Taylor Swift ဆိုတာ ဒီလိုတွေကြောင့်လည်း ပရိသတ်အချစ်ခံနေရတာ…💕
Unicode
Taylor Swift ဆိုတဲ့အဆိုတော်မလေးဟာ ကြင်နာနွေးထွေးတဲ့နှလုံးသားပိုင်ရှင်ဆိုတာ သူမရဲ့ပရိသတ်တိုင်းသိကြပါတယ်။သူမကိုချစ်ကြတဲ့ပရိသတ်တွေဝမ်းသာသွားအောင်စပရိုက်စ်လုပ်လိုလုပ်၊အကူအညီလိုနေတဲ့နေရာတွေအတွက်လည်း နှောင့်နှေးတယ်ဆိုတာမရှိအမြဲအသင့်ဖြစ်နေတတ်တဲ့သူမဟာ အခုလည်း အသက် ၁ဝနှစ်အရွယ်ကလေးမလေးတစ်ယောက်ရဲ ့အိပ်မက်တွေကိုဖြည့်ဆည်းပေးလိုက်ပြန်ပါပြီ။
ထိုကလေးမလေးဟာ မွေးရာပါနှလုံးအားနည်းရောဂါခံစားနေရတာဖြစ်ပြီး Taylor Swift ရဲ ့Big fan တစ်ယောက်လည်းဖြစ်ပါတယ်။ကလေးမလေးနာမည်က Izzy ပါ။သူမဟာ အသက် ၅နှစ်အရွယ်တည်းက ဆေးရုံမှာဆေးကုသမှုခံယူခဲ့ရပြီး ခွဲစိတ်မှုသုံးခု၊နှလုံးအားဆေး ရခါထိုးသွင်းမှုခံယူထားခဲ့ပြီးပါပြီ။Izzy ဟာ Swift ရဲ့သီချင်းတွေကိုအမြဲနားထောင်တတ်ပြီး အဲ့ဒီသီချင်းတွေကသူမရဲ့နာကျင်မှုတွေကိုလျော့နည်းအောင်ကူညီပေးနိုင်တယ်လို့ပြောတဲ့အကြောင်းကလေးမလေးရဲ့အမေဖြစ်သူဟာ သူမရဲ ့ဘလော့ခ်မှာတင်ထားခဲ့တာပါ။
ပြီးတော့ Taylor Swift ကိုသူမရဲ့သမီးဘဝမှာ အကောင်းဆုံးအရာတစ်ခုအဖြစ်Ford Field မှာလာရောက်ဖျော်ဖြေပေးနိုင်မလားလို့မေးခဲ့ပါတယ်တဲ့။အဲ့ဒီသတင်းဟာမီဒီယာတွေအထိပျံ့နှံ့သွားခဲ့ပြီး နောက်ဆုံးမှာတော့ Taylor Swift ဟာ အဲ့ဒီအားကစားရုံခန်းမမှာလာရောက်ဖျော်ဖြေပြီး ထိုကလေးမလေးကိုစပရိုက်စ်လုပ်ခဲ့တယ်လို့သိရပါတယ်။
ကလေးမလေး Izzy ရဲ ့အမေဟာ “အဲ့ဒီသတင်းက သမီးလေးအတွက်တကယ့်ကိုရှော့ခ်ပါပဲ။သမီးလေးဟာ Taylor Swift ကိုသွားတွေ့ခဲ့ပါတယ်။ဝမ်းသာလွန်းလို့Izzy ခမျာ စကားတောင်မပြောနိုင်ခဲ့ပါဘူး။ပြီးတော့သူမကို ဒီလိုပျော်ရွှင်နေပုံမျိုး တစ်ခါမှမမြင်တွေ့ခဲ့ဖူးပါဘူး”ဘယ်တော့မှမေ့လို့မရတဲ့အခိုက်အတန့်လေးပါပဲ။အိပ်မက်တွေက အမှန်တကယ်ဖြစ်လာခဲ့ပါပြီ”ဆိုတဲ့စာသားလေး သူမရဲ့ ဘလော့ခ်မှာထပ်ပြီးရေးသားခဲ့ပါတယ်။Taylor Swift ဟာ သြဂုတ်လ ၂၈ရက်နေ့
မီချီကန်ပြည်နယ်Detroit မြို့လေးမှာဖျော်ဖြေပွဲကျင်းပခဲ့ပြီး ထိုကလေးမလေးရဲ့အိပ်မက်ကိုအမှန်တကယ်ဖြစ်လာစေခဲ့တာပါ။ပရိသတ်ရဲ့ဆန္ဒကိုတတ်နိုင်သလောက်လိုက်ဖြည့်ဆည်းပေးတတ်သူ၊တကယ့်ကို စိတ်သဘောထားနွေးထွေးကြင်နာတတ်တဲ့ အဆိုတော်မလေးပါပဲ 💕
132 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.