မျက်လုံးရောင်ရမ်းခြင်းအတွက်ဘယ်လိုအရာတွေကအသုံးဝင်သလဲဆိုတာ…😉😉

မျက်လုံးဆိုတာသိတဲ့အတိုင်းလူတိုင်းအတွက်အရေးပါတဲ့ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုပါ။ ဒီလိုအရေးပါတဲ့မျက်လုံးနာကျင်တာရောင်ရမ်းတာမျိုးဖြစ်လာတဲ့အခါမှာတော့ အကောင်းဆုံးနဲ့အလျင်မြန်ဆုံးသက်သာစေတဲ့နည်းကောင်းလေးတွေနဲ့ကုသပေးဖို့လိုပါတယ်။ နေ့တစ်လူလူဝမနားတမ်းအသုံးပြုနေရတဲ့ဒီမျက်လုံးကြီးရဲ့နာကျင်ရောင်ရမ်းမှုတွေကို အမြန်ဆုံးသက်သာချင်ရင်တော့ အောက်ကနည်းလမ်းလေးတွေကသင့်ကိုစောင့်ကြိုနေပါလိမ့်မယ်…
(၁) မျက်စင်းခက်ပါ
လူတိုင်းခက်လို့ရတဲ့ V.ROHTO လိုမျက်စင်းမျိုးကို ခက်ပေးပါ။ တစ်ခါတစ်ရံဘာမှန်းမသိမျက်လုံးတစ်ဖက်အောင့်နေတာမျိုး၊ အကြောင်းပြချက်မရှိပဲနာနေတာမျိုးဖြစ်တတ်ပါတယ်။ ဒီလိုအချိန်မှာအလွယ်ကူဆုံးနည်းလမ်းကတော့ ဒီလိုလူအများအသုံးပြုလို့ရအောင်ထုတ်ထားတဲ့မျက်စင်းမျိုးနဲ့မျက်လုံးအေးအောင်အရင်ဆုံးလုပ်ပေးသင့်တာပါပဲ။
(၂) ကွင်းရွက်အုံပါ
မျက်လုံးနာတာပဲဖြစ်ဖြစ်မျက်လုံးအောင့်တာပဲဖြစ်ဖြစ် ကွမ်းရွက်လေးအုံပေးပါ။ ကွမ်းရွက်ကအပူကိုစုပ်ယူပေးနိုင်တာမလို့မျက်စိနာတာတွေအတွက်ပါသက်သာပျောက်ကင်းစေပါတယ်။
(၃) အာလူးကပ်ပါ
အားလူးကိုပါးပါးလေးကွင်းပြီးမျက်လုံးပေါ်ကိုအုပ်ပေးခြင်းကလည်းမျက်လုံးကိုအေးစေပြီး မျက်သားနာခြင်းကို သက်သာစေနိုင်ပါတယ်။
(၄) ရှားစောင်းလက်ပက်ကပ်ပေးပါ
ကဲ…ဒါကတော့အထူးတလည်ရှင်းပြနေစရာမလိုလောက်ပါဘူးနော်။ ရှားစောင်းလက်ပက်ရဲ့အနှစ်အေးအေးလေးကို မျက်လုံးပတ်လည်တစ်လျှောက်ကပ်ပေးအုံပေးခြင်းကလည်းမျက်လုံးကိုအေးစေပြီး မျက်လုံးကိုအေးစေပါတယ်။
(၅) ရေခဲကပ်ပေးပါ
ရေခဲကတော့ မျက်လုံးရောင်နေတာမျိုး၊ မျက်သားတွေရဲပြီးနီနေတာမျိုး တွေအတွက်အသုံးဝင်တဲ့ ဆေးကောင်းတစ်ခုပါပဲ။ ရေခဲကအရောင်ကျစေတဲ့ဂုဏ်သတ္တိရှိတာကြောင့်ရေခဲကို မျက်လုံးရောင်ရမ်းခြင်းကိစ္စတွေအတွက်အသုံးချသင့်ပါတယ်။နေ့စဉ်နေရာတကာမှာ အသုံးပြု၊ အာရုံစိုက်နေရတဲ့သင့်မျက်လုံးတွေရောင်ရမ်းနာကျင်ခြင်းမှာကင်းဝေးစေဖို့ ဒီနည်းလမ်းလေးတွေကအသုံးဝင်စေမှာအသေချာပါပဲ…

Unicode

262 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.