“2018 Seoul International Drama” ဆုပေးပွဲမှာ သူတို့တွေလည်းဆုကိုယ်စီရခဲ့သတဲ့ 😍💕





Unicode

အနုပညာရှင်တွေအတွက်ပန်းတိုင်တစ်ခုလို့ပြောလို့ရတဲ့ 2018 Seoul International Drama Awards ဆုပေးပွဲကြီးကို စက်တင်ဘာ ၃ရက်နေ့ကကျင်းပခဲ့တယ်လို့သိရပါတယ်။ဒီဆုပေးပွဲကြီးဟာ ကမ္ဘာတစ်ဝန်းလုံးက အကောင်းဆုံးဇာတ်လမ်းတွဲတွေ၊အကောင်းဆုံးမင်းသားမင်းသမီးတွေရွေးချယ်တဲ့ပွဲကြီးပဲဖြစ်ပါတယ်။ဒီပွဲကြီးကို KBS Hall မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အစီအစဉ်တင်ဆက်သူတွေကတော့ Jun Hyun Moo နဲ့ Girls’ Generation အဖွဲ့ဝင်Sooyoung ပါ။

ဒီနှစ်ရဲ ့Seoul International Drama Awards ဆုပေးပွဲမှာ နိုင်ငံပေါင်း ၅၆ နိုင်ငံက တင်သွင်းပြသထားတဲ့ ဇာတ်လမ်းတွဲပေါင်း ၂၆၈ ခုတောင်ရှိခဲ့ပါတယ်တဲ့ 😮ဆုပေးပွဲသမိုင်းတစ်လျှောက် အများဆုံးပမာဏလည်းဖြစ်ပါတယ်။နိုင်ငံတကာဇာတ်လမ်းတွဲတွေများစွာကြားထဲမှာ Grand Prize ဆုကိုရရှိခဲ့တာကတော့ဂျာမန်ဇာတ်လမ်းတွဲ “Babylon Berlin” ပါ။ဇာတ်လမ်းတိုအတွက် Top Excellence Award ဆုကိုတော့ Germany’s non-fiction ဒရာမာဖြစ်တဲ့“54 Hours”က ရရှိခဲ့ပါတယ်။အကောင်းဆုံးဒါရိုက်တာကတော့ “54 Hours”ရိုက်ကူးခဲ့သူ Kilian Riedhoff ပဲဖြစ်ပါတယ်။ပြင်သစ်ဇာတ်လမ်းတွဲဖြစ်တဲ့ “Candice Renoir” ကတော့ Top Excellence Award ဆုရရှိခဲ့တယ်လို့သိရပါတယ်။

တောင်ကိုရီးယားအနုပညာရှင်တွေအတွက်လည်းမှတ်တိုင်တစ်ခုဖြစ်တဲ့ ဒီပွဲကြီးမှာ မီနီစီးရီးဖြစ်တဲ့ “Mother” ဇာတ်လမ်းတွဲကTop Excellence Award ဆုရရှိခဲ့ပြီး ပါဝင်သရုပ်ဆောင်ခဲ့သူ မင်းသမီးချော Lee Bo Young က အကောင်းဆုံးမင်းသမီးဆုကိုရရှိခဲ့ပါတယ်😍 နိုင်ငံတကာပရိသတ်တွေကြားထဲ နာမည်ကျော်ကြားခဲ့တဲ့ ဇာတ်ကားတွေကို ရွေးချယ်ခဲ့တဲ့အခါမှာတော့ “While You Were Sleeping” ဇာတ်လမ်းတွဲကTop Excellence Award ဆုရရှိခဲ့ပြီး “Fight My Way” နဲ့ “Pretty Noona Who Buys Me Food” ဇာတ်လမ်းတွဲဟာ Excellence Award ဆုကိုရရှိခဲ့ပါတယ်။

ဒီလိုနိုင်ငံတကာပရိသတ်တွေကြားရေပန်းစားခဲ့တဲ့ဇာတ်လမ်းတွဲတွေအတွက် အကောင်းဆုံးမင်းသား၊မင်းသမီးဆုကိုရွေးချယ်ခဲ့တဲ့အခါမှာတော့မင်းသားချော Park Seo Joon နဲ့ Son Ye Jin တို့က ရရှိခဲ့တယ်လို့သိရပါတယ် 😍😍တောင်ကိုရီးယားအနုပညာရှင်တွေအတွက် ထိုက်တန်တဲ့ဆုတွေပါပဲ။Congratulations to all the winners! 🎉🎉🎉ဆုပေးပွဲပုံရိပ်တစ်ချို့ကိုပါ ပြန်ပြီးမျှဝေပေးလိုက်ပါတယ်။

 

646 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.