အတွင်းရေးမှူးမလေး Pyo Ye Jin ကတော့ offical ချပြလိုက်ပါပြီနော် 💕





Unicode

“What’s Wrong with Secretary Kim” ဇာတ်ကားထဲမှာပါဝင်တဲ့ ချစ်စရာမင်းသမီးလေး Pyo Ye Jin ကတော့ သူမမှာချစ်သူရှိနေပြီဖြစ်ကြောင်း တရားဝင်ချပြလိုက်ပါပြီနော်။

သူမရဲ့ချစ်သူကလည်း အနုပညာလောကထဲကပါပဲ။ဘယ်သူလဲဆိုတော့…Pasta စီးရီးနဲ့လူသိများလာတဲ့ မင်းသားချော Hyun Woo ပါ။စက်တင်ဘာ ၃ရက်နေ့မနက်ပိုင်းက သူတို့နှစ်ယောက်ရဲ့အေဂျင်စီအသီးသီးက အတည်ပြုကြေညာခဲ့တာဖြစ်ပါတယ်။

သူတို့နှစ်ယောက်ရဲ့အေဂျင်စီက “Hyun Woo နဲ့ Pyo Ye Jin တို့ဟာ ချစ်သူတွေဖြစ်နေတာ သုံးလနီးပါးရှိပါပြီ”လို့ အတည်ပြုပြောကြားခဲ့တာပဲဖြစ်ပါတယ်။သူတို့စုံတွဲဟာ ၂၀၁၇ တုန်းက KBS 2TV drama ဖြစ်တဲ့ “Laurel Tree Tailors” မှာအတူတူပါဝင်ခဲ့ပြီး အဲ့ဒီကတည်းကသူငယ်ချင်းတွေဖြစ်ခဲ့တာပါ။အခုတော့သူငယ်ချင်းကနေ ချစ်သူအဆင့်ကိုတက်လှမ်းသွားခဲ့ကြပါပြီ 💑

မင်းသား Hyun Woo ဟာလည်း သိပ်မကြာခင်က MBN ကစီစဉ်ရိုက်ကူးတဲ့ “Witch’s Love” မှာပါဝင်သရုပ်ဆောင်ခဲ့ပြီး Pyo Ye Jin ကတော့ အတွင်းရေးမှူးမလေးအဖြစ် “What’s Wrong with Secretary Kim”မှာပါဝင်ထားပါတယ်။Congratulations to the happy couple! 💕

635 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.