ေျပာမနာဆုိမနာ ေယာက်္ားေလးသူငယ္ခ်င္းမ်ိဳးပုိင္ဆုိင္ထားရျခင္းရဲ ႔အက်ိဳးေက်းဇူးေတြ…😎

သင့္အေပၚမွာ အႏြံတာခံျပီးေကာင္းတူဆုိးဖက္မ်ွေ၀ခံစားလို႔ရတဲ့၊ေျပာမနာဆုိမနာေပါင္းသင္းလုိ႔ရတဲ႔ ေယာက်္ားေလးသူငယ္ခ်င္းမ်ိဳးရွိတယ္ဆုိ ကံေကာင္းတာပါပဲ။ကုိယ္ေပါတုိင္း လုိက္ေပါေပးတဲ႔ သူငယ္ခ်င္းမ်ိဳးရွိရင္ပုိေကာင္းတာေပါ့ 😝အခင္ဆံုးမိန္းကေလးသူငယ္ခ်င္းေရာ၊ေယာက်္ားေလးသူငယ္ခ်င္းပါ ပုိင္ဆုိင္ထားတယ္ဆုိရင္ေတာ့ ဘ၀ၾကီးက အေတာ္ေလးေနသာထုိင္သာရွိတယ္လုိ႔ေျပာလုိ႔ရပါတယ္။

ကိုယ့္မိသားစု၊အခ်စ္ေရး၊လူမႈေရး၊စီးပြားေရးစသျဖင့္ အဆင္မေျပတာေတြရွိရင္သူတုိ႔နဲ႔တိုင္ပင္ေဆြးေႏြးရင္ဖြင့္လို႔ရတာကုိး။တကယ္လို႔မ်ား “The Kissing Booth” ဇာတ္ကားေလးၾကည့္ျပီးျပီဆုိရင္ ေယာက်္ားေလးသူငယ္ခ်င္းတစ္ေယာက္ရွိတာဘယ္ေလာက္ေက်နပ္ေပ်ာ္ရႊင္စရာေကာင္းလဲအသိသာၾကီးကုိျမင္ရမွာပါ။

ျပီးေတာ့ ေယာက်္ားေလးသူငယ္ခ်င္းရွိတာ ဒီလုိအက်ိဳးေက်းဇူးေတြပါ ရရွိႏုိင္ပါတယ္။

၁)ကုိယ့္ခႏၶာကုိယ္၊အလွအပနဲ႔ပတ္သက္ျပီး စိတ္မလံုျခံဳမႈမျဖစ္ဘူး
ဘယ္ေလာက္ပဲကုိယ္ကလွပါတယ္၊အလွအပနဲ႔ပတ္သက္ျပီးယံုၾကည္ခ်က္ရွိပါတယ္ဆုိဆုိ ကုိယ္သေဘာက်တဲ႔ခရက္ရွ္၊ကုိယ့္ခ်စ္သူေရွ႔ေရာက္တဲ႔အခါ မိတ္ကပ္ကပဲလိုေနသလုိလုိ၊ဆံပင္ပံုကပဲမလွသလုိလုိ တစ္ခုခုလိုေနသလုိခံစားရတတ္ပါတယ္။ဒါေပမဲ႔ ေယာက်္ားေလးသူငယ္ခ်င္းေတြေရွ႔မွာေတာ့ ဒါေတြကုိဂရုစုိက္စရာမလိုပဲ ေပါ့ေပါ့ပါးပါးသက္ေတာင့္သက္သာေနလုိ႔ရပါတယ္။အေပၚယံေတြက သူငယ္ခ်င္းေတြၾကားထဲ မလိုအပ္ပါဘူး 💕

