုယ် ခံစားနေရတာတွေကို ဖျောက်ပစ်လိုက်ပါ။ တစ်ယောက်တည်းရှိနေခြင်းရဲ့ လွတ်လပ်မှုအရသာကို မင်းသဘောကျလာပါလိမ့်မယ်။

241 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.