ရင်ထဲမှာခံစားချက်တစ်ခုခုစွဲထင်ကျန်ရစ်နေအောင် ရသပေးစွမ်းနိုင်တဲ့ “October”
Unicode
ဒီတစ်ခါတော့ အားလပ်ရက််မှာ အချစ်ဇာတ်လမ်းကောင်းကောင်းလေးနဲ့ဖီးလ်ချင်တဲ့သူတွေအတွက် ၂၀၁၈ မှာထွက်ရှိထားတဲ့ ဘောလိဝုဒ်ဇာတ်ကားကောင်းလေးညွှန်းပေးချင်ပါတယ်။ဇာတ်ကားလေးနာမည်ကတော့ “October” ပါ။ဒီဇာတ်ကားထဲမှာ ပရိသတ်တွေသိပြီးသားဖြစ်တဲ့ မင်းသား Varun Dhawan ၊Banita Sandhu ၊ Gitanjali Rao တို့ကပါဝင်သရုပ်ဆောင်ထားပါတယ်။ဒါရိုက်တာ Shoojit Sircar ရိုက်ကူးထားတဲ့ အချစ်ဇာတ်လမ်းကောင်းလို့ဆိုရမှာပါပဲ။
ဧပြီ ၁၃ရက်နေ့ကမှထွက်ရှိထားတာဖြစ်ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဝင်ငွေများစွာရရှိခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ဇာတ်လမ်းပုံစံလေးကတော့…ဟိုတယ်စီမံခန့်ခွဲရေးသင်တန်းသားတစ်ယောက်ဖြစ်ပေမဲ့ ဒီအလုပ်က သူသဘောမကျတဲ့အလုပ်ဖြစ်လို့ အာရုံစိုက်မှုနည်းပါးတဲ့Danish “Dan” Walia (Varun Dhawan) နဲ့ အလုပ်ကိုအကောင်းဆုံးကြိုးစားတတ်သူ တွဲဖက်သင်တန်းသူ Shiuli (Banita Sandhu) ရဲ့အကြောင်းကိုအဓိကရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။
New Year ရောက်တော့ ကုမ္ပဏီရဲ ့နှစ်သစ်ကြိုဆိုပွဲကို ခေါင်မိုးထပ်မှာကျင်းပခဲ့ပြီး  Shiuli နဲ့တစ်ခြားဝန်ထမ်းတွေသာပါတီမှာရှိနေခဲ့ပါတယ်။Dan ကတော့ရှိမနေခဲ့ပါဘူး။ဖြစ်ချင်တော့ Shiuli ဟာ အနည်းငယ်ချော်ကျိနေတဲ့ခေါင်မိုးစွန်းကနေပြုတ်ကျခဲ့ပါတယ်။ဆေးရုံရောက်တဲ့အခါမှာတော့ ပြင်းထန်လွန်းတဲ့ဒဏ်ရာကြောင့် ကိုမာဝင်သွားခဲ့တဲ့အခြေအနေမျိုးထိဖြစ်သွားခဲ့ပါတယ်။ဒီအကြောင်းကို Dan ကြားခဲ့ပြီးတဲ့နောက်မှာတော့ သူမရဲ့ဆေးရုံကိုနေ့တိုင်းသွားကြည့်ခဲ့ပါတယ်။
နောက်ပိုင်းမှာ သူမ ခေါင်မိုးစွန်းကပြုတ်မကျခင် နောက်ဆုံးပြောသွားခဲ့တဲ့စကားလုံးသုံးလုံးက သူနဲ့ပတ်သက်တဲ့အကြောင်းကို Dan သိသွားခဲ့ပါတော့တယ်။ဒီလိုနဲ့ Dan ဟာ ဆေးရုံကိုမကြာခဏဆိုသလိုလာကြည့်နေတာကြောင့် သင်တန်းလည်းပုံမှန်မဆင်းနိုင်ခဲ့ပါဘူး။အဲ့ဒီနောက် ကုမ္ပဏီကနေအလုပ်ပြုတ်လာခဲ့ပြီး နောက်ထပ်ဟိုတယ်တစ်ခုမှာ မန်နေဂျာအဖြစ်အလုပ်ရခဲ့ပါတယ်။ဒါပေမဲ့ အဲ့ဒီအချိန်မှာတောင် Dan က Shiuli ဆီလာဖို့ဝတ္တရားမပျက်ခဲ့ပါဘူး။ဒီလိုနဲ့ Shiuli တစ်ယောက်
သတိရလာဖို့ နေ့စဉ်မပြတ်လာစောင့်ရှောက်နေတဲ့ Dan နောက်ပိုင်းမှာ ဘယ်လိုအဖြစ်အပျက်တွေကြုံရမလဲ?ဒါရိုက်တာကရော အချစ်ဆိုတဲ့အရာကိုဘယ်လိုတွေဖွဲ့ဆိုသွားမလဲ?ကြည့်ပြီးတဲ့သူတွေညွှန်းတာကတော့ ဒီဇာတ်ကားဟာ လူငယ်တိုင်းကြည့်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်တယ်လို့တောင်ပြောထားကြပါတယ်။ဒီတော့ ပရိသတ်ကြီးလည်း ဒီဇာတ်ကားလေးကိုမြန်မြန်သာကြည့်လိုက်ပါတော့ 😎
451 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.