”Game Of Thrones” သရုပ်ဆောင် Maisie Williams ကလည်း BTSရဲ့ ပရိတ်သတ်ပါပဲတဲ့..

Image result for arya stark

အမေရိကန်ရဲ့ နာမည်ကြီး တီဗီစီးရီးတစ်ခုဖြစ်တဲ့ ”Game Of Thrones”မှ Arya Stark အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Maisie Williams က BTS ကို သူမသဘောကျတယ်လို့ ပြောသွားပါတယ်။

ပြီးခဲ့တဲ့ ၂၉ရက်နေ့က BTS အဖွဲ့ဝင်တွေဖြစ်တဲ့ Jungkook , Jimin , J-Hope တို့ကို သဘောကျဆုံးပဲလို့ သူမရဲ့တွစ်တာပို့စ်မှာ တင်ထားတာတွေ့ရသတဲ့။ တစ်ချိန်တည်းမှာပဲ ” Yes,I stan BTS for life” လို့ ရေးထားပါတယ်။

Related image

HBO ရဲ့ ”Games Of Thrones” မှာ Maisie Williams က သူမ role အတွက် ဆုပိုင်ဆိုင်ခဲ့တာဖြစ်ပြီး ”Doctor Who” နဲ့ ” The Falling” ရုပ်ရှင်တွေမှာလည်း London Critics’ Circle ဆုကို ၂ဝ၁၆မှာ ရရှိခဲ့တာဖြစ်ပါတယ်။

Image result for arya stark

BTS ကလည်း သူတို့ရဲ့ “Love Yourself: Answer” အယ်ဘမ်နဲ့ စံချိန်ချိုးဖောက်နေပြီဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ BTS ကိုအားပေးတဲ့ နိုင်ငံကျော်အနုပညာရှင်တွေလည်း တဖြည်းဖြည်းနဲ့များလာပြီဆိုတော့ ဝမ်းသာစရာ သတင်းပါပဲ။

125 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.