ကြိုက်နှစ်သက်ရာ အိတ်လေး တစ်အိတ်ရွေးချယ်ပြီး ကိုယ့်အကြောင်းကို စမ်းသပ်ကြမယ်

အပျော်သဘောလေးနဲ့ စမ်းသပ်ကြတာပေါ့။ ရလဒ်တွေက သင့်အတွက် သဘောကျစရာဆိုရင် သူငယ်ချင်းတွေနဲ့ အတူတူနောက်ထပ် Choiceတွေမှာ ပါဝင်ဖို့ဖိတ်ခေါ်ပါတယ်နော်။ အောက်မှာပြထားတဲ့ အိတ်တွေထဲက ကိုယ်ကြိုက်နှစ်သက်တဲ့ အိတ်ကိုရွေးပြီိး အဖြေလေးတွေကြည့်လိုက်ရုံပါပဲ။

ဒီအိတ်လေးကို မင်းရွေးထားတယ်ဆိုရင်တော့ မင်းဟာ ပြဿနာတွေနဲ့ ဝေးရာမှာနေလိုပြီး ရိုးရှင်းတဲ့ဘဝတစ်ခုကိုပဲ မင်းဖြတ်သန်းချင်တာပါ။ ခရီးတစ်ခုသွားပြီဆိုလည်း လောပြီးသွားရတာမျိုးထက် ၊
စိတ်တူကိုယ်တူ သူငယ်ချင်းတွေစုပြီး အေးဆေးသွားရတာမျိုးကို ပိုသဘောကျပါတယ်။ ဘယ်တော့မှ စိတ်ဖိစီးမခံ ၊ ဒါပေမယ့် ပေါ့ပျက်ပျက်နေတတ်တဲ့ လူမျိုးမဟုတ်ပါဘူး။ ကိုယ့်ကိုကိုယ်ပျော်အောင် ထားတတ်တဲ့လူမျိုးဖြစ်ပါတယ်။

2.

တစ်ခါတစ်လေ တကယ်မင်းလိုချင်တဲ့အရာတွေနဲ့ လွဲချော်နေပြီး မပျော်တဲ့နေရာတစ်ခုမှာ အခြေချ
နေရတတ်ပါတယ်။ ရည်မှန်းချက်ရှိသူတွေရဲ့ သာမန်အတွေးတစ်ခုပါပဲ။ ဒါပေမယ့် ကိုယ့်ကိုကိုယ်လည်း တစ်ခါနှိပ်စက်နေတတ်တယ်။ အရှိကို ရှိတိုင်းလက်ခံပြီး ကိုယ့်အနာဂတ်ကို အိတ်ကလေးလိုပဲ
အတောက်ပဆုံးဖြစ်အောင် အရောင်သွေးစုံ ခြယ်သပေးနိုင်ဖို့လိုပါတယ်။

3. 

အမြင့်ကို တက်လှမ်းချင်သူတစ်ယောက်ပါ။ လိုချင်တဲ့ဘဝတစ်ခုအတွက် အချိန်ရှိတိုင်း တစ်စိုက်မတ်မတ်ကြိုးစားနေသူတစ်ယောက်ဖြစ်ပါတယ်။ ကိုယ့်အတွက် ကိုယ်ပဲတွေးနေမိလို့ တစ်ခါတစ်လေ ချစ်တဲ့သူတွေကို အချိန်မပေးမိ ၊ ဂရုမစိုက်နိုင်သလိုတွေဖြစ်သွားတတ်တာမို့ အပေါင်းသင်းဝင်ဆံ့မှုဘက်မှာလည်း မျှတစွာ အချိန်ပေးနိုင်ဖို့ အားနည်းနေတတ်တယ်။ ကံကောင်းတာတစ်ခုက ကျရှုံးသည်ဖြစ်စေ ၊ အောင်မြင်သည်ဖြစ်စေ မင်းကိုသေချာပေါက်အားပေးနေမယ့် လူတွေကရှိကိုရှိပါတယ်။

4.

အပေါင်းသင်း ၊ အဖွဲ့စည်းတွေနဲ့ လိုက်လျောညီထွေအောင် အနေတတ်ဆုံးလူပါ။ လူတစ်ယောက်အတွက် အကောင်းဘက်ကပဲ အမြဲကြည့်တတ်သူပါ။ ဒါဟာ လူတွေသင့်ကို ချစ်ခင်ရတဲ့ အချက်ကောင်းလေးတစ်ခုပါပဲ။ သူများထက် ပိုပြီးနေရာရလွယ်ပြီး ကိုယ်တိုင်ကလည်း ဖြစ်ချင်စိတ်ရှိရင် အချိန်တိုတွင်း အောင်မြင်နိုင်သူတစ်ယောက်ပါ။ မကြာခဏ ချီးမွမ်းခံရတတ်ပါတယ်။ ဆက်ကြိုးစားထားပါ။

ကဲ.. ဘယ်အချက်လေးတွေ စာဖတ်သူတို့နဲ့ တူနေတာရှိလဲ.. ရှိနေရင် သူငယ်ချင်းတွေကိုလည်း လက်တို့မျှေ​ဝပေးလိုက်ပါဦီး…

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.