ခေါင်းဆောင်ကောင်းဖြစ်ဖို့ နောက်လိုက်ကောင်းကနေစခဲ့ရတယ်…💪💪


Unicode

လောကကြီးမှာဘယ်အရာမှလွယ်လွယ်ကူကူရတယ်ရယ်မရှိပါဘူး။ အားလုံးကခက်ခက်ခဲခဲနဲ့ကြိုးစားရင်းရလာတဲ့အရာတွေကြီးပါပဲ…တကယ်လို့တန်ဖိုးရှိတဲ့အရာတစ်ခုကို လွယ်လွယ်ကူကူရခဲ့တယ်ဆိုရင်တောင် လွယ်လွယ်ရခဲ့တဲ့အရာတွေကကိုယ့်လက်ထဲမှာမြဲခဲပါတယ်။ နေရာတစ်နေရာမှာခေါင်းဆောင်နေတဲ့သူတွေ ထိပ်ပိုင်းမှာအခန့်သားထိုင်ပြီးသူများကို အာဏာပါ၀ါပြနေကြတဲ့သူတွေလည်းတစ်ချိန်တုန်းက နောက်လိုက်ဘဝကနေရုန်းကန်ခဲ့ရတဲ့သူတွေကြီးပါပဲ…တစ်ခုရှိတာကရိုးရိုးနောက်လိုက်မျိုးတော့မဟုတ်ပဲ နောက်လိုက်ကောင်းလို့ ဆိုရမှာပေါ့လေ…နောက်လိုက်ကောင်းဆိုတာလည်းနောက်လိုက်တွေထဲမှာမှ အပင်ပန်းဆုံးနောက်လိုက်လို့ပြောလည်းရပါတယ်..ဘယ်အရာကို မဆိုကျိုးကျိုးနွံနွံနဲ့လေ့လာတတ်ပြီး ဒုက္ခခံရမှာကို မကြောက်တဲ့သူမျိုးပါ။
လေးစားမှုဆိုတာကိုကောင်းစွာနားလည်ပြီး ဘယ်နေရာရောက်ရောက်နည်းနည်းပြောပြီးများများမှတ်တတ်တာမျိုးလည်း လုပ်တတ်ရပါတယ်။ လူတိုင်းရဲ့ပါးစပ်ဖျားမှာ ဘယ်လိုပဲတင်စီးတင်စီး ကိုယ့်အလုပ်ကိုကိုယ်တာဝန်ကျေအောင် ၊ တိုးတတ်မှုရှိအောင် အကောင်းဆုံးနောက်လိုက်အနေနဲ့စတင်ခဲ့ရတာပါ။ သင်ယူရတယ်၊ အချိန်မှန်ရတယ်၊ လေးစားတတ်ရတယ်၊ ကျိုးနွံရတယ် ၊ သည်းခံရတယ်၊အချိန်တွေပေးရတယ်၊ အပင်ပန်းခံရတယ်၊ နာခံတတ်ရတယ်…ဒီလို အရာတွေကို တစ်ဆင့်ချင်းစီဖြတ်ကျော်ပြီးမှ ခေါင်းဆောင်ဆိုတဲ့နေရာကိုတက်လှမ်းခဲ့ရတာပါ။ ခေါင်းဆောင်ဖြစ်သွားတော့ အပေါ်ကဟာတွေနဲ့ဆန့်ကျင်ဘက်နေလို့ရပြီလား..နိုးပါ…ခေါင်းဆောင်ကောင်းဖြစ်ဖို့အတွက်အပေါ်ကလိုပဲကြိုးစားသည်းခံအချိန်ပေးရမှာတွေရှိပါသေးတယ်။ ဒီလိုကြိုးစားရင်းနဲ့ပဲလူအများအသိမှတ်ပြုတဲ့ခေါင်းဆောင်းကောင်းနေရာကိုရရှိခဲ့ကြတာပါ။ နေသလိုဖြစ်တဲ့ဘဝကြီးမှာဖြစ်သလိုမနေပါနဲ့၊ ကိုယ့်ရဲ့ဘဝမှာ အရမ်းကြီးကြီးကြီးမားမားကြီးတွေမမျှော်လင့်ထားရင်တောင်
သင့်ဘဝအတွက် ရည်မှန်းချက်ကိုယ်စီရှိနေတတ်ပါစေ…ဒီရည်မှန်းချက်ကိုပြည့်ဖို့အတွက်လည်းအချိန်နဲ့တစ်ပြေးညီကြိုးစားနေပါဖို့လိုပါတယ်။ ခေါင်းဆောင်ကောင်းဖြစ်ဖို့ အခုတည်းက နောက်လိုက်ကောင်းတစ်ဦးဖြစ်အောင်သင်အရင်ကြိုးစားရမယ် ဆိုတာ ကိုတော့ ဘယ်တော့မှမမေ့ပါနဲ့ …ဖြစ်ချင်တဲ့ကောင်းသောရည်မှန်းချက်တွေနဲ့
ပြည့်ကြပါစေလို့ဆုတောင်းရင်း…

150 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.