သန်း(၆၀)သော မြန်မာနိုင်ငံ ပရိတ်သတ်တွေအတွက် နိုင်ငံ့လက်ရွေးစင် မြန်မာ အမျိုးသမီး ဘောလုံးအသင်းဟာ ၆ဂိုးသွင်းပြီး မလေးရှားဘောလုံးအသင်းကို အနိုင်ယူလိုက်နိုင်ခဲ့ပါတယ်။ ထူးထူးခြားခြား ကျောနံပါတ် (၇) သန်းသန်းထွေးဟာ ပရိသတ်တွေရဲ့ အသည်းနှလုံးမှာ ကပ်ညှိုနေခဲ့ပါတယ်။
သူမရဲ့ ကျော်ကြားမှုဟာ ပရိသတ်တွေရဲ့ ပါးစပ်ဖျားတင် ပျောက်မသွားခဲ့ပါဘဲ လေးစားဂုဏ်ယူနေတဲ့ မြန်မာအမျိုးသားတစ်ယောက်ရဲ့ အရေပြားပေါ် မှတ်ကျောက်တင် ခံခဲ့ရပါတယ်။
သန်းပေါင်းများစွာသော ပြည်သူတွေရဲ့ အချစ်ကို ပိုက်ထွေးယူနိုင်ခဲ့သူမို့ သန်းသန်းထွေးဟု ခေါ်သည် ဆိုပြီးတော့လည်း ပြောစမှတ်တွက်နေပါသေးတယ်။ အားပေးမှုသက်သက် အမြင် (ချစ်စနိုးနဲ့) နဲ့ ချစ်ထွေးလေး လို့ ခေါ်ကြတဲ့ ပရိသတ်တွေလည်း မနည်းမနောပါပဲ။
မြန်မာအမျိုးသမီးဘောလုံးအသင်းဟာ တတိယ သာရခဲ့ပေမဲ့ ရွှေတံဆိပ်ဆွတ်ယူ နိုင်စွမ်းရှိတဲ့ အသင်းပါ။ အစွမ်းကုန်ကြိုးစားပြီး မလျှော့သောဇွဲနဲ့ နိုင်ငံအပေါ်၊ မြန်မာနိုင်ငံပရိသတ်တွေအပေါ် တာဝန်ကြေခဲ့ပါတယ်။ ခင်မာလာထွန်း၊ ခင်သန်းဝေ၊ သန်းသန်းထွေး၊ ခင်မိုးဝေ၊ နော်အားလို ၀ါးဖော စတဲ့ လေးစားစရာ တစ်သင်းလုံးဟာ ချန်ပီယံဆု မရပေမဲ့ ပြည်သူကပေးတဲ့ ချန်ပီယံဆုကို ရရှိခဲ့သူတွေပါ။ ကမ္ဘာမှာ မြန်မာဟေ့လို့ လက်မထောင်လို့ရတဲ့ မြန်မာတွေရဲ့ ကိုယ်စားပြုသူတွေမို့ အကောင်းဆုံး ဆက်လက်ကြိုးစားပါလို့ မြန်မာတစ်ယောက်အနေနဲ့ တိုက်တွန်းလိုက်ပါတယ်။