နိမ့်ကျနေတဲ့ မြန်မာ့ရုပ်ရှင်ကို အားပေးကြတဲ့ ပရိသတ်ကြီးအတွက် ထိုက်တန်တဲ့ကြိုးစားမှုတွေနဲ့ ပေးဆပ်သွားမယ့် ခန့်စည်သူ

227818_128937543849636_3943948_n.jpg

အကယ်ဒမီခန့်သည်သူကို ဥရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်လို့ သူ့ရဲ့အကယ်ဒမီရင်ခုန်သံနဲ့အတူ၊ မြန်မာ့ရုပ်ရှင်လောကနဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်သဘောထားလေးတွေကို မေးမြန်းဖြစ်ခဲ့တာကတော့  ‘အကယ်ဒမီနဲ့ပတ်သက်ပြီး သိပ်အထွေ အထူးတော့ မရှိပါဘူး။ ဘယ်သူပဲရရပါ။ ကိုယ်မရလည်း ကိုယ့်ရဲ့လုပ်ဖော် ကိုင်ဖက် အနုပညာမောင်နှမတွေထဲက တစ်ယောက်ယောက်ပဲရမှာ ဖြစ်တဲ့အတွက် ကျေနပ်ပါတယ်။ ရစေချင်ပါတယ်။ ဒီနှစ်က တကယ်တော်တဲ့ သူတွေကိုလည်း ရစေချင်ပါတယ်။ အကယ်ဒမီမရရှိသေးတဲ့ အသစ်တွေ ကိုပိုပြီးတော့ ရစေချင်တယ်။’လို့ သူက ပြောပါတယ်။

ခန့်စည်သူအတွက် ပိုးထည်sponsor ကို မန္တလေး (ယဉ်သူထိုက်) ကပေးထားပြီး ချုပ်ပေးမဲ့ သူကတော့ဒီဇိုင်နာယုံယုံးပါ။ ဖိနပ်ကိုတော့ ဆင်ကိုးကောင် ဖိနပ်ကနေ sponsor ပေးထားပါတယ်လို့ သိရပါတယ်။

အခုရုပ်ရှင် အစည်းအရုံးက အနုပညာရှင်တွေရဲ့အနေအထိုင်၊ အပြောအဆို၊ အသွားအလာ၊ အ၀တ်အစားနဲ့ ပတ်သက်ပြီး ဆင်ခြင်နေထိုင်ကြဖို့ ပန်ကြားချက် ထုတ်ပြန်လိုက်တာကိုတော့ သူက ‘အစ်ကိုကတော့ ဘယ်သူ့ကိုမှ ဝေဖန်ချက်တွေမပေးချင်ပါဘူး။ ထင်မြင်ချက် တွေလည်း မပေးချင်ပါဘူး။ အဓိကက မည်သူမပြု မိမိမှုပေါ့။ အကယ်ဒမီနဲ့ ပတ်သက်ပြီး ဝေဖန်ချက်၊ ထင်မြင်ချက်တွေ ပြောဖို့က အကယ်ဒမီပွဲ ပြီးမှပြော မှဖြစ်မယ်ထင်တယ်။ အခုချိန်မှာ ပြောဖို့ကစောနေပါ သေးတယ်။ ပရိသတ်ကြီး အားလုံးပဲ ကျွန်တော်တို့ရဲ့ အဘက်ဘက် ကနေ နောက်ကျ နိမ့်ကျနေတဲ့ မြန်မာ့ရုပ်ရှင်ကို တကယ်ကိုချစ်မြတ်နိုးစွာနဲ့ အားပေးနေကြတဲ့အတွက် အရမ်းပဲကျေးဇူးတင်ပါတယ်။ လိုအပ်ချက်တွေ၊ အားနည်းချက်တွေ၊ အသုံးမကျမှုတွေ အများကြီးရှိတဲ့အထဲက အားပေးတဲ့ အတွက်အစ်ကိုတို့ဘက်ကလည်းထိုက်တန်တဲ့ ကြိုးစားမှုတွေနဲ့ ပြန်ပြီးပေးဆပ်သွားမှာပါ’လို့ ပြောပြသွားခဲ့ပါတယ်။

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.