မိန်းကလေးမှန်ရင် ဒီထဲက တစ်ချက်ချက်နဲ့တော့ ငြိဖူးရမယ်…😅
၂)ဘာစားရမလဲ မသိခြင်း
၎)မလိုအပ်ပဲခေါင်းထပ်လျှော်တတ်ခြင်း
Unicode
မိန်းကလေးတွေရဲ့စိတ်ကနားလည်ရခက်သလို တစ်ခါတစ်လေ ကိုယ့်စိတ်ကိုယ်တောင်ပြန်နားမလည်နိုင်တဲ့အခိုက်အတန့်တွေရှိပါတယ်။ဟုတ်တယ်ဟုတ်! မိန်းကလေးတွေရဲ့စိတ်နဲ့အပြုအမူတွေဟာ တစ်ခါတစ်ရံဒီလိုထူးဆန်းတတ်သေးတယ်ဆိုတဲ့အကြောင်း ဘလော့ခ်တစ်ခုကနေ ရေးသားလာခဲ့ပါတယ်။။ထူးဆန်းတယ်ဆိုပေမဲ့ စိုးရိမ်ရလောက်အောင်တော့မဟုတ်ပါဘူး 🤭မိန်းကလေးတိုင်းမဟုတ်တောင် မိန်းကလေးတော်တော်များများဟာ ဒီထဲက တစ်ချက်ချက်နဲ့ အမြဲကိုက်ညီနေလေ့ရှိပါတယ်တဲ့။Trend ပျိုမေတို့ရော ဒီထဲက ဘယ်အချက်တွေများဖြစ်ဖူးကြလဲ မန့်ခဲ့ဦးနော်။
၁)ဗိုက်ဆာနေလား မဆာဘူးလား ဝေခွဲမရဖြစ်တတ်ခြင်း
တစ်ခါတစ်လေ မိန်းကလေးတွေဟာ သူတို့ဗိုက်ဆာနေလား မဆာဘူးလားဆိုတာကို သေချာဆုံးဖြတ်နိုင်စွမ်းမရှိပါဘူးတဲ့။ဗိုက်ကဆာနေတာလား စိတ်ကစားချင်နေတာလား ဝေခွဲမရဖြစ်နေတာပေါ့။(ဒါပေမဲ့ မဆာသေးလည်းစားလိုက်တာများပါတယ်။ဆာတော့လည်းထပ်စားလိုက်တာပါပဲ 😁 )
၂)ဘာစားရမလဲ မသိခြင်း
နောက်ဆုံး ဗိုက်ဆာနေတာသေချာတဲ့အချိန်မှာတောင် ဘာစားရမလဲ စဉ်းစားရခက်နေတတ်တာ မိန်းကလေးတွေပါပဲ။စားသောက်ဆိုင်မှာပဲစားရင်ကောင်းမလား၊အိမ်ရောက်မှအေးဆေးစားရင်ကောင်းမလားဆိုတာကိုလည်း တစ်ခါတစ်လေဆုံးဖြတ်ရခက်နေတတ်ပါသေးတယ်။အချိန်အတော်ကြာမှ ကိုယ်ပိုပြီးစားချင်တဲ့အရာကိုရွေးချယ်နိုင်ကြတာပါ။
၃)ရှော့ပင်းထွက်ချင်တဲ့စိတ် အသည်းအသန်ပေါ်တတ်ခြင်း
မိန်းကလေးတိုင်းရှော့ပင်းထွက်ချင်ကြတာမဆန်းပါဘူး။ဒါပေမဲ့ မလိုအပ်ပဲ၊ဝယ်စရာပစ္စည်းမရှိပဲတောင် ရှော့ပင်းထွက်ချင်တဲ့စိတ်ပေါ်လာတတ်ပါသေးတယ်တဲ့။ဟုတ်ကြလား? 🤭
၄)မလိုအပ်ပဲခေါင်းထပ်လျှော်တတ်ခြင်း
