နာမည္ေက်ာ္ Cele ေတြမျဖစ္ခင္ သူတုိ႔ ဒီအလုပ္ေတြလုပ္ခဲ႔ၾကတာပါတဲ႔…😮

ဘယ္သူမဆုိကုိယ္ရည္မွန္းရာ ပန္းတိုင္အတြက္ အခြင့္အလမ္းေရာက္တဲ႔အခိ်န္ထိ ထုိင္ေစာင့္မေနပါဘူးေနာ္။ကုိယ္လုပ္ခ်င္တဲ႔အလုပ္မရေသးခင္အထိၾကားထဲမွာစား၀တ္ေနေရးကုိေျဖရွင္းဖုိ႔၊အသက္ရွင္ရပ္တည္ဖုိ႔ အလုပ္ေတြမ်ိဳးစံုလုပ္ခဲ႔ရသူခ်ည္းပါပဲ။ဘ၀မွာ အလုပ္တစ္ခုတည္းေရရွည္လုပ္သြားတဲ႔သူကုိေတြ႔ဖုိ႔လည္းရွားပါတယ္။သာမန္လူေနမႈဘ၀ကလူေတြတင္မကဘူး ကုိယ္ေတြသေဘာက်ႏွစ္သက္ရတဲ႔ကုိရီးယားအႏုပညာရွင္မင္းသမီးေတြကလည္းအခုလိုနာမည္ေက်ာ္ေတြမျဖစ္ခင္ အခိ်န္ကာလမွာ ဒီလိုအလုပ္အကုိင္ေတြလုပ္ခဲ႔ၾကပါတယ္တဲ႔။ထင္ေတာင္မထင္ထားခဲ႔မိတဲ႔ အလုပ္ေတြေပါ့။

Kim Tae Ri

နာမည္ေက်ာ္မင္းသမီးေလးျဖစ္တဲ႔ Kim Tae Ri ဟာ အႏုပညာအလုပ္ထဲမ၀င္ခင္ စားေသာက္ဆုိင္၊စတုိးဆုိင္ေတြမွာ အခ်ိန္ပုိင္းအလုပ္ေတြမ်ားစြာလုပ္ခဲ႔ဖူးပါတယ္။အစားအေသာက္ေရာင္းတဲ႔စီးတီးမတ္တစ္ခုမွာလည္း ပဲႏုိ႔ေရာင္းသူတစ္ေယာက္အျဖစ္လုပ္ခဲ႔ဖူးသလို ေကာ္ဖီဆုိင္မွာလည္း အခိ်န္ပုိင္းလုပ္ခဲ႔ဖူးပါတယ္။

Suzy

အခုခ်ိန္မွာေတာ့ နာမည္ၾကီးမင္းသမီးတစ္လက္ျဖစ္ေနျပီျဖစ္တဲ႔ Suzy ဟာ အလယ္တန္းေက်ာင္းသူဘ၀တုန္းက fitting model အျဖစ္လုပ္ခဲ႔ဖူးပါတယ္တဲ႔။

Oh Yoon Ah

နာမည္ေက်ာ္မင္းသမီး Oh Yoon Ah ဟာလည္း မင္းသမီးတန္းျဖစ္ခဲ႔တာမဟုတ္ပါဘူး။အသက္ ၂၀အရြယ္တုန္းက ေၾကာ္ျငာေမာ္ဒယ္လ္အျဖစ္လုပ္ကုိင္ခဲ႔တာပါ။အဲ႔ဒီေနာက္ပုိင္းမွာ ေအဂ်င္စီေတြကကမ္းလွမ္းခဲ႔ျပီး ၂၀၀၄ခုနွစ္မွာမွသူမကုိမင္းသမီးအျဖစ္စင္တင္ရုိက္ကူးေပးခဲ႔တာျဖစ္ပါတယ္။

