အိမ်ကွင်း အီတီဟတ်ဒ်မှာ ဇယားထိပ်ဆုံးက အာဆင်နယ်ကို (၆-၃)ဂိုးနဲ့အ နိုင်ယူခဲ့ပြီးတဲ့ နောက် ဂုဏ်ယူဝင့်ကြွားလျက်ရှိတဲ့ မန်စီးတီးကွင်းလယ်ကစားသမား ဂျိမ်းစ်မီလ်နာက မိမိတို့ အသင်းဟာ အင်္ဂလန်ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်စွမ်းရှိတယ်လို့ ပြောလာခဲ့ပါပြီ။ ဒီလိုပြော ရလောက်အောင်လည်း မန်စီးတီးအသင်းအနေနဲ့က တစ်ပတ်အတွင်းမှ ဘိုင်ယန်မြူးနစ်ကို အဝေး ကွင်း၊ အာဆင်နယ်ကိုအိမ်ကွင်းတွေမှာ အနိုင်ယူပြခဲ့ခြင်းကတော့ ပြိုင်စံရှားလွန်းခဲ့တဲ့ခြေစွမ်းများပဲ ဖြစ်ခဲ့ပါတယ်။ “အာဆင်နယ်ကို နိုင်ခဲ့တဲ့ပွဲကတော့ တကယ့်ကိုပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။ ခရစ်္စ မတ်ကာလမှာ ပွဲတွေအများကြီးကစားရတော့မှာပါ။ အမှတ်ပေးဇယားဟာ ဒီကာလမတိုင်ခင်မှာ စ တင်ပြောင်းလဲနေခဲ့ပြီဖြစ်တာကြောင့်လည်း နှစ်သစ်ကိုရောက်တဲ့အခါ ပိုပြီးပြောင်းလဲလာလိမ့်မယ်လို့ ယူဆမိပါတယ်။ ဒီဇင်ဘာပွဲကြပ်ကာလဟာ အတွေ့အကြုံမရှိသေးသူများအတွက် အများကြီးအခက် အခဲဖြစ်စေနိုင်တာကြောင့် ဒီကာလမှာ ရမှတ်ကောင်းကောင်းယူနိုင်ခဲ့မယ်ဆိုရင် မန်စီးတီးချန်ပီယံ ဆုဖလားကို ရယူဖို့အခြေအနေကောင်းပါလိမ့်မယ်”လို့ ဂျိမ်းစ်မီလ်နာက ပြောခဲ့တာဖြစ်ပါတယ်။မန်စီးတီးအနေနဲ့ ဒီဇင်ဘာပွဲကြပ်ကာလအတွင်းမှာ ဖူလ်ဟမ်(အဝေး)၊ လီဗာပူးလ်(အိမ်)၊ ခရစ်္စတဲလ်ပဲလေ့စ်(အိမ်)၊ ဆွမ်ဆီး(အဝေး)တိုနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကို မန်စီးတီးယူနိုင်စွမ်းရှိတယ်ဆိုတဲ့ ဂျိမ်းစ်မီလ်နာ

Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။