ပရိတ်သတ်တွေက သူမအတွက် ခွန်အားဖြစ်စေတဲ့အတွက် တန်ဖိုးထားကြောင်းပြောပြလာတဲ့ HyunA

စက်တင်ဘာလထဲမှာ ထွက်ရှိမယ့် Elle ဖက်ရှင်မဂ္ဂဇင်းအတွက် ဓာတ်ပုံရိုက်ကူးနေတာဖြစ်ပြီး
အင်တာဗျုးတွေလည်း ဖြေဆိုခဲ့ပါတယ်။

K-pop လောကမှာ သူမဖြတ်သန်းခဲ့ရပုံအကြောင်းကို မေးကြည့်တော့ အနုပညာလောကဟာ ထင်သလောက်မလွယ်ကူပါဘူး။

” စတိတ်စင်ပေါ်တက်ရလောက်တဲ့အထိ ကိုယ့်ကို ပရိတ်သတ်တွေ သိဖို့ဆိုတာ တော်တော်လေး ကြိုးစားခဲ့ရပါတယ်။ မလွယ်ဘူး ” လို့ပြောခဲ့ပါတယ်။

” ပခုံးပေါ်မှာ ထုံးထားတဲ့တာဝန်ကြီးတစ်ခုက အမြဲရှိတယ်။ စင်ပေါ်က မီးရောင်စုံတွေကြားထဲ
ကျွန်မရောက်သွားရင် အကောင်းဆုံးဖျော်ဖြေတင်ဆက်နိုင်အောင် အမြဲကြိုးစားတယ်။ ပရိတ်သတ်တွေရဲ့အားပေးမှုတွေကတော့ ကျွန်မအတွက် စိတ်ဓာတ်ခွန်အားပါပဲ။

ကျွန်မနာကျင်ရင် သူတို့လည်း ပိုနာကျင်မှာပါ။ ဒါကြောင့် ရွေးချယ်စရာမရှိဘူး။ ငါ့ကိုယ့်ငါ ဂရုစိုက်မယ်လို့ အမြဲတွေးတယ်။ ပရိတ်သတ်တွေနဲ့ အဆက်မပြတ်အောင် ကျွန်မအမြဲနေမှာပါ…အများကြီးလည်း ကြိုးစားသွားမယ် ” -ံ HyunA

50 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.