Lee Yoo Young

၂၀၁၅ တုန္းက Blue Dragon Film ဆုေပးပြဲအခမ္းအနားမွာ Lee Yoo Young ဟာ “သူမက လြန္ခဲ႔တဲ႔ႏွစ္မ်ားစြာက ဆံပင္ညွပ္ဆုိင္က၀န္ထမ္းအျဖစ္လုပ္ကုိင္ခဲ႔ဖူးပါတယ္။အထက္တန္းေက်ာင္းျပီးလုိ႔ တကၠသုိလ္တက္ရမယ့္အစား ဆံပင္ညွပ္ဆုိင္မွာအလုပ္၀င္လုပ္ခဲ႔တာပါ။သူမရဲ ႔အိပ္မက္က မင္းသမီးျဖစ္ဖုိ႔ပါတဲ႔။Korea National တကၠသုိလ္က အႏုပညာေမဂ်ာမွာ၀င္ခြင့္ရတဲ႔အခ်ိန္မွာေတာ့ သူမက အႏုပညာေလာကထဲကုိေျခစံုပစ္၀င္ခဲ႔တာျဖစ္တယ္”လုိ႔ေျပာျပခဲ႔ဖူးပါတယ္။

Lee Si Young

မင္းသမီးေခ်ာေလး Lee Si Young ဟာ သူမရဲ ႔အိပ္မက္ျဖစ္တဲ႔အႏုပညာရွင္တစ္ေယာက္ျဖစ္ဖုိ႔အေရး လူေရြးပြဲေတြ၀င္ျပိဳင္ခဲ႔ေပမဲ႔ က်ရွံဳးခဲ့ပါတယ္။ေနာက္ပုိင္းသူမဟာ အမ်ိဳးသမီးသီးသန္႔ေခြ်းထုတ္ခန္းေလးတစ္ခုကုိဦးေဆာင္လုပ္ခဲ့ျပီးအဲ႔ဒီကေန၀င္ေငြရခဲ႔ပါတယ္။ဒါတင္မကဘူး။သူမဟာ လက္ေ၀ွ႔ထုိးသမားတစ္ေယာက္ေတာင္ျဖစ္ခဲ့ေသးတယ္လို႔သိရပါတယ္။

Jin Ki Joo

အႏုပညာေလာကထဲမွာနာမည္တစ္ခုရေနျပီျဖစ္တဲ႔မင္းသမီး Jin Ki Joo ဟာလည္း မင္းသမီးမျဖစ္လာခင္ Conglomerate ကုမၸဏီမွာ၀င္လုပ္ခဲ႔ပါေသးတယ္။အဲ႔ဒီေနာက္ဂ်ာနယ္သတင္းေထာက္လုပ္ဖုိ႔ၾကိဳးစားခဲ႔ေပမဲ႔ အဲ႔ဒီဘက္မွာလည္း ကံမပါခဲ့ပါဘူး။ေနာက္ဆံုးမွာမွ စူပါေမာ္ဒယ္လ္ျပိဳင္ပြဲမွာ၀င္ျပိဳင္ခဲ႔ျပီးမင္းသမီးအျဖစ္စတင္သရုပ္ေဆာင္ခဲ႔တာျဖစ္ပါတယ္။

Pyo Ye Jin

What’s Wrong with Secretary Kim ဇာတ္ကားထဲမွာပါ၀င္တဲ႔သရုပ္ေဆာင္မေလး Pyo Ye Jin ဟာ ၂၀၁၁ ခုႏွစ္တုန္းက ကုိရီးယားေလေၾကာင္းလိုင္းမွာေလယာဥ္မယ္အျဖစ္လုပ္ကုိင္ခဲပဖူးပါတယ္။၂၀၁၆ခုႏွစ္မွာမွ “Marriage Contract” ဇာတ္ကားနဲ႔ အႏုပညာေလာကထဲကုိစတင္၀င္ေရာက္ခဲ႔တာျဖစ္ပါတယ္။

