ကုိယ့္ဘ၀အတြက္ လက္မလႊတ္သင့္တဲ႔ခ်စ္သူေကာင္းတစ္ေယာက္ဆုိတာ…💕

ခ်စ္သူရယ္လို႔ျဖစ္လာျပီဆုိရင္ တစ္ေယာက္နဲ႔တစ္ေယာက္ညိွႏိႈင္းရမယ္။တစ္ေယာက္ဆႏၵတစ္ေယာက္ျဖည့္ဆည္းေပးရမယ္။နားလည္မႈရွိရမယ္စသျဖင့္ႏွစ္ဦးႏွစ္ဖက္ သေဘာတူၾကည္ျဖဴစြာနဲ႔ဘ၀ကုိေလ်ွာက္လွမ္းဖုိ႔က အေရးၾကီးဆံုးပါ။ဒါေပမဲ႔ ကုိယ္မၾကိဳက္ဘူးေျပာထားတဲ႔ကိစၥကုိလုပ္လို႔၊ကုိယ့္စကားကုိနားမေထာင္လုိ႔စသျဖင့္ ခ်စ္သူေတြၾကားထဲမွာ ဒီျပႆနာက အျမဲတမ္းၾကံဳေတြ႔ရတတ္ပါတယ္။

တစ္ေယာက္ကုိတစ္ေယာက္ေျပာင္းလဲဖုိ႔ၾကိဳးစားေနတာက ထင္သေလာက္မလြယ္ပါဘူး။သူေျပာင္းလဲဖုိ႔ ကုိယ့္ဘက္ကတုိက္တြန္းမယ္။သူ႔အမွားေတြကုိျပင္ဖုိ႔ ထပ္ခါတလဲလဲ ေျပာေနမယ္။သူ႔ရဲ႔ မေကာင္းတဲ႔အက်င့္ဆုိးေတြကုိ ျပင္ဖုိ႔အျမဲတမ္းေျပာေနမယ္။မေျပာင္းလဲတဲ႔အက်င့္စရုိက္ေတြေၾကာင့္သင့္ဘက္က ဘယ္ေလာက္ထိခိုုက္ရတယ္။နာက်င္ရတယ္ဆုိတာေတြေျပာျပမယ္။ေနာက္ဆံုး ေျပာင္းလဲေပးဖုိ႔ေတာင္းဆုိမယ္။ေတာင္းပန္မယ္။သူ႔ဘက္ကမလိုက္ေလ်ာႏုိင္ရင္ လမ္းခြဲရံုပဲရွိေတာ့တယ္ဆုိတဲ႔အဆင့္ထိျဖစ္လာမယ္။ဒါေပမဲ႔ သင္ဘယ္ေလာက္ထိေတာင္းပန္ေတာင္းပန္၊ဘယ္ေလာက္ထိ
ေတာင္းဆုိေတာင္းဆုိ သူေျပာင္းလဲခ်င္တဲ႔စိတ္မရွိရင္ အလကားပါပဲ။သူလည္းစိတ္ညစ္မယ္။ကုိယ္လည္းစိတ္မခ်မ္းသာဘူးေပါ့။သူ႔ကုိေျပာင္းလဲဖုိ႔ၾကိဳးစားတယ္ဆုိတဲ႔ေနရာမွာလည္းအဲ႔ဒီေျပာငး္လဲမႈဟာ ႏွစ္ေယာက္လံုးရဲ႔ေရွ႔ေရးအတြက္၊ဒါမွမဟုတ္ သူေကာင္းဖုိ႔အတြက္ဆုိတာမ်ိဳးပဲျဖစ္သင့္ပါတယ္။ကုိယ့္ဖုိ႔တစ္ခုတည္းၾကည့္ျပီး ဇြတ္ေျပာငး္လဲခိုင္းေနရင္ေတာ့ အဆင္မေျပပါဘူး။တစ္ခ်ိဳ႔ကေျပာၾကမယ္။ကုိယ့္အက်င့္စရိုက္နဲ႔ကုိယ္ အစကတည္းက ဒီလိုပံုစံမ်ိဳးကုိမၾကိဳက္ရင္ လာမပတ္သက္နဲ႔။ျပီးမွ ေျပာင္းလဲဖုိ႔မၾကိဳးစားနဲ႔ ဘာညာေပါ့။တကယ္တမ္းက်ေတာ့ အဲ႔ဒါ အခ်စ္နဲ႔မေတြ႔ေသးလို႔ပါ။