၂)သူတုိ႔က ပြင့္ပြင့္လင္းလင္းနဲ႔အမွန္အတိုင္းေျပာတတ္တယ္
အ၀တ္အစားနဲ႔ပတ္သက္လို႔ ကုိယ္နဲ႔မလုိက္ရင္မလိုက္ဘူး။ၾကည့္ေကာင္းရင္ၾကည့္ေကာင္းတယ္စသျဖင့္ေ၀ဖန္မယ္။အၾကံေပးမယ္။ေယာက်္ားေလးအျမင္နဲ႔ဘယ္အ၀တ္အစားကေတာ့ ဘယ္လုိဆုိျပီး အၾကံေတာင္ေပးရင္ေပးဦးမွာပါ။ကုိယ့္ခ်စ္သူလို ကိုယ္စိတ္ညစ္သြားမွာစုိးလို႔ညာေျပာတာမိ်ဳးလည္းမရွိ၊ကုိယ့္ကိုအေပၚယံေပါင္းတဲ႔မိန္းကေလးသူငယ္ခ်င္းေတြလို မလွတဲ႔အ၀တ္အစားကုိလွတယ္ဆိုျပီးေျပာတာမ်ိဳးလည္းမရွိဘူးေပါ့။

၃)ၾကိဳးစားျပီး ဖန္တီးယူစရာမလိုဘူး
ကိုယ့္ခ်စ္သူက ဒီသီခ်င္းေလးၾကိဳက္လို႔ လိုက္ၾကိဳက္မယ္။ေကာ္ဖီၾကိဳက္လို႔ လိုက္ေသာက္မယ္။ကုိယ္တကယ္ၾကိဳက္ရင္ေတာ့ေကာင္းတာေပါ့။ကိုယ္မၾကိဳက္ပဲခ်စ္သူက သေဘာက်ဖုိ႔လိုက္ၾကိဳက္တာမ်ိဳးကေတာ့ အဆင္မေျပဘူးေပါ့ေနာ္။ဒါေပမဲ႔ ေယာက်္ားေလးသူငယ္ခ်င္းနဲ႔ဆုိရင္ေတာ့ ဒီလုိမ်ိဳးေတြၾကိဳးစားျပီးလိုက္ၾကိဳက္ေနစရာကုိမလိုပါဘူး။သူ႔အၾကိဳက္ကုိယ့္အၾကိဳက္ေဆြးေႏြးမယ္။တစ္ခါတစ္ေလ ႏွစ္ေယာက္သားအၾကိဳက္တူရင္တူမယ္။အတင္းၾကီးၾကိဳးစားေနစရာမလိုတာကုိက စိတ္ခ်မ္းသာျခင္းတစ္မ်ိဳးပါပဲ။

၄)အျမဲတမ္းလက္ေဆာင္၀ယ္ေပးေနစရာမလိုဘူး
အခင္ဆံုးသူငယ္ခ်င္းျဖစ္ရတဲ႔အားသာခ်က္က ဒီတစ္ခုလည္းပါတာေပါ့ေနာ္ 🤫ကုိယ့္ခ်စ္သူဆုိရင္ ခ်စ္သူမ်ားေန႔၊ႏွစ္ပတ္လည္ေန႔၊ေမြးေန႔၊ခရစ္စမတ္၊နယူးရီးယားစသျဖင့္ အမွတ္တရေန႔တုိင္း လက္ေဆာင္တစ္ခုခုေပးဖုိ႔လိုေပမဲ႔ ေယာက်္ားေလးသူငယ္ခ်င္းေတြကုိေတာ့ တကူးတကလက္ေဆာင္ေပးစရာမလိုပါဘူး။အလြန္ဆံုးေမြးေန႔အမွတ္တရလက္ေဆာင္ေပါ့။ဒါေတာင္ ႏွစ္တုိင္းေပးဖို႔မလိုပါဘူး။မေပးလို႔လည္းစိတ္ဆုိးမွာမဟုတ္ပါဘူးေနာ္။ဘာလုိ႔လဲဆုိေတာ့ အဲ႔ဒီလုိအမွတ္တရေန႔ေတြမွာ သူငယ္ခ်င္းေတြအတူတူ စားလုိက္ေသာက္လိုက္နဲ႔အခ်ိန္ကုန္ဆံုးမယ္ဆုိ ဒါကလက္ေဆာင္ပါပဲ။ခ်စ္သူက်ေတာ့ မေပးလို႔ရတယ္ဆုိေပမဲ႔လည္း သူေပးရင္ကုိယ္ကလည္းျပန္ေပးခ်င္တာကုိး 🤭