Han Ye Seul

Birth of a Beauty ဇာတ္ကားနဲ႔ ပရိသတ္အားေပးမႈအခုိင္အမာရရွိခဲ႔တဲ႔ မင္းသမီး Han Ye Seul ဟာ ၂၀၀၁ ခုႏွစ္တုန္းက စူပါေမာ္ဒယ္လ္ျပိဳင္ပြဲမွာ၀င္ျပိဳင္ခဲ့ဖူးျပီး ေနာက္ပုိင္းမွာ သူမရဲ ႔နာမည္အရင္း “Kim Ye Seul” နဲ႔ ရုပ္သံဌာနမွာသတင္းေထာက္အျဖစ္လုပ္ခဲ႔ပါတယ္။အဲ႔ဒီေနာက္ပုိင္းမွာမွ မင္းသမီးအျဖစ္စတင္သရုပ္ေဆာင္ခဲ႔တာျဖစ္ပါတယ္။

Unicode

ဘယ်သူမဆိုကိုယ်ရည်မှန်းရာ ပန်းတိုင်အတွက် အခွင့်အလမ်းရောက်တဲ့အချိန်ထိ ထိုင်စောင့်မနေပါဘူးနော်။ကိုယ်လုပ်ချင်တဲ့အလုပ်မရသေးခင်အထိကြားထဲမှာစားဝတ်နေရေးကိုဖြေရှင်းဖို့၊အသက်ရှင်ရပ်တည်ဖို့ အလုပ်တွေမျိုးစုံလုပ်ခဲ့ရသူချည်းပါပဲ။ဘဝမှာ အလုပ်တစ်ခုတည်းရေရှည်လုပ်သွားတဲ့သူကိုတွေ့ဖို့လည်းရှားပါတယ်။သာမန်လူနေမှုဘဝကလူတွေတင်မကဘူး ကိုယ်တွေသဘောကျနှစ်သက်ရတဲ့ကိုရီးယားအနုပညာရှင်မင်းသမီးတွေကလည်းအခုလိုနာမည်ကျော်တွေမဖြစ်ခင် အချိန်ကာလမှာ ဒီလိုအလုပ်အကိုင်တွေလုပ်ခဲ့ကြပါတယ်တဲ့။ထင်တောင်မထင်ထားခဲ့မိတဲ့ အလုပ်တွေပေါ့။

Kim Tae Ri

နာမည်ကျော်မင်းသမီးလေးဖြစ်တဲ့ Kim Tae Ri ဟာ အနုပညာအလုပ်ထဲမဝင်ခင် စားသောက်ဆိုင်၊စတိုးဆိုင်တွေမှာ အချိန်ပိုင်းအလုပ်တွေများစွာလုပ်ခဲ့ဖူးပါတယ်။အစားအသောက်ရောင်းတဲ့စီးတီးမတ်တစ်ခုမှာလည်း ပဲနို့ရောင်းသူတစ်ယောက်အဖြစ်လုပ်ခဲ့ဖူးသလို ကော်ဖီဆိုင်မှာလည်း အချိန်ပိုင်းလုပ်ခဲ့ဖူးပါတယ်။

Suzy

အခုချိန်မှာတော့ နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်နေပြီဖြစ်တဲ့ Suzy ဟာ အလယ်တန်းကျောင်းသူဘဝတုန်းက fitting model အဖြစ်လုပ်ခဲ့ဖူးပါတယ်တဲ့။

Oh Yoon Ah

နာမည်ကျော်မင်းသမီး Oh Yoon Ah ဟာလည်း မင်းသမီးတန်းဖြစ်ခဲ့တာမဟုတ်ပါဘူး။အသက် ၂ဝအရွယ်တုန်းက ကြော်ငြာမော်ဒယ်လ်အဖြစ်လုပ်ကိုင်ခဲ့တာပါ။အဲ့ဒီနောက်ပိုင်းမှာ အေဂျင်စီတွေကကမ်းလှမ်းခဲ့ပြီး ၂၀၀၄ခုနှစ်မှာမှသူမကိုမင်းသမီးအဖြစ်စင်တင်ရိုက်ကူးပေးခဲ့တာဖြစ်ပါတယ်။

