ခန္ဓာကိုယ်အတွက် မဖြစ်မနေသောက်ပေးသင့်တဲ့ Herbal Teas

Herbal Green Tea တွေဟာ ယနေ့ခေတ်မှာ လူတိုင်းလိုလို သောက်လာကြပါပြီ။ Herbal Tea တွေဟာ ဝိတ်ကျစေရုံတင်မက.. သူ့ရဲ့အကျိုးကျေးဇူးတွေကို သိရင် အံ့သြသွားပါလိမ့်မယ်။ ကင်ဆာရောဂါ၊ နှလုံး နဲ့ ဆီးချိုရောဂါတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ tea lover တွေအတွက် နောက်ထပ်ကောင်းတာတစ်ခုက ကော်ဖီထက် သူ့မှာ ကဖင်းဓာတ်ပါဝင်မှုနည်းနေတာပါပဲ။ ဒါဆို စိတ်ချလက်ချ Herbal Tea တစ်ခွက်ကို သောက်နိုင်ဖို့အတွက် ရရှိနိုင်မယ့် အကျိုးကျေးဇူးလေးတွေကိုလည်း ပြောပြပေးသွားမယ်နော်။

Thyme tea


Thyme tea မှာ ပြဿနာများစွာကိုဖြေရှင်းပေးနိုင်တဲ့ အကျိုးကျေးဇူးတွေရှိပါတယ်။ Antioxidant ပါဝင်တဲ့အတွက် အဝလွန်ခြင်း ၊ အိပ်မပျော်ရောဂါ၊ ဖျားနာခြင်း ၊ အအေးမိ ချောင်းဆိုးခြင်း ၊ ကြွက်သားနာကျင်ခြင်းနဲ့ အမျိုးသမီးများ ဓမ္မတာလာချိန်ဖြစ်တတ်တဲ့နာကျင်မှုများကို သက်သာပျောက်ကင်းစေပါတယ်။ ဗီတာမင် အေ၊ ဗီတာမင် စီ ၊ ကော့ပါး ၊ အိုင်ရင်းဓာတ် ၊ ပိုတက်စီယမ် တို့ကြွယ်ဝတဲ့အတွက် ပုံမှန်သောက်ပေးမယ်ဆိုရင် ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးများစွာရရှိစေမှာပါ။ မနက်ပိုင်းလေး သောက်ပေးမယ်ဆိုပိုကောင်းပါတယ်။

Chamomile tea


Chamomile tea ဟာ ငြိမ်သက်မှုအရသာကို နှစ်သက်သူတွေအတွက် အဆင်ပြေစေမှာပါ။ ညအိပ်ရာမဝင်ခင် သောက်ပေးမယ်ဆိုရင် ကောင်းကောင်းအိပ်ပျော်စေတယ်။ အိပ်ပျော်စေရုံတင်မက အစာခြေစနစ်ကိုလည်း ကောင်းကောင်းလုပ်ဆောင်ပေးနိုင်ပါတယ်။ အအေးမိ ၊ ချောင်းဆိုးခြင်း လုံးဝကင်းဝေးစေပါတယ်။ ပါးစပ်အနံ့ဆိုးခြင်းကိုလည်း သက်သာစေပါတယ်။ Chamomile tea သောက်သုံးပေးဖို့ အကောင်းဆုံးအချိန်ကတော့ ညအိပ်ရာမဝင်ခင် နာရီဝက်အလိုဖြစ်ပါတယ်။

Lavender tea


အနံ့လည်း သင်းရုံတင်မက အစွမ်းကလည်း အတော်ထက်သပ။ အသက်ရှုလမ်းကြောင်း၊ ထိခိုက် ဒဏ်ရာများ ၊ ဖျားနာခြင်း တို့ကို ပျောက်ကင်းစေပါတယ်။ သူ့ကိုလည်း အိပ်ရာမဝင်ခင် နာရီဝက်အလိုမှာ သောက်သုံးပေးသင့်ပါတယ်။

Ginger tea


ဂျင်းဟာ အစာခြေစနစ်အတွက် အကောင်းဆုံးပါပဲ။ Ginger tea မှာ ရင်ပြည့်ရင်ကယ် ၊ ပျို့ အန် ခေါင်းမူးဝေခြင်း ၊ ဗိုက်အောင့်ခြင်းတို့ကို သက်သာစေပါတယ်။ သင့်ရဲ့စားချင်စိတ်ကိုလည်း ပုံမှန်ထိန်းညှိပေးနိုင်ပါတယ်။ ဆောင်းရာသီမှာ သောက်ပေးရင် ပိုသင့်တော်ပါတယ်။ သူ့ကိုလည်း မနက်ခင်းလေးမှာ သောက်သုံးပေးနိုင်ပါတယ်နော်။

ကျန်းမာရေးလိုက်စားတဲ့အခါ ကိုယ်လက် လှုပ်ရှားမှုတင်မက ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အစားသောက်တွေကိုလည်း သေချာသုံးဆောင်ပေးဖို့လိုအပ်ပါတယ်။ ဒါမှ ပြီးပြည့်စုံတဲ့အလှကို ပိုင်ဆိုင်နိုင်မှာပေါ့။ ပြောပြပေးသွားတဲ့ Herbal Tea တွေထဲက ကိုယ်ကြိုက်နှစ်သက်ရာ Tea ကိုပုံမှန်သောက်သုံးပေးဖို့မမေ့နဲ့နော်။

91 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.