၅)Best Friend Forever ပါ
ခ်စ္သူရည္းစားဆုိတာ အဆင္မေျပလို႔လမ္းခဲြျပတ္စဲျပီးရင္ ျပန္မေတြ႔ၾကေတာ့မယ့္သူေတြဆုိေပမဲ႔ ေယာက်္ားေလးသူငယ္ခ်င္းေတြကေတာ့ ရန္ျဖစ္ျပီးသိပ္မၾကာခင္ ျပန္ေခၚၾကတာပါပဲ။ဘာလို႔လဲဆုိေတာ့ သူငယ္ခ်င္းေတြမုိ႔လုိ႔ပါ။တစ္ေယာက္နဲ႔တစ္ေယာက္စိတ္နာရေလာက္တဲ႔ကိစၥမ်ိဳးလုပ္မိရင္ေတာင္သူငယ္ခ်င္းေတြျဖစ္လုိ႔ အခ်ိန္တန္ရင္ျပန္အဆင္ေျပသြားၾကတာပါပဲ။ကုိယ္စိတ္ညစ္ေနတဲ႔အခ်ိန္တုိင္း၊စိတ္ဓာတ္က်ေနတဲ႔အခ်ိန္တုိငး္လည္းႏွစ္သိမ့္ေပးတာသူတုိ႔ပါပဲ ❤

၆)အားကုိးရတယ္
မိန္းကေလးသူငယ္ခ်င္းေတြရွိတာေကာင္းသလို ေယာက်္ားေလးသူငယ္ခ်င္းေတြရွိတာလည္း ပုိေကာင္းပါတယ္။ဘာလုိ႔ဆုိ ကုိယ္ေတြမသြားရဲမလာရဲတဲ႔ေနရာဆုိ သူတုိ႔ကုိအရင္ဆံုးသြားခုိင္းလာခိုင္း၊အကူအညီလိုတာရွိရင္ေတာင္းလုိက္၊အႏုိင္က်င့္လိုက္နဲ႔ အားကုိးလို႔ရတဲ႔သူငယ္ခ်င္းေတြပါ  🤭ဟုတ္ရဲ႔လား?

ကဲ ဒီလုိမ်ိဳး ကုိယ့္အေပၚ ညီမတစ္ေယာက္လိုသေဘာထားတဲ႔သူငယ္ခ်င္းေကာင္ေလး ပုိင္ဆုိင္ထားရျပီလား? 😎

Unicode

သင့်အပေါ်မှာ အနွံတာခံပြီးကောင်းတူဆိုးဖက်မျှဝေခံစားလို့ရတဲ့၊ပြောမနာဆိုမနာပေါင်းသင်းလို့ရတဲ့ ယောကျ်ားလေးသူငယ်ချင်းမျိုးရှိတယ်ဆို ကံကောင်းတာပါပဲ။ကိုယ်ပေါတိုင်း လိုက်ပေါပေးတဲ့ သူငယ်ချင်းမျိုးရှိရင်ပိုကောင်းတာပေါ့ 😝အခင်ဆုံးမိန်းကလေးသူငယ်ချင်းရော၊ယောကျ်ားလေးသူငယ်ချင်းပါ ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ ဘဝကြီးက အတော်လေးနေသာထိုင်သာရှိတယ်လို့ပြောလို့ရပါတယ်။

ကိုယ့်မိသားစု၊အချစ်ရေး၊လူမှုရေး၊စီးပွားရေးစသဖြင့် အဆင်မပြေတာတွေရှိရင်သူတို့နဲ့တိုင်ပင်ဆွေးနွေးရင်ဖွင့်လို့ရတာကိုး။တကယ်လို့များ “The Kissing Booth” ဇာတ်ကားလေးကြည့်ပြီးပြီဆိုရင် ယောကျ်ားလေးသူငယ်ချင်းတစ်ယောက်ရှိတာဘယ်လောက်ကျေနပ်ပျော်ရွှင်စရာကောင်းလဲအသိသာကြီးကိုမြင်ရမှာပါ။