Lee Yoo Young

၂၀၁၅ တုန်းက Blue Dragon Film ဆုပေးပွဲအခမ်းအနားမှာ Lee Yoo Young ဟာ သူမက လွန်ခဲ့တဲ့နှစ်များစွာက ဆံပင်ညှပ်ဆိုင်ကဝန်ထမ်းအဖြစ်လုပ်ကိုင်ခဲ့ဖူးပါတယ်။အထက်တန်းကျောင်းပြီးလို့ တက္ကသိုလ်တက်ရမယ့်အစား ဆံပင်ညှပ်ဆိုင်မှာအလုပ်ဝင်လုပ်ခဲ့တာပါ။သူမရဲ ့အိပ်မက်က မင်းသမီးဖြစ်ဖို့ပါတဲ့။Korea National တက္ကသိုလ်က အနုပညာမေဂျာမှာဝင်ခွင့်ရတဲ့အချိန်မှာတော့ သူမက အနုပညာလောကထဲကိုခြေစုံပစ်ဝင်ခဲ့တာဖြစ်တယ်လို့ပြောပြခဲ့ဖူးပါတယ်။

Lee Si Young

မင်းသမီးချောလေး Lee Si Young ဟာ သူမရဲ ့အိပ်မက်ဖြစ်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ဖို့အရေး လူရွေးပွဲတွေဝင်ပြိုင်ခဲ့ပေမဲ့ ကျရှုံးခဲ့ပါတယ်။နောက်ပိုင်းသူမဟာ အမျိုးသမီးသီးသန့်ချွေးထုတ်ခန်းလေးတစ်ခုကိုဦးဆောင်လုပ်ခဲ့ပြီးအဲ့ဒီကနေဝင်ငွေရခဲ့ပါတယ်။ဒါတင်မကဘူး။သူမဟာ လက်ဝှေ့ထိုးသမားတစ်ယောက်တောင်ဖြစ်ခဲ့သေးတယ်လို့သိရပါတယ်။

Jin Ki Joo

အနုပညာလောကထဲမှာနာမည်တစ်ခုရနေပြီဖြစ်တဲ့မင်းသမီး Jin Ki Joo ဟာလည်း မင်းသမီးမဖြစ်လာခင် Conglomerate ကုမ္ပဏီမှာဝင်လုပ်ခဲ့ပါသေးတယ်။အဲ့ဒီနောက်ဂျာနယ်သတင်းထောက်လုပ်ဖို့ကြိုးစားခဲ့ပေမဲ့ အဲ့ဒီဘက်မှာလည်း ကံမပါခဲ့ပါဘူး။နောက်ဆုံးမှာမှ စူပါမော်ဒယ်လ်ပြိုင်ပွဲမှာဝင်ပြိုင်ခဲ့ပြီးမင်းသမီးအဖြစ်စတင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

Pyo Ye Jin

What’s Wrong with Secretary Kim ဇာတ်ကားထဲမှာပါဝင်တဲ့သရုပ်ဆောင်မလေး Pyo Ye Jin ဟာ ၂၀၁၁ ခုနှစ်တုန်းက ကိုရီးယားလေကြောင်းလိုင်းမှာလေယာဉ်မယ်အဖြစ်လုပ်ကိုင်ခဲပဖူးပါတယ်။၂၀၁၆ခုနှစ်မှာမှ “Marriage Contract” ဇာတ်ကားနဲ့ အနုပညာလောကထဲကိုစတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

Han Ye Seul

Birth of a Beauty ဇာတ်ကားနဲ့ ပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့တဲ့ မင်းသမီး Han Ye Seul ဟာ ၂၀၀၁ ခုနှစ်တုန်းက စူပါမော်ဒယ်လ်ပြိုင်ပွဲမှာဝင်ပြိုင်ခဲ့ဖူးပြီး နောက်ပိုင်းမှာ သူမရဲ ့နာမည်အရင်း “Kim Ye Seul” နဲ့ ရုပ်သံဌာနမှာသတင်းထောက်အဖြစ်လုပ်ခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာမှ မင်းသမီးအဖြစ်စတင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

939 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.