ချစ်သူစုံတွဲတွေ ရုပ်ချင်းဆင်လာကြတာ ဘာလို့လဲဆိုတော့…💕






Unicode

နှစ်ချီလက်တွဲလာတဲ့ချစ်သူစုံတွဲတစ်ချို့ကိုကြည့်လိုက်ရင် နှစ်ယောက်သား ရုပ်ချင်းဆင်နေတာကိုသတိထားမိကြပါလိမ့်မယ်။နှစ်ချီမဟုတ်တောင်တစ်နှစ် နှစ်နှစ်နီးပါးချစ်သူသက်တမ်းရှိနေပြီဆို ဘေးကမြင်နေရတဲ့လူတွေက ဒီနှစ်ယောက်ရုပ်ချင်းဆင်နေတာ၊အပြုအမူတွေ၊စကားပြောပုံတွေဆင်လာတာအကဲခတ်မိပါလိမ့်မယ်။ဒါဖြင့် ဘာလို့ချစ်သူစုံတွဲတွေရုပ်ချင်းဆင်လာကြတာလဲ?သိချင်လာပြီဟုတ် !

Michigan တက္ကသိုလ်က စိတ်ပိုင်းဆိုင်ရာလေ့လာသူပညာရှင် Robert Zajonc ဟာ မင်္ဂလာဆောင်ပြီးကာစဇနီးမောင်နှံရဲ့ ဓာတ်ပုံနဲ့ နောက်ထပ် ၂၅နှစ်အကြာမှာရိုက်ထားတဲ့ဓာတ်ပုံနှစ်ပုံကို ယှဉ်ကြည့်တဲ့အခါ ထိုဇနီးမောင်နှံဟာ ရုပ်ချင်းပိုတူလာတာကိုတွေ့ခဲ့ရပါတယ်။အဲ့ဒါကိုအသေးစိတ်လေ့လာကြည့်တဲ့အခါမှာတော့ ထိုဇနီးမောင်နှံရုပ်ချင်းပိုဆင်လာရတဲ့အကြောင်းကိုရှာတွေ့ခဲ့ပါတယ်။

ဘာလို့လဲဆိုတော့ ကိုယ့်လက်တွဲဖော်ပျော်နေတဲ့အချိန် ကိုယ်ပါလိုက်ပြီးပျော်မိလို့ စိတ်ခံစားချက်တွေကလည်းဆင်တူလာပါတယ်။ချစ်သူတွေဖြစ်တဲ့အတွက် နှစ်ယောက်သား လျှောက်သွားလည်းအတူတူ၊စားလည်းအတူတူ၊၀ိတ်လျှော့လည်းအတူတူ၊၀ါသနာပါတာတွေလည်း တစ်ယောက်တစ်လှည့်လိုက်လုပ်ကြ၊ပျော်စရာတွေလုပ်လည်းအတူတူ၊ငိုလည်းအတူတူဖြစ်လို့ ရုပ်ပါတဖြည်းဖြည်းဆင်လာတာပါတဲ့။နောက်တစ်နည်းပြောရရင် အစကတည်းက တစ်ယောက်ကိုတစ်ယောက် သဘောကျနှစ်သက်ပြီးဖြစ်လို့ နောက်ပိုင်းမှာနှစ်ယောက်သား အမူအကျင့်တွေပါဆင်တူလာပြီး ရုပ်ချင်းပါစပြီးဆင်တူလာတာဖြစ်ပါတယ်။ချစ်သူတွေဖြစ်ပြီး ၂၅နှစ်ကြာတဲ့အထိ အတူတူရှိနေရင် ရုပ်ချင်းပိုတူလာတာကိုတွေ့ရပါလိမ့်မယ်။တစ်ယောက်မျက်နှာမှာရှိတဲ့အရေးအကြောင်းကအစ နေရာချင်းတူလာနိုင်ပါတယ်တဲ့ 😮

နောက်တစ်ချက်ကတော့ ချစ်သူတွေမဖြစ်ခင်ကတည်းက တစ်ယောက်ယောက်ကိုစချစ်ပြီဆိုတာနဲ့အဲ့ဒီလူက ကိုယ်နဲ့အမူအကျင့်၊အကျင့်စရိုက်တူညီလို့ ချစ်မိတာများပါတယ်။တစ်ခြားသူတွေဘယ်လောက်ချောချော ကိုယ်နဲ့အကျင့်စရိုက်ချင်းအမူအကျင့်ချင်းတူညီတဲ့သူကိုပဲ ပိုပြီးစိတ်ထဲက သဘောကျတတ်တာပါ။ပြီးတော့ ချစ်သူစုံတွဲတွေကမှန်လိုပါပဲတဲ့။တစ်ယောက်က ဒီအကျင့်တစ်ခုကိုစလုပ်ပြီဆို နောက်တစ်ယောက်ကလည်း အဲ့ဒီအကျင့်မျိုး လုပ်မိတတ်ပါတယ်။တစ်ခါတစ်လေ ကိုယ့်ချစ်သူနဲ့တူတဲ့အမူအရာမျိုးလည်း လိုက်လုပ်ရင်းနှစ်ယောက်သားပိုတူလာတာမျိုးပေါ့ 💕

ချစ်သူစုံတွဲတွေဟာ ဒီလိုမျိုးခံစားချက်တွေ၊အတွေ့အကြုံတွေ Sharing လုပ်ရင်း လက်တွဲလာတာအချိန်ကြာလေလေ ရုပ်ချင်းပိုဆင်လာလေပါပဲ 💑

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.