တူညီတဲ့ Gucci shirt ကိုဝတ်ဆင်ခဲ့တဲ့ Tiffany နဲ့ Jennie အလှချင်းပြိုင်တဲ့အခါ

guccijennie

BlackPink အဖွဲ့ဝင် Jennie ကို ” human Gucci” လို့ ချစ်စနိုးနဲ့ ခေါ်ကြပါတယ်။ သူမရဲ့ဖက်ရှင်အားလုံးဟာ Gucci ပင်တိုင်ဖြစ်နေလို့ပါပဲ။

Image result for Girls’ Generation‘s Tiffany

Girls’ Generation‘s Tiffany ကလည်း Gucci brand ရဲ့ အိတ်တွေ ၊ ဖိနပ်နဲ့ အခြား acessories တွေကို နှစ်သက်ပါတယ်။

gucci 2

Tiffany နဲ့ Jennie တို့ရဲ့ဖက်ရှင်စတိုင်လ်ဟာ ကွဲပြားပေမယ့် မထင်မှတ်ပဲ Gucci ရဲ့ “donna camicie”ဆိုတဲ့ အဖြူရောင်ရှပ်လေးကို ဝတ်မိတဲ့အခါ ပရိတ်သတ်တွေက အလှချင်းယှဉ်ကြည့်မိကြတယ်။

tiffany

Gucci ရဲ့ဂျင်းစကတ်နဲ့ တွဲဖက်ထားတဲ့ပုံစံဟာ nature theme ကို ဖမ်းထားတာဖြစ်ပြီး မိန်းကလေးဆန်မှုကိုတစ်ပြိုင်တည်း ခံစားရမှာပါ။ Tiffany က ဒီoutfit လေးကို ၂ဝ၁၆တုန်းက အနက်ရောင် shoe လေးနဲ့ တွဲဖက်ပြီး ဝတ်ဆင်ခဲ့တယ်။

jennie2

Jennie ကတော့ Volkswagon Fly High performance မှာ အဖြူရောင် ရှပ်လေးကို အပြာရောင်စကတ်လေးနဲ့ တွဲဖက်ပြီး ဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။

ဒီလိုလေး Jennie ဝတ်လိုက်ပြန်တော့လည်း Sailor Moonလေးအတိုင်းပါပဲ။ 😍

တစ်ယောက်တစ်မျိုးစီ အလှကိုယ်စီပိုင်ဆိုင်ထားတာမို့ ဘယ်သူက ပိုလှတယ်တော့မရှိပါဘူး။ ပရိတ်သတ်တွေ မျက်လုံးထဲမှာရော ဘယ်သူက ပိုလိုက်ဖက်မှုရှိတယ်ထင်လဲ…

713 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.