ဒီေနရာမွာ တကယ္ခ်စ္ရင္ေျပာင္းလဲတယ္ဆုိတဲ႔စကားက အလကားမဟုတ္ပါဘူး။သင္ကသာ သူ႔အတြက္တစ္ဦးတည္းေသာျဖစ္ရင္ ၊သင္ကသာ သူ႔တစ္ဘ၀လံုးျဖစ္ရင္၊သင့္ကို သူ႔အသက္လိုခ်စ္ျမတ္ႏုိးရင္ သူက သင့္အတြက္ေျပာင္းလဲေပးပါလိမ့္မယ္။သင္လိုအပ္တဲ႔အရာအားလံုးသူျဖစ္ေပးပါလိမ့္မယ္။ဘာလုိ႔လဲဆုိေတာ့ သူေျပာင္းလဲေပးဖုိ႔ထုိက္တန္ရေလာက္ေအာင္ သင္က သူ႔အတြက္တန္ဖုိးမျဖတ္ႏုိင္လို႔ပါပဲ။တစ္ေယာက္နဲ႔တစ္ေယာက္ တကယ္ခ်စ္ၾကတဲ႔အခါသူ႔ေပ်ာ္ရႊင္မႈက ကုိယ့္ေပ်ာ္ရႊင္မႈျဖစ္ျပီး သူ႔၀မ္းနည္းမႈက ကိုယ့္၀မ္းနည္းမႈပါပဲ။တကယ္လို႔မ်ား သင့္မွာ သင့္စကားတစ္ခြန္းတည္းနဲ႔ေျပာင္းလဲေပးတဲ႔ခ်စ္သူတစ္ေယာက္ပုိင္ဆုိင္ထားတယ္ဆုိရင္ Congrat ပါ။သင္က တကယ္ကံေကာင္းတဲ႔မိန္းကေလးပါပဲ။

တကယ္ခ်စ္ရင္ အရွိအတုိင္းလက္ခံေပးရမွာပဲဆုိတဲ႔စကားကလည္းရွိေနပါေသးတယ္။တကယ္ေတာ့ရွင္းရွင္းေလးပါပဲ။အေကာင္းျဖစ္ျဖစ္၊အဆုိးျဖစ္ျဖစ္အရွိအတိုင္းလက္ခံေပးတာေတြ၊ေျပာင္းလဲေပးတာေတြက တစ္ေယာက္နဲ႔တစ္ေယာက္ တကယ္ခ်စ္ၾကတဲ႔အခါမွပါ။“တကယ္ခ်စ္ရင္ လက္ခံေပးနုိင္တယ္။ေျပာင္းလဲဖုိ႔မၾကိဳးစားဘူး။ညိွယူၾကတယ္”။”တကယ္ခ်စ္လို႔ ေျပာင္းလဲေပးၾကတယ္”။ကုိယ္ခ်စ္တဲ႔သူနဲ႔အလြယ္တကူလမ္းမခြဲႏုိင္လို႔ သာတယ္နာတယ္မတြက္ပဲ တစ္ေယာက္နဲ႔တစ္ေယာက္ညိွယူတယ္ဆုိတာ ဒီလုိမ်ိဳးပါ။အတင္းအၾကပ္မဟုတ္ပဲ ခ်စ္တဲ႔စိတ္တစ္ခုတည္းနဲ႔ပဲ  နားလည္ေပးၾက၊ေျပာင္းလဲဖုိ႔ၾကိဳးစားေပးၾကနဲ႔ Relationship ကုိ ခိုင္ျမဲေအာင္တည္ေဆာက္ၾကတာပါပဲ 💕

Unicode

ချစ်သူရယ်လို့ဖြစ်လာပြီဆိုရင် တစ်ယောက်နဲ့တစ်ယောက်ညှိနှိုင်းရမယ်။တစ်ယောက်ဆန္ဒတစ်ယောက်ဖြည့်ဆည်းပေးရမယ်။နားလည်မှုရှိရမယ်စသဖြင့်နှစ်ဦးနှစ်ဖက် သဘောတူကြည်ဖြူစွာနဲ့ဘဝကိုလျှောက်လှမ်းဖို့က အရေးကြီးဆုံးပါ။ဒါပေမဲ့ ကိုယ်မကြိုက်ဘူးပြောထားတဲ့ကိစ္စကိုလုပ်လို့၊ကိုယ့်စကားကိုနားမထောင်လို့စသဖြင့် ချစ်သူတွေကြားထဲမှာ ဒီပြဿနာက အမြဲတမ်းကြုံတွေ့ရတတ်ပါတယ်။

