သူ့အပေါ်ထားတဲ့မင်းရဲ့အချစ်ကသူ့ရဲ့ပျော်ရွှင်မှုနဲ့တိုက်ရိုက်အချိုးကျပါစေ…❤❤


Unicode

လူတစ်ယောက်ကိုချစ်ရတာတော့လွယ်သားဗျ…ဒါပင်မဲ့နက်နက်နဲနဲချစ်တတ်ဖို့ကျခက်သား…အယ့်လဲ့ မတရားတွေ Ro ဆန်သွားလား 😛
တကယ်တော့ လူတစ်ယောက်ကို မေတ္တာစစ်နဲ့အေးအေးလူလူချစ်တတ်ဖို့ပဲလိုတာပါ…ကိုယ်ပိုင်ဆိုင်ရသည်ဖြစ်စေမပိုင်ဆိုင်ရသည်ဖြစ်စေ ကိုယ့်ချစ်သူပျော်ရွှင်ဖို့ဆိုရင် နှစ်ခါပြောစရာမလိုအော်တို ကိုယ်ပါပျော်ပြီးသားဆိုတဲ့အချစ်မျိုးကြပေးနိုင်တဲ့သူနည်းပါတယ်။ သူပျော်ရွှင်နေအောင်ကိုယ်ကချစ်ပေးချင်တာမျိုး၊ ကိုယ့်ရဲ့အချစ်တွေကသူ့အတွက်နွေးထွေးပါစေ။ ကိုယ့်ရဲ့လုပ်ရပ်တွေက သူ့အတွက်ပျော်ရွှင်ပါစေ၊ ကိုယ့်ရဲ့ စကားလုံးတွေကသူ့အတွက်ခွန်အားဖြစ်ပါစေလို့ရည်ရွယ်ပြီးချစ်ပေးနိုင်တာမျိုးကိုကိုယ့်အချစ်ကကိုယ့်ချစ်သူရဲ့ပျော်ရွှင်မှုနဲ့တိုက်ရိုက်အချိုးကျတယ်လို့ဆိုလိုလို့ရပါတယ်။ ဒီလိုမျိုးသင့်ရဲ့ချစ်ခြင်းမေတ္တာတွေကသင့်ချစ်သူပျော်ရွှင်ဖို့ရည်စူးတဲ့အချစ်မျိုးဆိုရင်တော့ဖြင့်သင်လည်းဘယ်တော့မှစိတ်မချမ်းမသာမဖြစ်ရသလို သူလည်းသင့်အချစ်ကြောင့်အေးချမ်းတဲ့မေတ္တာကိုအပြည့်အဝခံစားနိုင်မှာပါ…ဒါကြောင့် သင့်အချစ်နဲ့သင့်ချစ်သူရဲ့ပျော်ရွှင်မှုဟာတိုက်ရိုက်အချိုးကျနိုင်ကြပါစေ…

421 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.