ပြီးတော့ ယောကျ်ားလေးသူငယ်ချင်းရှိတာ ဒီလိုအကျိုးကျေးဇူးတွေပါ ရရှိနိုင်ပါတယ်။

၁)ကိုယ့်ခန္ဓာကိုယ်၊အလှအပနဲ့ပတ်သက်ပြီး စိတ်မလုံခြုံမှုမဖြစ်ဘူး
ဘယ်လောက်ပဲကိုယ်ကလှပါတယ်၊အလှအပနဲ့ပတ်သက်ပြီးယုံကြည်ချက်ရှိပါတယ်ဆိုဆို ကိုယ်သဘောကျတဲ့ခရက်ရှ်၊ကိုယ့်ချစ်သူရှေ့ရောက်တဲ့အခါ မိတ်ကပ်ကပဲလိုနေသလိုလို၊ဆံပင်ပုံကပဲမလှသလိုလို တစ်ခုခုလိုနေသလိုခံစားရတတ်ပါတယ်။ဒါပေမဲ့ ယောကျ်ားလေးသူငယ်ချင်းတွေရှေ့မှာတော့ ဒါတွေကိုဂရုစိုက်စရာမလိုပဲ ပေါ့ပေါ့ပါးပါးသက်တောင့်သက်သာနေလို့ရပါတယ်။အပေါ်ယံတွေကသူငယ်ချင်းတွေကြားထဲ မလိုအပ်ပါဘူး 💕

၂)သူတို့က ပွင့်ပွင့်လင်းလင်းနဲ့အမှန်အတိုင်းပြောတတ်တယ်
အဝတ်အစားနဲ့ပတ်သက်လို့ ကိုယ်နဲ့မလိုက်ရင်မလိုက်ဘူး။ကြည့်ကောင်းရင်ကြည့်ကောင်းတယ်စသဖြင့်ဝေဖန်မယ်။အကြံပေးမယ်။ယောကျ်ားလေးအမြင်နဲ့ဘယ်အဝတ်အစားကတော့ ဘယ်လိုဆိုပြီး အကြံတောင်ပေးရင်ပေးဦးမှာပါ။ကိုယ့်ချစ်သူလို ကိုယ်စိတ်ညစ်သွားမှာစိုးလို့ညာပြောတာမျိုးလည်းမရှိ၊ကိုယ့်ကိုအပေါ်ယံပေါင်းတဲ့မိန်းကလေးသူငယ်ချင်းတွေလို မလှတဲ့အဝတ်အစားကိုလှတယ်ဆိုပြီးပြောတာမျိုးလည်းမရှိဘူးပေါ့။

၃)ကြိုးစားပြီး ဖန်တီးယူစရာမလိုဘူး
ကိုယ့်ချစ်သူက ဒီသီချင်းလေးကြိုက်လို့ လိုက်ကြိုက်မယ်။ကော်ဖီကြိုက်လို့ လိုက်သောက်မယ်။ကိုယ်တကယ်ကြိုက်ရင်တော့ကောင်းတာပေါ့။ကိုယ်မကြိုက်ပဲချစ်သူက သဘောကျဖို့လိုက်ကြိုက်တာမျိုးကတော့ အဆင်မပြေဘူးပေါ့နော်။ဒါပေမဲ့ ယောကျ်ားလေးသူငယ်ချင်းနဲ့ဆိုရင်တော့ ဒီလိုမျိုးတွေကြိုးစားပြီးလိုက်ကြိုက်နေစရာကိုမလိုပါဘူး။သူ့အကြိုက်ကိုယ့်အကြိုက်ဆွေးနွေးမယ်။တစ်ခါတစ်လေ နှစ်ယောက်သားအကြိုက်တူရင်တူမယ်။အတင်းကြီးကြိုးစားနေစရာမလိုတာကိုက စိတ်ချမ်းသာခြင်းတစ်မျိုးပါပဲ။