တစ်ယောက်ကိုတစ်ယောက်ပြောင်းလဲဖို့ကြိုးစားနေတာက ထင်သလောက်မလွယ်ပါဘူး။သူပြောင်းလဲဖို့ ကိုယ့်ဘက်ကတိုက်တွန်းမယ်။သူ့အမှားတွေကိုပြင်ဖို့ ထပ်ခါတလဲလဲ ပြောနေမယ်။သူ့ရဲ့ မကောင်းတဲ့အကျင့်ဆိုးတွေကို ပြင်ဖို့အမြဲတမ်းပြောနေမယ်။မပြောင်းလဲတဲ့အကျင့်စရိုက်တွေကြောင့်သင့်ဘက်က ဘယ်လောက်ထိခိုုက်ရတယ်။နာကျင်ရတယ်ဆိုတာတွေပြောပြမယ်။နောက်ဆုံး ပြောင်းလဲပေးဖို့တောင်းဆိုမယ်။တောင်းပန်မယ်။သူ့ဘက်ကမလိုက်လျောနိုင်ရင် လမ်းခွဲရုံပဲရှိတော့တယ်ဆိုတဲ့အဆင့်ထိဖြစ်လာမယ်။ဒါပေမဲ့ သင်ဘယ်လောက်ထိတောင်းပန်တောင်းပန်၊ဘယ်လောက်ထိ
တောင်းဆိုတောင်းဆို သူပြောင်းလဲချင်တဲ့စိတ်မရှိရင် အလကားပါပဲ။သူလည်းစိတ်ညစ်မယ်။ကိုယ်လည်းစိတ်မချမ်းသာဘူးပေါ့။တစ်ချို့ကပြောကြမယ်။ကိုယ့်အကျင့်စရိုက်နဲ့ကိုယ် အစကတည်းက ဒီလိုပုံစံမျိုးကိုမကြိုက်ရင် လာမပတ်သက်နဲ့။ပြီးမှ ပြောင်းလဲဖို့မကြိုးစားနဲ့ ဘာညာပေါ့။တကယ်တမ်းကျတော့ အဲ့ဒါ အချစ်နဲ့မတွေ့သေးလို့ပါ။

ဒီနေရာမှာ တကယ်ချစ်ရင်ပြောင်းလဲတယ်ဆိုတဲ့စကားက အလကားမဟုတ်ပါဘူး။သင်ကသာ သူ့အတွက်တစ်ဦးတည်းသောဖြစ်ရင် ၊သင်ကသာ သူ့တစ်ဘဝလုံးဖြစ်ရင်၊သင့်ကို သူ့အသက်လိုချစ်မြတ်နိုးရင် သူက သင့်အတွက်ပြောင်းလဲပေးပါလိမ့်မယ်။သင်လိုအပ်တဲ့အရာအားလုံးသူဖြစ်ပေးပါလိမ့်မယ်။ဘာလို့လဲဆိုတော့ သူပြောင်းလဲပေးဖို့ထိုက်တန်ရလောက်အောင် သင်က သူ့အတွက်တန်ဖိုးမဖြတ်နိုင်လို့ပါပဲ။တစ်ယောက်နဲ့တစ်ယောက် တကယ်ချစ်ကြတဲ့အခါသူ့ပျော်ရွှင်မှုက ကိုယ့်ပျော်ရွှင်မှုဖြစ်ပြီး သူ့ဝမ်းနည်းမှု ကိုယ့်ဝမ်းနည်းမှုပါပဲ။တကယ်လို့များ သင့်မှာ သင့်စကားတစ်ခွန်းတည်းနဲ့ပြောင်းလဲပေးတဲ့ချစ်သူတစ်ယောက်ပိုင်ဆိုင်ထားတယ်ဆိုရင်Congrat ပါ။သင်က တကယ်ကံကောင်းတဲ့မိန်းကလေးပါပဲ။

တကယ်ချစ်ရင် အရှိအတိုင်းလက်ခံပေးရမှာပဲဆိုတဲ့စကားကလည်းရှိနေပါသေးတယ်။တကယ်တော့ရှင်းရှင်းလေးပါပဲ။အကောင်းဖြစ်ဖြစ်၊အဆိုးဖြစ်ဖြစ်အရှိအတိုင်းလက်ခံပေးတာတွေ၊ပြောင်းလဲပေးတာတွေက တစ်ယောက်နဲ့တစ်ယောက် တကယ်ချစ်ကြတဲ့အခါမှပါ။”တကယ်ချစ်ရင် လက်ခံပေးနိုင်တယ်။ပြောင်းလဲဖို့မကြိုးစားဘူး။ညှိယူကြတယ်”။”တကယ်ချစ်လို့ ပြောင်းလဲပေးကြတယ်”။ကိုယ်ချစ်တဲ့သူနဲ့အလွယ်တကူလမ်းမခွဲနိုင်လို့ သာတယ်နာတယ်မတွက်ပဲ တစ်ယောက်နဲ့တစ်ယောက်ညှိယူတယ်ဆိုတာ ဒီလိုမျိုးပါ။အတင်းအကြပ်မဟုတ်ပဲ ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ပဲ  နားလည်ပေးကြ၊ပြောင်းလဲဖို့ကြိုးစားပေးကြနဲ့ Relationship ကို ခိုင်မြဲအောင်တည်ဆောက်ကြတာပါပဲ 💕

872 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.