တစ်ခါတစ်လေ ကိုယ့်ခေါင်းက ခေါင်းထပ်လျှော်ဖို့မလိုသေးဘူး။သန့်ရှင်းနေတုန်းပဲဆိုရင်တောင် ထပ်လျှော်တတ်တာမျိုး။ဘာလို့လဲဆိုတော့ သည်းမခံနိုင်လို့ပါတဲ့။တစ်ခါတစ်လေအဲ့လိုဖြစ်တတ်ပါတယ်။မနက်ဖြန်မှလျှော်ရမှာကို စိတ်ကဒီနေ့့ပဲလျှော်ချင်တယ်ဖြစ်နေတာ။အဲ့ဒါနဲ့ပဲ ဒီနေ့လည်းလျှော်၊သန်ဘက်ခါကျတော့လည်းထပ်လျှော် 😂
၅)အခုပျော် အခုငို ဖြစ်နေတဲ့အခိုက်အတန့်မျိုး
မိန်းကလေးတွေလုပ်လေ့ရှိတဲ့ထူးဆန်းတဲ့အရာကတော့ အကြောင်းပြချက်မရှိပဲငိုတတ်တာပါပဲ။ပြီးတော့ သိပ်မကြာအချိန်အတွင်း အားရပါးရရယ်မောနိုင်တာပါပဲ 😑အကြောင်းပြချက်မရှိပဲ ငိုတတ်သလို ချက်ချင်းပြန်ထရယ်တတ်တဲ့မိန်းကလေးတွေရှိပါတယ်။ခံစားချက်တစ်လှည့်စီဖြစ်တာမျိုးပေါ့။ကိုယ့်ကိုယ့်ကိုယ်စိတ်မမှန်တော့ဘူးလားလို့မတွေးပါနဲ့။ဒါကမိန်းကလေးတွေအတွက်ပုံမှန်ပါပဲ။
၆)ပိုက်ဆံအိတ်ထဲမှာ ကွိစိကွစအစုံပလုံထည့်တတ်ခြင်း
မနီးမဝေးနေရာကိုသွားရမယ်ဆိုရင်တောင် ပိုက်ဆံအိတ်ထဲမှာ ပစ္စည်းတော်တော်များများထည့်ထားလေ့ရှိပါတယ်။ထည့်ထားလည်းမသုံးဖြစ်တဲ့ပစ္စည်းတွေလည်းပါတာပေါ့။ဒါပေမဲ့ မသုံးဖြစ်ဘူးဆိုပြီး အိမ်မှာလည်းချန်မထားခဲ့ပါဘူး။ပိုက်ဆံအိတ်ထဲမှာအမြဲပါပါတယ်။အရေးကြုံရင်သုံးလို့ရတယ်ဆိုတာတစ်ခုတည်းနဲ့မလိုအပ်တဲ့ပစ္စည်းတွေပါ အိတ်ထဲအမြဲထည့်ထားတတ်တာပါ။
၇)မှန်ကြည့်ပြီးငိုတတ်ခြင်း
အမြဲတမ်းတော့မဟုတ်ပေမဲ့ တစ်ခါတစ်လေ မိန်းကလေးတစ်ချို့က ငိုတာတောင်မှန်ကြည့်ပြီးးငိုတတ်ကြပါတယ်။မှန်ကြည့်ပြီးငိုရတဲ့ အကြောင်းပြချက်ကတော့ ကိုယ်ငိုရင်ဘယ်လိုပုံစံမျိုးလဲသိချင်စိတ်လည်းပါသလို ငိုရင် မှန်ကြည့်ပြီးငိုတတ်တဲ့အကျင့်စွဲသွားတာကြောင့်လည်းပါပါတယ် 😅
ဒီလိုပါပဲ နည်းနည်းတော့ရှုပ်ထွေးတာပေါ့။ကိုယ်ကတော့ ၂ရယ်၊၅ရယ်၊၆ရယ်  ကဲ ယူတို့ရော ဘယ်အချက်တွေဖြစ်ဖူးကြလဲ?
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.