၄)အမြဲတမ်းလက်ဆောင်ဝယ်ပေးနေစရာမလိုဘူး
အခင်ဆုံးသူငယ်ချင်းဖြစ်ရတဲ့အားသာချက်က ဒီတစ်ခုလည်းပါတာပေါ့နော် 🤫ကိုယ့်ချစ်သူဆိုရင် ချစ်သူများနေ့၊နှစ်ပတ်လည်နေ့၊မွေးနေ့၊ခရစ်စမတ်၊နယူးရီးယားစသဖြင့် အမှတ်တရနေ့တိုင်း လက်ဆောင်တစ်ခုခုပေးဖို့လိုပေမဲ့ ယောကျ်ားလေးသူငယ်ချင်းတွေကိုတော့ တကူးတကလက်ဆောင်ပေးစရာမလိုပါဘူး။အလွန်ဆုံးမွေးနေ့အမှတ်တရလက်ဆောင်ပေါ့။ဒါတောင် နှစ်တိုင်းပေးဖို့မလိုပါဘူး။မပေးလို့လည်းစိတ်ဆိုးမှာမဟုတ်ပါဘူးနော်။ဘာလို့လဲဆိုတော့ အဲ့ဒီလိုအမှတ်တရနေ့တွေမှာ သူငယ်ချင်းတွေအတူတူ စားလိုက်သောက်လိုက်နဲ့အချိန်ကုန်ဆုံးမယ်ဆို ဒါကလက်ဆောင်ပါပဲ။ချစ်သူကျတော့ မပေးလို့ရတယ်ဆိုပေမဲ့လည်း သူပေးရင်ကိုယ်ကလည်းပြန်ပေးချင်တာကိုး 🤭

၅)Best Friend Forever ပါ
ချစ်သူရည်းစားဆိုတာ အဆင်မပြေလို့လမ်းခွဲပြတ်စဲပြီးရင် ပြန်မတွေ့ကြတော့မယ့်သူတွေဆိုပေမဲ့ ယောကျ်ားလေးသူငယ်ချင်းတွေကတော့ ရန်ဖြစ်ပြီးသိပ်မကြာခင် ပြန်ခေါ်ကြတာပါပဲ။ဘာလို့လဲဆိုတော့ သူငယ်ချင်းတွေမို့လို့ပါ။တစ်ယောက်နဲ့တစ်ယောက်စိတ်နာရလောက်တဲ့ကိစ္စမျိုးလုပ်မိရင်တောင်သူငယ်ချင်းတွေဖြစ်လို့ အချိန်တန်ရင်ပြန်အဆင်ပြေသွားကြတာပါပဲ။ကိုယ်စိတ်ညစ်နေတဲ့အချိန်တိုင်း၊စိတ်ဓာတ်ကျနေတဲ့အချိန်တိုငး်လည်းနှစ်သိမ့်ပေးတာသူတို့ပါပဲ ❤

၆)အားကိုးရတယ်
မိန်းကလေးသူငယ်ချင်းတွေရှိတာကောင်းသလို ယောကျ်ားလေးသူငယ်ချင်းတွေရှိတာလည်း ပိုကောင်းပါတယ်။ဘာလို့ဆို ကိုယ်တွေမသွားရဲမလာရဲတဲ့နေရာဆို သူတို့ကိုအရင်ဆုံးသွားခိုင်းလာခိုင်း၊အကူအညီလိုတာရှိရင်တောင်းလိုက်၊အနိုင်ကျင့်လိုက်နဲ့ အားကိုးလို့ရတဲ့သူငယ်ချင်းတွေပါ  🤭ဟုတ်ရဲ့လား?

ကဲ ဒီလိုမျိုး ကိုယ့်အပေါ် ညီမတစ်ယောက်လိုသဘောထားတဲ့သူငယ်ချင်းကောင်လေး ပိုင်ဆိုင်ထားရပြီလား? 😎

 

1K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.