Jennifer Lawrence ရဲ့ခန္ဓာကိုယ်ထိန်းသိမ်းပုံနဲ့ အစားသောက်ရွေးချယ်မှုပုံစံ

အသက် ၂၈နှစ် အော်စကာဆုရှင် Jennifer Lawrence ကတော့ မကြာခဏ ရုပ်ရှင်ရိုက်ကွင်းတွေ ၊ ပွဲပေါင်းမြောက်မြားစွာနဲ့ အလုပ်တွေအရမ်းရှုပ်နေပေမယ့် သူမခန္ဓာကိုယ် အလှကို ဘယ်လိုထိန်းသိမ်းလဲဆိုတာ လူတိုင်းသိချင်ကြမယ်ထင်ပါတယ်။

Related image

Vogue နဲ့အင်တာဗျုးမှာ သူမရဲ့အလှပထိန်းသိမ်းပုံအကြောင်းကို မေးဖြစ်ခဲ့ပါတယ်။ သူမက စားချင်တာရှိရင် ဝမှာစိုးလို့ဆိုတဲ့အကြောင်းပြချက်တစ်ခုတည်းနဲ့ စားချင်စိတ်ကို မမြိုသိပ်ထားတတ်ဘူး။

Related image
” စားချင်ရင် ဝယ်စားလိုက်တာပဲ။ ပြီးရင် စားသလောက် လေ့ကျင့်ခန်းနှစ်ဆပြန်လုပ်လိုက်တယ်။ အစားသောက်နဲ့ပတ်သတ်ပြီး ကိုယ့်ကိုကိုယ် အတင်းကြီးထိန်းချုပ်ထားတာမျိုး မလုပ်ချင်ဘူး။ လေ့ကျင့်ခန်းဆိုလည်း အားရင်အားသလို သွားလုပ်လိုက်တယ်။ ကိုယ်ကြိုက်တဲ့ အကျီ င်္ဝတ်လိုက်လို့ ပုံကျနေတယ်ဆိုရင် စိတ်ချမ်းသာပြီ။ ဒီလောက်ပါပဲ။

Image result for Jennifer Lawrence

ဓာတ်ပုံရိုက်လို့ လှနေပြီဆိုလည်း အဆင်ပြေပါတယ်။ ဝိတ်အရမ်းတက်လာလို့ ကိုယ့်ကိုကိုယ် စိတ်ဖိစီးတော့ မခံဘူး။ စားချင်တာစားပြီး စိတ်ချမ်းသာအောင်ပဲ နေတယ်။ ” လို့ ပြောသွားပါတယ်။

Jennifer Lawrence, Cooke Maroney

ရှုတင်မရှိတဲ့နေ့တွေဆို မိတ်ကပ်လိမ်းလေ့မရှိဘူး။ sunblock လိမ်း , Dior က နှုတ်ခမ်းနီနဲ့ နေကာမျက်မှန်တော့အမြဲတပ်လေ့ရှိတယ်လို့ ပြောပါတယ်။ Jennifer ကတော့ လတ်တလောမှာ သူမရဲ့ကောင်လေးနဲ့ ဘယ်သွားသွား ၊ လာလာ တပူးပူးတတွဲတွဲမြင်နေရပါတယ်။ နယူးယော့မြို့ က လမ်းတွေထဲ အနှံ့လည်ပတ်ပြီးနောက်မှာတော့ သြဂုတ်လအစောပိုင်းမှာပဲ ကောင်လေးနဲ့ ပဲရစ်ကို အတူတူသွားခဲ့ကြပါတယ်။

172 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.