လူတွေပြောပြောနေကြတဲ့ လူတစ်ယောက်ကိုတန်ဖိုးထားတယ်ဆိုတာ…😊😊😊
(၁) ဆန္ဒကိုအလေးထားတာ
ကိုယ်တန်ဖိုးထားတဲ့သူဆီက အမုန်းတရားတွေ၊ အထင်လွဲမှုတွေကို မခံနိုင်တာကြောင့် ဘယ်အရာကိုမှ ဖုံးကွယ်လျို့ဝှက်ထားတာမျိုးမရှိတော့ဘူး။
Unicode
တန်ဖိုးထားတယ် တန်ဖိုးမထားဘူးနဲ့ ပြောပြောနေကြတဲ့ စကားတွေကိုနေ့စဉ်နဲ့အမျှကြားဖူးပါတယ်။ ဒီလိုတစ်ယောက်အပေါ်တစ်ယောက်တန််ဖိုးထားတယ်မထားဘူးဆိုတာကို လူတွေကတစ်ယောက်တစ်မျိုးကိုယ့်အမြင်နဲ့ကိုယ်တိုင်းတာလေ့ရှိတတ်ကြပါတယ်။ ကျွန်တော်သိထား ပြီးကျွန်တော်ခံစားမိတဲ့ တန်ဖိုးထာတယ်ဆိုတဲ့ ဆိုတဲ့ လက္ခဏာလေးတွေကတော့ ရိုးရိုးစင်းစင်းလေးတွေပါပဲ…ကျွန်တော်ယူဆထားတဲ့တစ်ဦးတစ်ယောက်ပေါ်တန်ဖိုးထားမှုဆိုတာ …
(၁) ဆန္ဒကိုအလေးထားတာ
ကိုယ်တကယ်တန်ဖိုးထားတတ်သွားတဲ့အခါအတ္တကြီးမနေတတ်တော့ပဲ တစ်ဖက်သားရဲ့ဆန္ဒ၊ တစ်ဖက်သားရဲ့အကျိုးကိုပါ ထည့်စဉ်းစားသွားတတ်တာမျိုးပါ။
(၂) ဘာကိုမှဖုံးကွယ်လျို့ဝှက်ထားခြင်းမရှိတာ
ကိုုယ်တန်ဖိုးထားတဲ့သူဆီက အမုန်းတရားတွေ၊ အထင်လွဲမှုတွေကို မခံနိုင်တာကြောင့် ဘယ်အရာကိုမှ ဖုံးကွယ်လျို့ဝှက်ထားတာမျိုးမရှိတော့ဘူး။
(၃) ဘာပြန်ရရပါလို၏ဆိုတဲ့ စိတ်မျိုးမတွေးတာ
တစ်ခုခုကိုမျှော်လင့်ပြီး မေတ္တာထားတာမျိုးမဟုတ်ပဲ အပေးပဲသန်ပြီး အယူမမက်တဲ့ စိတ်မျိုးဟာ တန်ဖိုးထားတတ်တဲ့စိတ်မျိုးပါပဲ။
(၄) ကိုယ့်အတွက်ထက်သူ့အတွက်ကိုပိုကြည့်မိတာ
ကိုယ့်ကိုယ်ကျိုးထက်သူ့အကျိုးကိုအရင်ကြည့်ပေးတတ်တာမျိုးပါ။ ကိုယ့်ကြောင့် သူ့ရဲ့ဘယ်အရာမှညိုးငယ်သွားမှာကို မလိုလားတတ်တာမျိုးပါ။
(၅) အားနည်ချက်ကိုဖော့ပြီးတွေးပြီးအားသာချက်ကိုဖိတွေးပေးတတ်တာမျိုး
ကိုယ့်ချစ်ရသူရဲ့အားနည်ချက်မှန်သမျှကို ဖော့တွေးပေးတတ်ပြီး အားသာချက်တွေကို ဖိပြီးတွေးပေးတတ်တာမျိုးပါ။ အားနည်ချက်ကိုအပြစ်မမြင်ပဲ ပြင်လို့ရသလောက်ပြင်ပေးပြီးအားသာချက်ကိုဖိတွေးပေးတာမျိုးပါ။
ကျွန်တော်ခံယူထားတဲ့တန်ဖိုးထားမှုမျိုးဆိုတာ သိပ်ကိုရိုးရှင်းလွန်းပါတယ်…ခင်ဗျားတို့လက်ခံထားတဲ့တန်ဖိုးထားမှုမျိုးကရော?…
705 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.